Friday, June 27, 2008

နှစ်ပါးသွားလေး က ချင်ပြီ

5 comments

အလွမ်းတွေချွေ မပျက်ကွက်ခဲ့ပါဘူး
ပန်းတွေကြွေ နေ့ရက်တွေဆက်ခဲ့
တွေ့တက်တဲ့ မနက်တွေကိုပဲတမ်းတ
အဲဒီညတွေမအိပ်ရလည်း ကိစ္စမရှိဘူး
လွမ်းရတာ ကျေနပ်ခဲ့သူပါ .....


အဖြေခက်တဲ့ဝေဒနာတစ်ပိုင်းတစ်စ
မနေတက် နွေမှာလှိုင်းထလည်း
တစ်နေထွက် တစ်နေ၀င်လို့
သူ့မျက်နှာ တစ်ခါ မြင်ချင်ခဲ့
တွယ်ရာမဲ့ ရင်ခွင်ရဲ့ သောက ….


အလွမ်းတို့နဲ့ မနေတက်
ပန်းတို့ကကြွေပျက်
အနမ်းတို့ သွေတက်လို့
အဲဒီ အားလုံးဖောက်ထွက်သွားအောင်
လမင်းရယ် …
ဒီည ဒီရေတက်ပေးပါ ....


ယောက်ယက်ခက်အတွေးတို့ကိုဖြုတ်သိမ်း
ကိုယ့်စိတ်ကို ထိန်းထားတဲ့ကြားက
အလွမ်းက ထကြွတယ်
က ရတဲ့ဇာတ်လွမ်းခန်းချည်းဆက်နေပါ့
ဇာတ်ဆရာရယ် ……..
တစ်ရက်ပဲ ဖြစ်ဖြစ်
တစ်ချက်ပဲ ဖြစ်ဖြစ်
နှစ်ပါးသွားခွင့်ပေးသင့်ပါတယ် ….


ဖြိုးငယ်

Sunday, June 8, 2008

ကဝေနဲ့စီးချင်းထိုးတဲ့ည

5 comments


ဘ၀ကို ပြဒါးသုတ်
ငါ့ရင်ခွင်ကို မီးမှုတ်တဲ့နဂါး
အသည်းကြားက ဓါးကိုထုတ်
ငါ့ဝိဥာဉ်ကိုနှုတ်သွားတယ်…


နတ်စောင်းသံ သဲသဲကြားမှ
ပဲ့ပဲ့သွားတဲ့ ဒဏ်ရာရဲ့တစ်ရေးနိုး
ငါပြေးထိုးတဲ့ မနက်ဖြန်
ငါ့ရင်ကိုတစ်ချက်ကန်သွားတယ်….


အနောက်မြို့ရိုးမှာ မိုးရွာတော့
ရင်ဘတ်ထဲက ပိုးတွေ က ကြတယ်
တန်ခိုးမရှိတဲ့ရာသီက
နာရီကို လှည့်မကြည့်ဘူး….


ဒီည
နတ်ကျောင်းက ခေါင်းလောင်းသံကြားမှ
ရင်ခွင်ကို ငုံ့ကြည့်မိတယ်
ဘယ်ဘက်တစ်ခြမ်းကို
ကဝေမလေး နမ်းသွားတယ်….


တိုက်ပွဲကတော်တော်ကြမ်းတယ်
ကဗျာတွေထမ်းတဲ့ နှလုံးသားက
ညကိုစီးချင်းထိုးတယ်
အလွမ်းကတော့ တိုးတိုးလေးငိုနေရဲ့….


ဒီလိုနဲ့…
အတ္တတွေသဂြိုလ်လိုက်တဲ့ည
ကဝေမနဲ့စီးချင်းထိုးတယ်
နှင်းခါးဖြိုင်ဖြိုင်ကျပါစေ…..



ဖြိုးငယ်

Friday, May 30, 2008

HAPPY BIRTHDAY ချစ်သူ

8 comments
MySpace Comments - Happy Birthday


MySpace Layouts - Happy Birthday
Free Comments & Graphics
ပျော်ရွှင်သော မွေးနေ့ပါ ချစ်သူ .... တကယ်ဆို အတူယှဉ်တွဲပြီး
သာယာလှပတဲ့ မွေးနေ့ပွဲလေးကို ကျင်းပပေးချင်ပေမဲ့
အခြေအနေမပေးသေးလို့ အခုလောက်နဲ့ပဲ နားလည်ကျေနပ်ပါသဲရယ် ....
ကဗျာဝါသနာရှင် တစ်ယောက်ရဲ့ ချစ်သူ ဆိုတော့ ကဗျာတွေပဲ လက်ဆောင်
ပေးနိုင်ပါတယ် သဲရယ် ... ဘာပဲဖြစ်ဖြစ် သဲကျေနပ်ပါကွာ ......

မှတ်ကျောက်တင်သော မေ ၃၁

3 comments

သံသရာ အရှည်မှာ
ဒဏ်ရာ အပေအတေ
အဖန်တရာ ကြွေခဲ့လည်း
မနေ့က ရှိုက်သွင်းခဲ့တဲ့အထိ
သင်္ခါရ ကို မသိရသေးဘူး …


ဒီလိုနဲ့
ဒုက္ခ သစ္စာတွေ စားသုံး
သမုဒယ နွံထဲရုန်းရင်း
မေလရဲ့ ၃၁
ငါ့ရင်မှာ မှတ်ကျောက်တင်ရစ်ပြီ …..


နွေအဆုံး မိုးအစ
မေလ ရဲ့ နိဂုံး
အပြုံးတစ်ချက် ဖြန့်ကျက်
အသွေးအသက်နဲ့တည်ဆောက်
လူသား တစ်ယောက် ဖန်ဆင်း
ကမ္ဘာမြေကို နင်းစေခဲ့တယ် ….


အပြည်ပြည်မဆိုင်ပါဘူး
သူတစ်ယောက်ထဲ ပိုင်တဲ့ရက်စွဲပါ
အခက်အခဲတွေ နင်းဖြတ်ကျော်
သူမ ပျော်တဲ့ အဲဒီရက်
တစ်သက်အတွက် အမှတ်တရ
နှစ်တိုင်းရပါစေ ……


ဘ၀တွေ ဘယ်လိုကောက်ကောက်
ဆူးတွေဘယ်လိုဖြောင့်ဖြောင့်
တို့ရောက်တဲ့ မေ ၃၁ မှာ
နုသစ်တဲ့ အချစ်တွေနဲ့
လောကကြီးကိုမေ့
တို့နှစ်ယောက်ပဲတွေ့ကြမယ်နော် ….
( နှစ်စဉ် နှစ်တိုင်းပေါ့ )



ဖြိုးငယ်

SATURDAY DUTY ( သို့ ) စနေတာဝန်

5 comments

မနက်ကစောစော
အလင်းနဲ့ အမှောင်နဲ့ရောစပ်
နိုးစက်ကမြည်
ကပျာကသီ ထ
ကွန်ပြူတာဆီသွား
ပါဝါကိုလက်ထိုး
အသံလေး တိုးတယ်
သူများတွေနိုးမှာ စိုးသောကြောင့် ......


မနက်က မလင်းသေး
သီချင်းလေး ညည်းဆို
မျက်နှာကို သစ်
ကော်ဖီမစ်ကို ဖျော်
သူမကို မျှော်ရတယ်
လှမ်းခေါ်မကြားနိုင်သောကြောင့် ……


ရောက်လာတဲ့ ခဏ
သူ့မျက်နှာမြင်ရဖို့
ကွန်နက်ရှင်း ( Connection ) က ကောင်းပါစေ
တောင်းဆုတွေ ရင်မှာချွေတယ်
လေလှိုင်းက မရောက်
အတုံးပျောက်မှာ စိုးသောကြောင့် ……..


နှလုံးဖောက် ရင်ခုန်သံ
နားစည်ကိုလာမှန်နေတော့
အိပ်ရန်ပင် မေ့နေတယ်
ဘိုင် ( Bye ) ဆိုတဲ့အသံကြားမှ
ပါးစပ်က သန်းတယ်
အလွမ်းရင်မဆိုင်ရဲသောကြောင့် ……..


အနမ်းတွေ ချွေ
ပန်းတွေ ကြွေတယ်
ဖြေဆည်လို့မရ
သူမ က ပြန်
ကျန်နေတဲ့ ငါက
ကွန်ပြူတာ ရှက်ဒေါင်း (Shut down ) ချတယ်
ပြန်လည် ကျိန်းစက် ချင်သောကြောင့် .......


ဖြိုးငယ်



မှတ်ချက် ။ ။ ဒါကတော့ ကျွန်တော့်ရဲ့ စနေ့နေ့လုပ်ငန်းလေးပါ ..... တကယ့် အဖြစ်အပျက်လေးပေါ့ ... ချစ်သူကတော့မသိဘူးလေ ....ဟီးဟီး....

၂ ပတ် ၁ကြိမ် ပန်းပွင့်သည် ။ ။ ။

2 comments
တစ်ချက်ချက် နဲ့
တစ်ပတ်ပြီးတစ်ပတ် လည်တဲ့နာရီ
၁၂ က အစချီလို့
၁၂ ဆီတစ်ခါပြန်ခေါက်
၃၆၀ ဆိုတဲ့အပတ်ရောက်ရင်
ရင်မှာပေါက်တဲ့ အပင်မှာ
ပန်းတစ်ပွင့်ကို မြင်ရတယ် ....

၁၅ ရက်မှ တစ်ခါပွင့်တဲ့ပန်း
ရင်မှာ ထာဝရလန်းစေဖို့
ရက်တွေကို နင်းဖြတ်ကျော်
မျှော်ရတာလည်း မောပြီ ....

