Saturday, October 18, 2008

အချစ်ဆိုသည်မှာ ....




အဖွင့်
။ ။
ဒီပိုစ့် လေးကိုရေးရတာ လည်း ... ကျွန်တော့် ကို တော်တော်များများ
TAG တဲ့ ညီမလေး မီးငယ်ကြောင့်ပါပဲ .... ။ ဒီပိုစ့်လေးကို TAG တော့
ကျွန်တော် နည်းနည်းပျော်မိတယ် .. ။ ရေးရမှာ မခက်လောက်ဘူး
ဆိုပြီးတော့ပေါ့ ... ။ ပြီးတော့ ကိုယ်ကလည်း ဒါမျိုးလေးတွေပဲ
ရေးချင်တာကို .. ။ ဒါပေမဲ့ ရေးဖို့ သေချာ စဉ်းစား
ပြီးတဲ့ အချိန်မှာ နည်းနည်းတော့ စိုးရိမ်မိတယ် .. ။
ကျွန်တော်ရေးတာတွေ မှားယွင်းနေမှာ စိုးလို့ပါ ... ။ ဘာလို့
လဲ ဆိုတော့ အချစ်ဆိုတာ တန်ဖိုးအရမ်းကြီးမားလို့ပါ ... ။
ဒါပေမဲ့ဗျာ အခု ကျွန်တော်ရေးလိုက်ပါပြီ ... ။
တစ်စုံတရာ လဲချော်မှု ရှိခဲ့လျှင်သော်လည်းကောင်း ၊
မတိုက်ဆိုင်မှု ရှိခဲ့ လျှင်သော် လည်းကောင်း နားလည်
ပေးစေချင်ပါတယ် ... ။ လွတ်လပ်စွာလည်း ဝေဖန်နိုင်ပါတယ်ခင်ဗျား ... ။
ကျွန်တော် ကြိုဆိုပါတယ် .... ။


အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ ။ ( စိုင်းထီးဆိုင် )

ဒီစာသားလေးက အမှန်တော့ သီချင်းလေးတစ်ပုဒ်ဆိုတာ တော်တော်များများ သိကြမှာပါ ။ ကျွန်တော်သိပ်ကြိုက်တဲ့ အဆိုတော်တွေထဲက တစ်ဦးဖြစ်တဲ့ ကွယ်လွန်သွားပြီဖြစ်သော စိုင်းထီးဆိုင် က ဆိုသွားတာပါ ..။ တစ်ကယ်တော့ အချစ်ဆိုတာ သူပြောသလို တစ်ကယ့်ကိုလျှို့ဝှက် ချက် တစ်ခုပါပဲ ... ။ အဲဒီလျှို့ဝှက်ချက်ကို မှန်ကန်အောင် ဖော်ထုတ်နိုင်စွမ်းလည်း ယနေ့အထိ မရှိသေးပါဘူး။
ကျွန်တော်ကတော့အဲဒီစာသား အဖွင့်လေးကို ကြိုက်ပါတယ် ... ။ယေဘူယျ အားဖြင့်လည်း မှန်ကန်တယ် ထင်ပါတယ် ... ။





အချစ်ဆိုတာ ၀ိဥာဉ်ရဲ့ အလှတရားပါ ။ ( စိန့်သြဂတ်စတင်း )

ဒါကတော့ အချစ်ကို ဖွင့်ဆိုချက်တစ်ခုပါပဲ ... ။ သူဆိုထားတာလေးကလည်း လှပါတယ် ။ တစ်ခုတော့ ရှိတာပေါ့ဗျာ .. ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ၀ိဥာဉ် လို့ သတ်မှတ်သုံးစွဲတာ မရှိသလို ၀ိဥာဉ် ဆိုတဲ့ အယူဝါဒလည်း မရှိပါဘူး .. ။ ထားပါတော့ .. ။ သူ့အယူ အဆ အတိုင်းနားလည်ပေးလိုက်ရအောင် ....။ ကျွန်တော်ကတော့ ၀ိဥာဉ် ဆိုတဲ့ အသုံးအနှုံးလေးကို စိတ်လို့ ပြောင်းလဲ သုံးချင်ပါတယ် ... ။အဲဒီတော့ အချစ်ဆိုတာ စိတ်ရဲ့ အလှတရားပါ ... ပေါ့ ။ မှန်ကန်တယ်လို့ထင်ရတာပါပဲ ... ။ အချစ်ဆိုတဲ့ အရာ ဖြစ်ပေါ်လာပြီဆိုရင် မိမိရဲ့ စိတ်မှာ အများကြီးပြောင်းလဲသွားမှုတွေလည်း ရှိပါတယ် ... ။ အချစ်ရှိရင် စိတ်မှာပျော်တယ် .. ၀မ်းသာတယ် ... ကြည်နှုးတယ် ... ပီတီဖြစ်တယ် .... အချစ်မရှိတဲ့အချိန်မှာဆို ၀မ်းနည်းတယ် ... ပူဆွေးတယ် .. အစ ရှိသည်ဖြင့်ပေါ့ ...။ ပြောင်းပြန်ဖြစ်တက်တာလဲ ရှိပါတယ် .. ။ အဲဒီတော့ အချစ်ဆိုတာစိတ်ကို ဖော်ကျူးနိုင်တယ်လို့ ထင်ပါတယ် ... ။ အဲဒါကို စာရေးဆရာက လှပစွာ ၀ိဥာဉ်ရဲ့ အလှတရား .. စိတ်ရဲ့ အလှတရား ဆိုပြီး ဖွဲ့ ထားတယ်လို့ ထင်ပါတယ် ... ။



အချစ်ဆိုတာ လှပတဲ့ အိပ်မက်တစ်ခုပါ ။ ( ၀ီလျံရှပ် )

ဒါကလည်း မှန်တယ်လို့ ထင်ရတာပါပဲ .. ။ အချစ်ဆိုတာ ရူးသွပ်စွာ တက်မက်စေတဲ့ အတွက် အိပ်မက်ရှည် တစ်ခုကို မက်နေရ သလိုပါပဲ .. ။ ဘယ်အချိန်မှာ လန့်နိုးမယ် ဆိုတာ မသိနိုင်သလို .... နိုးသွားပြီးတဲ့ အချိန်မှာ ဘာအကျိုးဆက်တွေ ဖြစ်လာမယ် ဆိုတာလည်းဘယ်သူမှ မသိနိုင်ပါဘူး ...။ ဒါပေမဲ့ အဲဒီ အိပ်မက်ကို မက်ခွင့်ရနေတဲ့ အချိန်မှာတော့ ပျော်ရွှင်ကြည်နူးနေကြတာ အမှန်ပါပဲ ... ။ ပျော်ရွှင်ကြည်နူး
နေကြတယ် ဆိုတည်းက အိပ်မက်က အိပ်မက်ဆိုး မဖြစ်နိုင်ပါဘူး ... ။ အိပ်မက်ဆိုး သာဆိုရင် ဘယ်ကြည်နူးပါ့မလဲ ...။ ထိတ်လန့်ကြောက်ရွံ့နေကြရမှာပေါ့ ... ။ အဲဒီတော့ အဲဒီ အိပ်မက်ဟာ အိပ်မက်ကောင်း တစ်ခု ... တစ်နည်း အားဖြင့် လှပသော အိပ်မက်လေးတစ်ခုပေါ့ဗျာ .. ။




အချစ်ဆိုတာ ခံစားမှု များထက် ဆန်းကြယ်သောအရာ ။ ( အချစ်ဆိုသည်မှာ သီချင်းမှ )

အပေါ်မှာ ပြောခဲ့သလိုပါပဲ ... အချစ်ဆိုတာ စိတ်ခံစားမှု ... စိတ်ကိုဖော်ကျူးနိုင်တဲ့ အရာ ဆိုပေမဲ့ စိတ်ခံစားမှုတွေ အားလုံးထက်ဆန်းကြယ် နက်ရှိုင်းတဲ့ အရာ တစ်ခုပါ ... ။ ပူတာ .. အေးတာ .. ချိုတာ .. ချဉ်တာ .. အစ ရှိသဖြင့် ပေါ့ .. အရာ တိုင်းမှာ စိတ်ခံစားမှု ဆိုတာသိသိကြီးနဲ့ ဖြစ်ဖြစ် ... မသိမသာ ဖြစ်စေ ... ဖြစ်ပေါ်နေတာ အမှန်ပါ ... ။ အဲဒီ ထဲကမှ အချစ်ဆိုတဲ့ စိတ်ခံစားမှု ဆိုတာ အရမ်းကို ဆန်းကြယ်ပါတယ် ... ။ ဘာလို့လဲ ဆိုရင် တစ်ခြား တစ်ခြားသော စိတ်ခံစားမှုတွေကို ပါးစပ်က ဖွင့်ထုတ် ပြောကြားနိုင်ပေမဲ့ အချစ်ဆိုတဲ့ ခံစားမှု ကိုတော့ ဖော်ထုတ်ပြောကြားနိုင်စွမ်း မရှိလို့ပါ ....။ ဖော်ထုတ်ပြောကြား ကြမယ် ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာ မဟုတ်ပါဘူး ... ။အဲဒီတော့ ဆန်းကြယ် နက်ရိုင်းလွန်းတဲ့ ခံစားမှု ဆိုရင် မှားနိုင်မယ် မထင်ပါဘူး ... ။




အချစ်ဆိုတာ နှလုံးသားမှ ယိုစိမ့်ထွက်လာသော ခံစားမှု ဖြစ်ပြီး အိမ်ထောင်ရေး ဆိုတာ ဦးနှောက်နဲ့ နှလုံးသား လက်တွဲ ဆုံးဖြတ်ခြင်းပါ ... ။ ( ဖြိုးငယ် )

ဒီနေ့ ခေတ် လူငယ်တော်တော်များများဟာ .. အချစ်နဲ့ အိမ်ထောင်ရေးကို ပိုင်ခြား ဆုံးဖြတ်ထားမှု နည်းပါးကြပါတယ် ...။ တစ်ခါတစ်လေ ချစ်လျှက်နဲ့ အိမ်ထောင်ပြု ဖို့ မဖြစ်နိုင်လို့ ဆိုပြီး မိမိ စိတ်ကို မိမိ လိမ်ညာ ... နှလုံးသား ကို မြေမြုပ် အရာအားလုံးကို ဟန်လုပ် ပြုံးကြတာမျိုးလဲ ရှိပါတယ် ...။ ဘယ်လောက် ကြီးမားတဲ့ ဆုံးရူံးမှု မျိုးလဲ ... ။ ခေါင်းစဉ်တောင် မတပ်တက်တော့ပါဘူး ... ။ အိမ်ထောင်ပြုဖို့ မဖြစ်နိုင်တာနဲ့ မချစ်ရတော့ဘူးလား ....။ အချစ်ဆိုတာ ထိန်းချုပ်လို့ မရနိုင်ပါဘူး ....။ အိမ်ထောင်ဆိုတာ ကံပေါ်မှာလည်း မူတည်ပါတယ် ။ကံဆိုတာ လက်ရှိကံ ရှေးဘ၀ က ပြုခဲ့ဖူးတဲ့ ကံ ဆိုပြီး ရှိတယ်လေ ... အဲဒီကံကြမ္မာ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ... ။ မိုးပြိုမှာ ကို ကြောက်လို့ စပါးမစိုက်တော့ ဘူးဆိုရင် ငတ်ရုံပဲပေါ့ .. ။ ဖြစ်မယ် .. မဖြစ်ဘူး မသိတဲ့ အရာကို တွေးပြီး ပူပန်နေခြင်းဟာ မိမိ အတွက် ဆုံးရူံးမှု ၅၀% ရှိနိုင်ပါတယ် .. ။ အဲဒီတော့ နှလုံးသားက ယိုစိတ်ထွက် လာတဲ့ ခံစားမှု အတွက် ဦးနှောက်ကို အလုပ်မပေးသင့် သေးပါဘူးဗျာ ... ။





အချစ်ဆိုတာ အကြောင်းပြချက် မရှိသော မေတ္တာတရားပါ ။ ( ဖြိုးငယ် )

အကြောင်းပြချက် တစ်ခုနဲ့ ချစ်တဲ့ အချစ်ဟာ ... ခိုင်ခံ့ တည်မြဲမှု မရှိနိုင်ပါဘူး ... ။ ဥပမာ သူက လှလို့ ချစ်တာ ... သူ့မှာ ဘယ်လို အရာလေးကြောင့် ချစ်တယ် ဆိုတာမျိုးပေါ့ ... ကျွန်တော်ကတော့ အဲဒါကို အချစ်လို့ မသတ်မှတ်ချင်ပါဘူး ....။ အဲဒါ သာယာမှု လို့ ပဲ သတ်မှတ်ချင်ပါတယ် .. ။ အရည် အချင်း တစ်ခုကြောင့် ... အကြောင်းပြချက်တစ်ခုကြောင့် ချစ်မိတယ် ဆိုရင် ... အဲဒီ အရာလေးတွေ ကိုယ် ချစ်တဲ့ သူဆီ
မှာ မရှိတော့တဲ့ အချိန်မှာ အဲဒီ ချစ်တယ် ဆိုတဲ့ အရာကလည်း ပျောက်ကွယ် သွားတက်ပါတယ် ... ။ အဲဒီတော့ ဘာလို့ ချစ်လဲ ကျွန်တော့်ကို လာမေးရင်တော့ အဖြေက ရှင်းပါတယ် ... ကျွန်တော် ချစ်လို့ ... ချစ်တာပါ ... ။





အချစ်ဆိုတာ ကျွန်တော် ယနေ့တိုင် ပေါ်လွင်အောင် အဓိပ္ပါယ် မဖော်စွမ်းနိုင်တဲ့ အရာပါ ။ ( ဖြိုးငယ် )

အချစ်ဆိုတာကို ကမ္ဘာကျော် နာမည်ကြီး စာရေးဆရာကြီးများ ကိုယ်တိုင်က အဓိပ္ပါယ် မဖော်နိုင်ပါဘူး လို့ ၀န်ခံသွားတယ်လေ .. ။အဲဒီတော့ ကျွန်တော်လို ဥမမယ် စာမမြောက် အညတရ ကောင်လေး တစ်ယောက်ကရော ... ??? ... ။ မစွမ်းဝံ့ပါဘူး .... ။ အချစ်ဆိုတာ အရမ်းကိုနက်ရှိုင်း ကျယ်ပြန့်လွန်းပါတယ် .. ။ ကျွန်တော် အရမ်း စိုးရိမ် မိတယ် .. ။ ကျွန်တော် ဆိုတဲ့ ကောင်က အချစ်ရဲ့ အနက်အဓိပ္ပါယ်ကို ဖော်ကျူးလိုက်လို့ အချစ်ရဲ့ နက်ရိုင်းမှု ကို မဖော်မလွင် ဖြစ်သွားမှာ ... အရသာ ပျက်သွားမှာ ... တန်ဖိုးလျှော့ သွားမှာ ... အချစ်ရဲ့ ကြီးမား ပြောင်မြောက်မှုကို စော်ကားသလို ဖြစ်သွားမှာ အရမ်းကို စိုးရိမ်ပါတယ် ...။ အဲဒီတော့ အမှန်အတိုင်းပဲ ၀န်ခံပါရစေ ... ။ အချစ်ဆိုတာ ဖြိုးငယ်ဆိုတဲ့ ကောင်
ဒီနေ့ အထိ အဓိပ္ပါယ် မဖော်နိုင်တဲ့အရာပါ ... ။


ကျေးဇူးတင်စကား ။ ။ ဒီပိုစ့်လေးကို ရေးဖြစ်အောင် TAG ပေးတဲ့ ညီမလေး မီးငယ်ကို နဲ့ အချိန်ကုန်ခံ ဖတ် ပေးကြတဲ့ သူငယ်ချင်း အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ .. ။

15 comments:

စန္ဒီမိုးမြင့် on October 18, 2008 at 4:56 AM said...

အစ်ကို
အခြစ်ဆိုတာ ကို ရူးကြောင်ကြောင်းလုပ်ရက်တွေနဲ့ ချစ်ပြီးအလို လုပ်ရပ်မျိုးလုပ်မိသွားခဲ့ရင်
အချစ်ဆိုတာ ................

ပန်းခရေ on October 18, 2008 at 5:02 AM said...

အချစ်ဆိုတာကို ခုချိန်ထိ အမျိုးမျိုး ဖွင့်ဆိုနေကြပေမယ့် ဘယ်သူမှ အတိအကျမသိနိုင်ကြဘူး ..ူသူငယ်ချင်းရာ နင်ဖွင့်ဆိုထားတာလည်းကောင်းသဟ နင်ေးရးတာလေး သဘောကျတယ် ပျော်ရွှင်ပါစေ

လွမ်းသုရင် on October 18, 2008 at 5:12 AM said...

မောင်လေးရေးထားတာ အားလုံးမှန်နေတာတွေပဲဆိုတော့ အစ်မတောင် ဒီ TAG ကိုဘယ်လိုရေးရမှန်းမသိတော့ဘူး။ တကယ်တော့ အချစ်ဆိုတာ ဘာရယ်လို့တိတိကျကျဖွဲ့ဆိုဖို့ မဖြစ်နိုင်သေးတဲ့ အရာတစ်ခုဆိုလည်း ဟုတ်နေသေးတာပဲ။

mgngal on October 18, 2008 at 5:53 AM said...

အစ်ကိုရဲ့  အချစ် ဖွင့်ဆိုချက်တွေ ရှင်းလင်းချက်တွေကလည်း အလန်းပဲ ။ အများကြီးပဲ ဆိုတော့ သိတော့ဘူး ။ဖွင့်ဆိုလိုက်ကြတာ နဲတာမဟုတ်ဘူး ။ အမျိုးမျိုးပဲ ။ ကျနော်ကတော့ အချစ်က အချစ် ပဲ ။ :D
ဒီထက် ဘာမှမပိုဘူး ။

ခေါင်ခေါင် on October 18, 2008 at 6:40 AM said...

