Wednesday, February 6, 2008

ကျွန်တော်နဲ့ကမ္ဘာတစ်ခြမ်းကချစ်သူ


ကမ္ဘာကိုတစ်ခြမ်း ခြမ်း
နေ့နဲ့ည ကိုထမ်းခိုင်းထားတယ်
မှောင်တစ်ခြမ်း လင်းတစ်ခြမ်း
ဟန်ဆောင်မှန်းသိရက်နဲ့
တစ်ဖက်ကမ္ဘာကချစ်သူကို
ရမ္မက်မပါပဲ လွမ်းတယ်....

အမှောင်ခြမ်းမှာရောက်နေပေမဲ့
ယောင်ယမ်းတမ်းတခြင်းတွေနဲ့
အလှမပါတဲ့ညမှာ
လကိုပဲသက်သေပြမိတယ်....

ကဗျာတွေ ဆိုတော့
ကြယ်စင်တွေငိုတယ်
ဟိုဘက်ကမ္ဘာဟာ
သူတို့အတွက် အသက်မပါဘူးတဲ့.....

ဒီလိုနဲ့
ဗျက်စောင်းမပါပဲ
နွဲ့နှောင်းတဲ့သီချင်းကိုဆိုမိတယ်
မျက်ရည်မရှိတဲ့ငါ
ဟာတာတာနဲ့ပဲ
ဟိုဘက်တစ်ခြမ်းကချစ်သူကိုလွမ်းမိတယ်....

ဖြိုးငယ်

2 comments:

ဆိုးသွမ်း on February 7, 2008 at 12:31 PM said...

that great poem ..bro !!!

Anonymous said...

ဒီကဗျာလေးကို ကြိုက်တယ်...
ကျွန်တော်နဲ့ ကမ္ဘာတခြမ်းက ချစ်သူ လေးပေါ့...:)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template