အဲဒီပန်းပွင့်တဲ့ရက်
အဲဒီမနက်တွေရောက်ရင်
စောင့်နေတဲ့ ငါ့အလွမ်းတွေက
အဲဒီပန်းကို ဖွဖွနမ်းကြတယ်
လွမ်းရသမျှ ပြေပါတယ် .....

တမ်းတရုံနဲ့ ကျေနပ်ရတဲ့ဘ၀မို့
မှန်းဆမျှော် နေတက်ခဲ့
အလွမ်းရက်သေ အသက်ဆက်ဖို့
အဲဒီပန်းရဲ့ အနမ်းခက်နဲ့
ငါ့ရင်ကိုမှန်မှန် ဖျန်းပက်ပါ ....

လှမ်းဆက်ရမဲ့အနာဂတ်
အသာအယာ ဖြတ်ကျော်ဖို့
ပန်းလေးရယ် ....
၂ ပတ် ၁ ကြိမ် ပွင့်ပေးပါ ။ ။ ။ ။ ။

ဖြိုးငယ်


မှတ်ချက် ။ ။ ကျွန်တော့် ကောင်မလေးက အွန်လိုင်းကို ၂ ပတ်မှ ၁ ခါ လာတာပါ .. ဒါတောင် ကျွန်တော် ခေါ်လို့ပါ .. လာရင်လည်း ဘာမှ မလုပ်တက်ဘူးလေ .... တကယ်တော့ ကျွန်တော်လည်း မခေါ်ချင်ပါဘူး ... ဒါပေမဲ့ လွမ်းလို့ပါ ... အဲဒီအကြောင်းကို ရေးထားတဲ့ကဗျာလေးပါ ....

Friday, May 23, 2008

လှူတက်ရင် မြတ် .. လူ နတ် သာဓု ခေါ်စေသော်

5 comments

အထူးကြေငြာချက် ထုတ်ပြန်ပြီး နားထားသော်လည်း ကုသိုလ်ရေးမို့ ကြားဖြတ်

အထူး အစီအစဉ် အနေဖြင့် သာဓု ခေါ်ဆိုနိုင်စေခြင်းအလို ငှာ ၀မ်းမြောက်စွာဖြင့် ရေးသားလိုက်ရပါသည် ။ ။ ။


သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်

ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓကလျာနယုဝအသင်း (YMBA-MEPHI)မှလက်ခံရရှိသော အလှူငွေ US$2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံရှိ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများ ကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှ တစ်ဆင့်ဆက် သွယ်ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည် ။

၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ကျပ် (၁၀)သိန်း အား ထပ်မံထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န် ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ထံသို့ လှူဒါန်းပြီး၊ စေတနာရှင် လူငယ်ဆရာဝန်များ နှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစား ခဲ့ရသော ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာနှင့် သိဖက်ရွာ သုံးရွာတို့အား ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ၊ ဆန်၊ ပဲ၊ အ၀တ် အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင်ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန် အသိပေး တင်ပြအပ်ပါသည်။

အလှူဒါနပြုလုပ်ရာ ဘုန်းတော်ကြီးကျောင်းအား မြင်တွေ့ရစဉ်

အ၀တ်အထည်များ လှူဒါန်းနေစဉ်

တာလဘတ် အမိုးစများအား လှူဒါန်းစဉ်


ဆေးဝါးကုသမှုများ ပြုလုပ်ပေးစဉ်
လှူဖွယ်ပစ္စည်းများအား မြင်တွေ့ရစဉ်


လှူဒါန်းမှု ခရီးစဉ်မြင်ကွင်း

စေတနာရှင် လူငယ်ဆရာဝန်များမှ ဆေးဝါးကုသမှုများ ပေးနေစဉ်

လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် မြင်တွေ့ရစဉ်

လှူဖွယ်ပစ္စည်း ၀ယ်ယူမှုစာရင်း
နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့ဝင် ကန်ဦးဇေတ၀န် ကျောင်းထိုင်ဆရာတော်၏ အလှူမှတ်တမ်း
p.s-(ဒုတိယအသုတ်) အနေဖြင့် ထပ်မံလှူဒါန်းနိုင်ရန်အတွက် အစီအစဉ်များကိုလည်း ထပ်မံဆောင်ရွက်ပြီး ဖြစ် ပါသည်။


P.S >>> အထက်ပါ အကြောင်းအရာများကိုကျွန်တော့်သူငယ်ချင် အိပ်မက်နက်ကြီး ဆီမှ ခွင့်ပြုချက်ယူ ၍ ပြန်လည် တင် ပြပါသည် ။ ။ ။ လှူဒါန်းရာတွင် ကူညီပေးခဲ့သော မိသားစု ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည် ။ ။ ။ နတ် လူ သာဓု ခေါ်စေသော် .....
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template