သြော် ဘ၀ ဘ၀..
ခေါက်ဆွဲခြောက်တစ်ထုတ်နဲ့ ချွေးသိပ်ရပေါင်းမနည်းတော့ဘူး
ဝမ်းဟာဟာနဲ့ ကျောင်းလာခဲ့တဲ့နေ့တွေကလည်းအသင်္ချေ
အိပ်ရေးမ၀တဲ့ရက်ပေါင်းက ထောင်သောင်းချီ
စာကြည့်လိုက် ကဗျာရေးလိုက်နဲ့ အိပ်တာနောက်ကျခဲ့တာကလည်း မရေမတွက်နိုင်.....
သြော် ဘ၀ ဘ၀..
အေးမြလှတဲ့အမေ့အိမ်ဆိုတာကလည်းဘာမှန်းမသိ
ငါနေတဲကမြို့လေးနဲ့လည်းဝေးလှဘိ
ပျော်စရာဆိုတာ နထ္ထိ
ဒုက္ခအတိနဲ့ရက်ပေါင်းသံသရာ
အဖန်တစ်ရာမကတဲ့ ဒဏ်ရာတွေက ဗလပွ.....
သြော် ဘ၀ ဘ၀..
ငါတို့တွေ့ရဦးမှာပါ
မျှော်လင့်ချက်တွေပြည့်တဲ့နေ့တွေပေါ့
အခုမှတော့ လက်မလျှော့နဲ့ ဇနက္ကရေ
လမ်းတစ်ဝက်ရောက်မှတော့
အားလျှော့ကာ အလံဖြူမပြနဲ့
မေခလာမရှိလည်း
ကမ်းအထိတော့ ငါကူးမယ်.....
သြော် ဘ၀ ဘ၀..
ဘယ်လိုပင်ဒုက္ခတွေရလည်း
အမေ့ဆီဖုန်းခေါ်ကြရင်တော့
ကမ္ဘာ့အဆင်ပြေဆုံးနဲ့အကျန်းမာဆုံးဆုကို
ငါတို့ပိုင်ဆိုင်ခွင့် အကြိမ်ကြိမ်ရခဲ့တယ်
အဖေ အမေတို့ မသိလေစွ.....
ဖြိုးငယ်
Wednesday, October 31, 2007
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment