Thursday, October 9, 2008

Never Delete .....


ကျွန်တော်တို့ လူသားဘ၀တွေဟာ တကယ်တော့ အရမ်းသနားစရာကောင်းပါတယ် ... ဟောဒီ ခန္ဓာကိုယ်ကြီးရဲ့အသေးငယ်ဆုံး ဖြစ်တဲ့ ဦးဏှောက် ဆိုတဲ့ အရာလေး တစ်ခု ပါလာတည်းက စပြီး ဒုက္ခတွေ့တော့တာပါပဲဗျာ .. တစ်နေ့တစ်နေ့ ရသ တစ်မျိုး ၊ သုတ တစ်မျိုး အိုး ... စုံလို့ပါပဲ .. အဲဒီ သေးသေးလေးထဲကို စုပြုံထိုးထည့် ရတော့တာပါပဲ ... တစ်ခါတစ်လေ စဉ်းစားကြည့်မိတယ် .... အဲဒီ ဦးဏှောက် ဆိုတာကြီးသာမပါလာခဲ့ဘူးဆိုရင် ... ဒုက္ခ တစ်ခုလောက်များ လျှော့သွားမလားလို့ ...အင်းလေ .. မဖြစ်နိုင်တာတွေ စဉ်းစား မနေတော့ပါဘူး ...
အားလုံးပဲ စဉ်းစားကြည့်ကြပါဦး ... ဦးနှောက် ဆိုတဲ့အရာလေးဟာ သာမန် မျက်စိနဲ့ ကြည့်ရင် အလွန်ကို သေးငယ်ပါတယ် ... အဲဒီ ဦးနှောက် သေးသေးလေးထဲ ကိုပဲ ... တစ်နေ့တစ်နေ့ မကုန်မခမ်းနိုင်တဲ့ ပညာတွေ .. ဗဟုသုတတွေ ... ကိုယ့် အကြိုက်တွေ စုပုံ ထည့်ထားရတာ သူလည်း ကြာတော့ ဘယ်ခံနိုင်ရည်ရှိမှာလဲ ... ကွန်ပြူတာ တစ်လုံးမှာတောင် ... Hard Disk ဆိုတဲ့ Memory တွေထားတဲ့ ပစ္စည်းလေးတစ်ခုပါတာပဲ ... အဲ ... တစ်ခုရှိတာက .. အဲဒီ Hard Disk လေးက သူလက်ခံနိုင်တဲ့ အတိုင်းအတာလေးတွေတော ရှိတာပေါ့ .... သူလက်ခံနိုင်တဲ့ အတိုင်း အတာလေးကို ကျော်သွားပြီ ဆိုတာနဲ့ ရှင်းလင်းရေး လုပ်ပေးရတယ်လေ .... မလိုချင်တော့တာ ... အရေးမကြီးတော့တာ ဖယ် ၊ ဖျက် ၊ လိုချင်တာကို ပြန်မှတ် ... တကယ်တော့ ဒါတွေကို အားလုံးက အသိပါ ... ဖြိုးငယ် လျှာရှည်နေတယ် ... ရေးမယ့်ဟာ ကို မရေးဘူးလို့ ပြောနေကြဦးမယ် ...အားလုံးမြင်သွားအောင် အလွယ်ကူဆုံး ဥပမာလေး ပြလိုက်တာပါ .... ကဲထားပါတော့ ...
ကျွန်တော့်ကို လူတစ်ယောက်က မင်းရင်ထဲမှာ ... မင်းစိတ်ထဲမှာ ... မင်းအသိဥာဏ်ထဲမှာ ... မင်းဦးနှောက်ထဲမှာ ရှိတဲ့ ပထမဆုံး အရာလေးပြောပြပါဆိုရင် ... ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါဘူး ... ကျွန်တော့်ရဲ့ Hard Disk ဦးနှောက်လေး ထဲမှာ ဘယ်တော့မှ Delete မပေးပဲ ထာဝရ သိမ်းထားသည့် အရာလေးက အန္တနော အနန္တ ငါးပါးပင် ဖြစ်ပေသည်။ ကျွန်တော့် ဦးနှောက် ဘယ်လောက်ပင် သေးပါစေ ... ဘုရား ၊ တရား ၊သံဃာ ၊ မိဘ ၊ ဆရာ ကိုတော့ ကျွန်တော့် ၀င်သက် ထွက်သက် ရှိနေသ၍ ... တစ်နည်းအားဖြင့် ကျွန်တော့်ပျက်သွားသော ရှေ့စိတ်နေရာတွင် နောက်စိတ် တစ်ခု အစားထိုးနေသ၍ ... အမြဲတမ်း ပထမ ဖြစ်နေမည် ဆိုတာမှာ မလွဲဧကန် အမှန်စင်စစ် ဖြစ်ပေတော့သည် ။ ။ ။