ကမ္ဘာဦးကတည်းက အချစ်အကြောင်းအမျိုး မျိုး ဖွဲ့ နွဲ့လာကြတာ..အခုအချိန်ထိ အမျိုး မျိုးဆန်းသစ်နေတုန်းပဲ.....

ခေါင်ခေါင်က တော့ အချစ်ဆိုတာကို အချစ်လို့ပဲ နားလည်ထားလိုက်ပါတယ်...

Unknown on October 18, 2008 at 7:44 AM said...

အရေးသားတွေကကောင်းလွန်းလို့..
ကောင်းတယ်လို့ပဲပြောတယ်မယ်နော်..
အရမ်းကောင်းတယ်..

Apprenticeship on October 18, 2008 at 7:49 AM said...

အချစ်ဖွင့်ဆိုချက်တော့ နဲနဲထူးနေသလိုပဲ.. မှတ်သားသွားပါတယ်

မီးငယ် on October 18, 2008 at 9:05 AM said...

အစ်ကိုရေ...ရေးပေးတာကျေးဇူးပါနော်...
အချစ်ဆိုတာ ညီမလေးအတွက်တော့ ပူလောင်တယ်အစ်ကိုရယ်... :(

မသက်ဇင် on October 18, 2008 at 7:14 PM said...

"အချစ်ဆိုသည်မှာ ...."
ကို---လာဖတ်ပါတယ်ဖြိုးငယ်ရေ----
ဘလောဂ့်တိုင်းမှာ အချစ်တွေနဲ့ ပြည့်နေတာပဲနော်---

မေးခွန်းတခုမေးချင်တယ်---
ယောင်္ကျားလေးတယောက်က---မိန်းကလေး
တယောက်ကို ဘယ်ကနေ--စ--ချစ်တာလဲ---

မိန်းကလေး တယောက်ကရော--- ယောင်္ကျားလေး တယောက် ကို ဘယ်ကနေ--စ ချစ်တာလဲ--
ခင်မင်လျက်

Moe Myint Tane on October 19, 2008 at 6:47 AM said...

အချစ်ရဲ့ အကြောင်းကို ပြောပြထားတာ တော်တော်ကို ပြည့်ပြည့် စုံစုံ ရှိပါတယ်။ လူတိုင်းဟာ အချစ်နဲ့မကင်းနိုင်ကြဘူး။ မကင်းနိုင်ကြတဲ့ လူတိုင်းဟာလည်း အချစ်ကို ခံစားကြတယ်။ အဓိပ္ပါယ်ဖွင့် ဆိုကြတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အချစ်ကတော့ ထာဝစဉ်ရှင်သန်နေမှာဘဲ။ ချစ်တတ်တဲ့ လူတွေ ရှိနေသမျှပေါ့။

အိုင်လွယ်ပန် on October 19, 2008 at 1:21 PM said...

အဓိပ္ပါယ်မဖော်နိုင်သေးတဲ့ကိုဖြိုးရေ
စိတ်ဝင်တစားခံစားသွားပါတယ်ဗျာ...

Anonymous said...

ကဖြိုးငယ် ရေးထားတာလေး သူများတွေနဲ့ မတူ တစ်မူထူးခြားနေပါ့ ကောင်းလိုက်တာ အချစ်နဲ့ ထိတွေ့ တော့ နုနုလေးတွေ ထွက်တာပေါ့နော့် အချစ်ကိုဖွင့်ဆိုထားတာလေးတွေ ကာလာပင့်နဲ့ ရေးထားတာလေးတွေကြိုက်တယ် အစ်ကို တက်စ်ပို့ စ်မဟူုတ်ပေမယ့်လည်း နောက်များများလေး ဒီပုံလေးတွေရေးပါအုံးဗျး) အားပေးလျှက်..။

WWKM on October 21, 2008 at 6:10 PM said...

ဖတ်သွားတယ်မောင်လေးဖြိုးငယ်။
သူများတွေနဲ့ မတူ ထူးထူးခြားခြားလေးရေးထားတာ
ဖတ်လို့ကောင်းပါတယ်။

Kaung Kin Ko on October 22, 2008 at 6:15 AM said...

အချစ်အကြောင်းကို ခံစားသွားတယ် ညီလေးရေ။

မင်းကျန်စစ်။ on October 26, 2008 at 4:26 AM said...

ဦးလေး အရမ်းနုနဲ့ဗျ။ တူလေး အဲလောက် ခံနိုင်ရည်ရှိဘူး :D

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template