Saturday, October 13, 2007

ဟာကွက်


အာဒံလား ဧ၀လား
ပန်းသီးလား နံရိုးလား
ဖျားနာခြင်းလား
ငါမသိပါဘူး
အချစ်ကိုသူတို့က စခဲ့တယ်တဲ့
ငါဘယ်လိုယုံရမလဲ
ငါက အာဒံမှ မဟုတ်တာ...

ကမ္ဘာကျော်ပညာရှင်တွေကိုသနားတယ်
စူးစမ်းရှာဖွေသူတွေကိုဂရုဏာသက်မိတယ်
ကမ္ဘာကျော်စာရေးဆရာတွေကိုအားမရဘူး
အချစ်ဆိုတာကိုမှ ဖော်ထုတ်မပြနိုင်တာကို....

အချစ်ဆိုတာကို ဖော်ထုတ်နိုင်ရင်
နိုဘယ်ဆုပဲပေးမလားမသိဘူး
သေချာပါတယ်
အဲဒီဆုကို သိမ်းထားလိုက်တော့
ကမ္ဘာကြီးမရှိတော့တဲ့အထိပေါ့....

ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template