P.S >>> ဘာရယ်မဟုတ်ပါဘူး ... ဟိုကောင်မလေး ... မီးငယ်ပေါ့ .. Tag ထားတာ ကြာပြီ ... မအားတာနဲ့ 
နောက်ပြီး ဘာရေးရမှန်းမသိတာနဲ့ မရေးပဲ မသိချင်ယောင် ဆောင်ထားတာ ကြာပေါ့ .. အဲ .. မယ်မင်းကြီးမလေး က မမေ့ဘူးဗျာ .. ဟိုနေ့က လာအော်သွားလို့ အခု ရေးပေးလိုက်တာ ... ကျွန်တော့် ပထမဆုံးတွေဆိုတာ ကျွန်တော် ကိုယ်တိုင်တောင် မမှတ်မိတော့တာ အများကြီးရယ်ပါ ... အဲဒီတော့ ပြောပြနေလည်း မသိမဲ့အတူတူ ... အားလုံးသိလောက်တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးများကိုပဲ ပြောပြလိုက်တာပါ .. သည်းခံ နားလည်ပေးကြပါ ....မီးငယ်ရေ ... ရေးလိုက်ပြီဟေ့ .. ကျေနပ်တော့ ....



ဖြိုးငယ်


6 comments:

mgngal on October 9, 2008 at 9:03 AM said...

ကောင်းတယ်ဗျ။ ဒီလိုလေးရေးလိုက်တော့လည်း။
စိတ်ကူးကောင်းတယ်။ :)
ဘုရား ၊ တရား ၊သံဃာ ၊ မိဘ ၊ ဆရာ ကို အမြဲဦးထိပ်
ပန်ဆင်ထားတာ ကောင်းပါတယ်။ အားပေးလျက်။

မီးငယ် on October 9, 2008 at 9:17 AM said...

ပြောချင်တဲ့သဘောကတော့ ဘာမှမမှတ်မိဘူးလို့ဆိုချင်တာပေါ့လေ..ဟွန်း..နောက်ကျမှလည်းအကြွေးဆပ်တယ်..တနားလို့ထပ်မတပ်တာ..(ရတုန်းဟောက်ခြင်းဖြစ်ပါသည်။ နို့မိုဆိုအစ်ကိုတွေကချည်းဝိုင်းဝိုင်း ဟောက်ကျသောကြောင့်)

တင့်ထူးရွှေ on October 9, 2008 at 3:42 PM said...

ကျွန်တော် Hard Disk ကတော့ သန့်ရှင်းရေးမလုပ်တာ အတော်ကြာပေါ့၊ များများထည့်လို့မရဘူးဗျ error တွေတက်တက်လာလို့ :)

ဝေလေး on October 10, 2008 at 12:34 AM said...

အင်းး ... Hard Disk ကြီးသန့်ရှင်းရေး အလုပ်လွန်သွားအုံးမယ် .. ဟိဟိ

Anonymous said...

ဝိုးး...အစ်ကိုဖြိုးငယ်ရေးထားတာက သူများတွေနဲ့  လုံးဝမတူဘူး ရေလည်မိုက်တယ် ဟုတ်ပါ့ဗျာ အဲ့ဦးနှောက်ဆိုတာကြီးပါလို့  စဉ်းစားလိုက်ရတာ လူတောင် အရွယ်ကျနေပြီးးးး ဦးနှောက်မရှိရင်လည်း အရူးကြီးဖြစ်သွားမှာပေါ့နော့် အစ်ကိုး)

စန္ဒီမိုးမြင့် on October 18, 2008 at 1:55 AM said...

အစ်ကို
ဘုရားး တရာ သံဃာ ကို ဘယ်တော့မှ Delete မလုပ်မယ် အစ်ကိုတစ်ယောက်ရဲ့ စိတ်ဓါတ်ကိုတော့ လေးစားသွားပြီ
စကားစမဆက် ညီမတွေတော့ Deleteလုပ်လိုက်ရောလား အေးရော ကွာဆိုပြီး:P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template