ဒီည
မိုးမရွာဘူး....
ဒီည
ကဗျာသတင်းတွေက ပျင်းနေကြတယ်...
ဒီည
စာကြည့်ချင်စိတ်မရှိဘူး.....
ဒီည
ကဗျာတစ်ပုဒ်ရေးလိုက်ချင်တယ်....
ဒီည
ကမ္ဘာမြေကို ကြယ်တွေမခဘူး......
ဒီည
ဘာလုပ်ရမှန်းမသိဘူး.....
ဒီည
ကောင်မလေး တစ်ယောက်ကို စလို့ကောင်းတယ်....
ဒီည
အိပ်တာပဲကောင်းတယ်......
ဖြိုးငယ်
ဒီညဘာလုပ်ရမှန်းမသိတာနဲ့ စိတ်ထဲရှိရာတွေ သွန်ချလိုက်တာ..သည်းခံပြီးဖတ်ပေးကြပေါ့..ဘာရေးရမှန်းလည်းမသိတာနဲ့ ညီမလေး ရတနာစိုးရဲ့ ဒီနေ့ကို
သတိရပြီး ရေးလိုက်တာပါ..
ညီမလေးရေ..လိုက်တုတာတော့မဟုတ်ပါဘူး..စိတ်ကူးရသွားလို့ပါ....
Thursday, February 7, 2008
Wednesday, February 6, 2008
ကျွန်တော်နဲ့ကမ္ဘာတစ်ခြမ်းကချစ်သူ
ကမ္ဘာကိုတစ်ခြမ်း ခြမ်း
နေ့နဲ့ည ကိုထမ်းခိုင်းထားတယ်
မှောင်တစ်ခြမ်း လင်းတစ်ခြမ်း
ဟန်ဆောင်မှန်းသိရက်နဲ့
တစ်ဖက်ကမ္ဘာကချစ်သူကို
ရမ္မက်မပါပဲ လွမ်းတယ်....
အမှောင်ခြမ်းမှာရောက်နေပေမဲ့
ယောင်ယမ်းတမ်းတခြင်းတွေနဲ့
အလှမပါတဲ့ညမှာ
လကိုပဲသက်သေပြမိတယ်....
ကဗျာတွေ ဆိုတော့
ကြယ်စင်တွေငိုတယ်
ဟိုဘက်ကမ္ဘာဟာ
သူတို့အတွက် အသက်မပါဘူးတဲ့.....
ဒီလိုနဲ့
ဗျက်စောင်းမပါပဲ
နွဲ့နှောင်းတဲ့သီချင်းကိုဆိုမိတယ်
မျက်ရည်မရှိတဲ့ငါ
ဟာတာတာနဲ့ပဲ
ဟိုဘက်တစ်ခြမ်းကချစ်သူကိုလွမ်းမိတယ်....
ဖြိုးငယ်
နေ့နဲ့ည ကိုထမ်းခိုင်းထားတယ်
မှောင်တစ်ခြမ်း လင်းတစ်ခြမ်း
ဟန်ဆောင်မှန်းသိရက်နဲ့
တစ်ဖက်ကမ္ဘာကချစ်သူကို
ရမ္မက်မပါပဲ လွမ်းတယ်....
အမှောင်ခြမ်းမှာရောက်နေပေမဲ့
ယောင်ယမ်းတမ်းတခြင်းတွေနဲ့
အလှမပါတဲ့ညမှာ
လကိုပဲသက်သေပြမိတယ်....
ကဗျာတွေ ဆိုတော့
ကြယ်စင်တွေငိုတယ်
ဟိုဘက်ကမ္ဘာဟာ
သူတို့အတွက် အသက်မပါဘူးတဲ့.....
ဒီလိုနဲ့
ဗျက်စောင်းမပါပဲ
နွဲ့နှောင်းတဲ့သီချင်းကိုဆိုမိတယ်
မျက်ရည်မရှိတဲ့ငါ
ဟာတာတာနဲ့ပဲ
ဟိုဘက်တစ်ခြမ်းကချစ်သူကိုလွမ်းမိတယ်....
ဖြိုးငယ်
သီချင်းလေးတစ်ပုဒ်
ကိုကလိုစေးထူးရဲ့ ကျေးဇူးကြောင့် အခုကျွန်တော်ဒီသီချင်းလေးကိုတင်လိုက်တာပါ...အခုကျွန်တော့်ဘလော့
မှာတင်ထားတဲ့သီချင်းပါပဲ...အခုဟာကတော့တရုတ်သီချင်း..မူရင်းပေါ့ဗျာ...
နားတော့မလည်ဘူး..ကြည့်လို့တော့ကောင်းလို့ မျှဝေလိုက်တာပါ...
လောလောဆယ် ကဗျာလည်းမရေးနိုင်သေးတာနဲ့ တင်ပေးထားတာပါ.....
ကျောင်းကလည်းပြန်ဖွင့်ပြီဗျာ...စာနဲ့ဘလော့ လွန်ဆွဲဦးမှာပေါ့....
ကိုကလိုစေးထူးရေ..ကျေးဇူးအထူးတင်ပါတယ်ဗျာ...
မှာတင်ထားတဲ့သီချင်းပါပဲ...အခုဟာကတော့တရုတ်သီချင်း..မူရင်းပေါ့ဗျာ...
နားတော့မလည်ဘူး..ကြည့်လို့တော့ကောင်းလို့ မျှဝေလိုက်တာပါ...
လောလောဆယ် ကဗျာလည်းမရေးနိုင်သေးတာနဲ့ တင်ပေးထားတာပါ.....
ကျောင်းကလည်းပြန်ဖွင့်ပြီဗျာ...စာနဲ့ဘလော့ လွန်ဆွဲဦးမှာပေါ့....
ကိုကလိုစေးထူးရေ..ကျေးဇူးအထူးတင်ပါတယ်ဗျာ...
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်
အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …
အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …
ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …
ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ရင်ခတ်သံဟာ ခံစားချက်ရဲ့မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …
ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …
အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …
အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …
ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …
မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ ဓါတ်ပြုလိုက်ကြတယ် … …
မတွေ့ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …
( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )
Monday, February 4, 2008
စကားဝိုင်းလေးတစ်ခု
ို မနက်ကလင်းတော့မယ်...
လမင်းကတော့ခေါင်းမော့နေဆဲ
မာယာမဲ့စကားလုံးတွေကို
ဟာသတွေသုံးပြီး
တစ်ဝုန်းဝုန်းနဲ့ ဖောင်ဖွဲ့လိုက်တာ
အမှောင်ကနေ အလင်းထွက်တော့မှ
ငါတို့အိပ်တန်းတက်ကြတယ်....
ငါတို့စိတ်ဝင်စားကြတဲ့
ဘလော့ရဲ့ မျက်နှာပန်းတွေကို
လိုက်နမ်းနေမိတာ
တစ်ချက်သန်းဖို့တောင်မေ့နေရဲ့.....
လှမ်းနေတဲ့ ဘ၀ကြမ်းတွေကိုမေ့
ငါတို့တွေ့ကြတဲ့ အချိန်မှာ
စာပေသာ ရင်ထက်ပန်းပါ
ပွင့်လန်းလိုက်ကြတာ
ဒီကမ္ဘာမှာ ကဗျာတွေနဲ့မွှေးလို့.....
ဖြိုးငယ်
လမင်းကတော့ခေါင်းမော့နေဆဲ
မာယာမဲ့စကားလုံးတွေကို
ဟာသတွေသုံးပြီး
တစ်ဝုန်းဝုန်းနဲ့ ဖောင်ဖွဲ့လိုက်တာ
အမှောင်ကနေ အလင်းထွက်တော့မှ
ငါတို့အိပ်တန်းတက်ကြတယ်....
ငါတို့စိတ်ဝင်စားကြတဲ့
ဘလော့ရဲ့ မျက်နှာပန်းတွေကို
လိုက်နမ်းနေမိတာ
တစ်ချက်သန်းဖို့တောင်မေ့နေရဲ့.....
လှမ်းနေတဲ့ ဘ၀ကြမ်းတွေကိုမေ့
ငါတို့တွေ့ကြတဲ့ အချိန်မှာ
စာပေသာ ရင်ထက်ပန်းပါ
ပွင့်လန်းလိုက်ကြတာ
ဒီကမ္ဘာမှာ ကဗျာတွေနဲ့မွှေးလို့.....
ဖြိုးငယ်
ကြွေလွင့်ခဲ့သော ပြဇာတ်တစ်ပုဒ်ရဲ့နိဂုံး
ကဗျာတစ်ပုဒ် ရင်မှာထုလုပ်ဖို့
ငါစတေးထုတ်လိုက်ရတာက နှလုံးသားပါ.....
ဒဏ်ရာတွေထွေးပိုက်
ငါရေးလိုက်တဲ့ စာတွေက
အသဲကွဲကဗျာတွေပဲ.....
အတွေးတစ်သိုက်မှာ
ပြေးလိုက် ပျောက်လိုက်နဲ့
ဆေးတိုက်မဲ့လူမရှိတော့
ဝေဒနာက တစ်ဆစ်ဆစ်နဲ့ပေါ့....
အသစ်အသစ်ပြန်မဖြစ်တော့မဲ့
အတိတ်ရဲ့မှန်ရာတွေက
အဖန်တစ်ရာမက တိုက်ခိုက်နေပေါ့
ဘယ်တော့များမှကြေမှာလဲ
ကံကြမ္မာရဲ့ဝဋ်ကြွေးတွေရယ်.....
အချစ်တေးတွေ သီကုံးခဲ့စဉ်က
သူမုန်းမှာကို မသိခဲ့ဘူး
ဟစ်ကြွေးခဲ့တာက
ဒီတစ်သက်မဝေးဘူးတဲ့....
အခုတော့လဲ
ငါပေါက်ခဲ့တာက ဗလာမဲပါ
ဝေဒနာတွေဆဲမဲ့နေမှာ
အသည်းကိုဖာတေး
ကဗျာတွေပဲဆက်ရေးနေမယ်....
ဖြိုးငယ်
ငါစတေးထုတ်လိုက်ရတာက နှလုံးသားပါ.....
ဒဏ်ရာတွေထွေးပိုက်
ငါရေးလိုက်တဲ့ စာတွေက
အသဲကွဲကဗျာတွေပဲ.....
အတွေးတစ်သိုက်မှာ
ပြေးလိုက် ပျောက်လိုက်နဲ့
ဆေးတိုက်မဲ့လူမရှိတော့
ဝေဒနာက တစ်ဆစ်ဆစ်နဲ့ပေါ့....
အသစ်အသစ်ပြန်မဖြစ်တော့မဲ့
အတိတ်ရဲ့မှန်ရာတွေက
အဖန်တစ်ရာမက တိုက်ခိုက်နေပေါ့
ဘယ်တော့များမှကြေမှာလဲ
ကံကြမ္မာရဲ့ဝဋ်ကြွေးတွေရယ်.....
အချစ်တေးတွေ သီကုံးခဲ့စဉ်က
သူမုန်းမှာကို မသိခဲ့ဘူး
ဟစ်ကြွေးခဲ့တာက
ဒီတစ်သက်မဝေးဘူးတဲ့....
အခုတော့လဲ
ငါပေါက်ခဲ့တာက ဗလာမဲပါ
ဝေဒနာတွေဆဲမဲ့နေမှာ
အသည်းကိုဖာတေး
ကဗျာတွေပဲဆက်ရေးနေမယ်....
ဖြိုးငယ်
ဖြစ်ပါရစေသား
ို ညိမ်းညိုအေးချမ်း တောစခန်းမှာ
တင့်ထူးရွှွှွှေဝါ ပန်းမာလာတွေကို
အလွမ်းစေလိုက်သလား မြောက်ပြန်လေရယ်..
နတ်သျှင်နောင်ကို စာနာမိ
သူ့ရင်ကိုထိတဲ့ မျှားပြာတွေကိုချိုမြ
လွမ်းသုခဝေစွာနဲ့ ရွှေရောင်ကောင်းကင်မှာ
အနက်ရောင်အိမ်မက်တစ်ခုကို ရေးဆွဲခဲ့သူပါ....
မင်းကျန်စစ် ရဲ့ ဖြစ်အင်
ရင်မှာမချိမတင်နဲ့မို့ ဖြစ်လေရာဘ၀မှာ
အကြင်နာနန်းတော်မှာသာပျော်ပါရစေတော့ကွယ်....
ဖြိုးငယ်
ကျွန်တော်လည်းအခုတစ်လော ခံစားချက်အားနည်းနေတာနဲ့...ဘာမှမရေးနိုင်ခဲ့ပါဘူ...ဒါပေမဲ့အရမ်းရေးချင်
နေတာတော့အမှန်ပါ..အခု ကဗျာလေးက ဘာရယ်တော့မဟုတ်ပါဘူး..သူငယ်ချင်းတွေကို သတိရလို့ စိတ်ကူး
ပေါက်ပြီးရေးလိုက်တဲ့ကဗျာလေးပါ....သူငယ်ချင်းတွေကိုကြေငြာတာပေါ့(အားလုံးလူပျိုတွေချည်းပဲ)...မှားလို့..
ဘလောတွေကိုကြေငြာပေးတာပါ....ကဗျာထဲမှာ မပါဝင်တဲ့သူငယ်ချင်းတွေလည်း နားလည်ပေးပါဗျာ...စိတ်ထဲမှာတော့ အားလုံးရှိပါတယ်....
တင့်ထူးရွှွှွှေဝါ ပန်းမာလာတွေကို
အလွမ်းစေလိုက်သလား မြောက်ပြန်လေရယ်..
နတ်သျှင်နောင်ကို စာနာမိ
သူ့ရင်ကိုထိတဲ့ မျှားပြာတွေကိုချိုမြ
လွမ်းသုခဝေစွာနဲ့ ရွှေရောင်ကောင်းကင်မှာ
အနက်ရောင်အိမ်မက်တစ်ခုကို ရေးဆွဲခဲ့သူပါ....
မင်းကျန်စစ် ရဲ့ ဖြစ်အင်
ရင်မှာမချိမတင်နဲ့မို့ ဖြစ်လေရာဘ၀မှာ
အကြင်နာနန်းတော်မှာသာပျော်ပါရစေတော့ကွယ်....
ဖြိုးငယ်
ကျွန်တော်လည်းအခုတစ်လော ခံစားချက်အားနည်းနေတာနဲ့...ဘာမှမရေးနိုင်ခဲ့ပါဘူ...ဒါပေမဲ့အရမ်းရေးချင်
နေတာတော့အမှန်ပါ..အခု ကဗျာလေးက ဘာရယ်တော့မဟုတ်ပါဘူး..သူငယ်ချင်းတွေကို သတိရလို့ စိတ်ကူး
ပေါက်ပြီးရေးလိုက်တဲ့ကဗျာလေးပါ....သူငယ်ချင်းတွေကိုကြေငြာတာပေါ့(အားလုံးလူပျိုတွေချည်းပဲ)...မှားလို့..
ဘလောတွေကိုကြေငြာပေးတာပါ....ကဗျာထဲမှာ မပါဝင်တဲ့သူငယ်ချင်းတွေလည်း နားလည်ပေးပါဗျာ...စိတ်ထဲမှာတော့ အားလုံးရှိပါတယ်....
Subscribe to:
Posts (Atom)
