Saturday, October 13, 2007

တစ်ချိန်က ရက်စွဲ


သူရိန်က အာဏာပြ
မိုးမင်းကခ၀ါချချိန်
နတ်သမီးလေးတစ်ပါး
ငါ့အနားကိုရောက်လာတယ်
စက်ဘီးလေးနဲ့ပေါ့...

အတွေးထဲမှာဖျောက်ဖျက်မရဘူး
စတွေ့တဲ့နေ့ကိုပေါ့
မတွေ့တာကြာပေမဲ့
ငါ့ရင်ထဲမေ့မရဘူး
မနေ့ကလိုပါပဲ...

တွေ့စကမင်းပြောတဲ့စကား
ငါ့နားထဲအလွန်ချို
ဆည်းလည်းလိုအသံလေးနဲ့
မာယာမဲ့ဟန်တွေက
ကလေးဆန်နေသေးတယ်....

တွေ့မယ်မှမကြံသေး
ဝေးဖို့ရန်ကံတွေက
အကြောင်းတွေဖန်လာတော့
ငါ့ရင်ထဲဗြောင်းဆန်ခဲ့
တောင်းပန်ပါတယ်မိန်းကလေးရယ်.....

ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template