မီးတောက်တစ်ခုရဲ့ အေးမြခြင်း
ချစ်ခြင်းတရားထဲမှာပဲရှိတယ်...
အပြစ်ကင်းတဲ့ကောင်းကင်
မိုးမင်းကဥာဏ်ဆင်တော့
စတေးကာ သက်ဆင်းခဲ့ရပေါ့
ငါ့ဘ၀ရဲ့ရေစက်များ.......
အိပ်မက်ကြားကလှောင်ရီသံ
နေခြည်ခြံရံ မနက်ခင်း
သတိရခြင်းတေးပေါ်မှာ
ငါက အဆိုတော်လုပ်ချင်သူ......
အချိုးတွေပြောင်းပေမဲ့
ငါဆွဲလိုက်တဲ့ ဖဲချပ်တွေမှာ
ကံဆိုးမှုတွေပါနေသလား
ကိုးမြှီးမှာ ငါက ဘူကြီးဖြစ်နေတယ်.......
ဆူနေတဲ့ရေနွေအိုးထဲ
အပူတွေထပ်ရောလိုက်ပါတော့
အယ်ကိုဟောတွေထပ်ရောလိုက်မှတော့
နဂိုကမှပြာဖြစ်နေတဲ့ ငါ
ဒီကမ္ဘာမှာ ဘာမှမရှိတော့ဘူး......
အလပ္ပာယ်ဆရာရဲ့ပြပွဲမှာ
ငါက မြွေနေရာပေါ့
ဖြေဖျော်ယုံသာမက
အစွယ်ပါချိုးခံရသေးတယ်
ပလွေသံကိုငါမုန်းတယ်.......
မရဏမင်းကိုစစ်ခင်းချင်တဲ့ ငါ
ဒီကမ္ဘာမှာ လူမိုက်လား
ရှုရှိုက်လိုက်တဲ့ လေထုထဲမှာ
မင်းအချစ်တို့ စုနေပါစေ.....
ကံကြမ္မာလား ဒဏ်ရာလား
ဗေဒင်ဆရာကို ငါမကြောက်ဘူး
မှန်ရာကိုသစ္စာ ပြုရရင်
ငါအခုနေချင်တယ်
မင်းရင်ခွင်မှာပေါ့..........
ဖြိုးငယ်
Tuesday, October 23, 2007
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment