Thursday, May 1, 2008

ကျွန်တော်လည်းပဲ ….. ၂၃




MySpace Comments - Happy Birthday
MySpace Layouts - Happy Birthday
Free Comments & Graphics

မနက်က ...... ည
ည က ...... မနက်
တစ်ရက်ပြီးတစ်ရက်ဖြတ်ခဲ့တာ
ဆယ်စုနှစ် နှစ်ခါထပ်လို့
သုံးအမှတ်ကိုရောက်ခဲ့ပြီ
ကမ္ဘာကြီးကတော့ လည်ကောင်းတုန်း.....



တစ်ရွာပြီးတစ်ရွာပြောင်းခဲ့တာတောင်
သူကောင်း မဖြစ်နိုင်သေးဘူး
ရောင်းမကုန်တဲ့ အတ္တတွေနဲ့
ဖြတ်မရတဲ့သံယောဇဉ်
တစ်မျှင်ပြီး တစ်မျှင် ကျလာတဲ့အလွမ်း
အဲဒီအရာတွေကို ရောထမ်းပြီး
ဘ၀ခရီးကို ဖြတ်သန်းလိုက်တာ
၂၃ ခါတောင်ရှိခဲ့ပြီ...


တစ်ခါတစ်လေ လေကြမ်းဆန်တယ် အဖေ
တစ်ခါတစ်လေ မုန်တိုင်းထန်တယ် အမေ
ကျွန်တော့်ရင်ကို စုန်ကန် ကန်
တန်ပြန်ထွက်ကျလာတဲ့ ဆု
မေတ္တာငတ်မွတ်မှုပါပဲ......


သတိရတယ်အဖေ ... ( အဝေးက )
တမ်းတမိတယ်အမေ ... ( အဝေးက )
သတိတရ တမ်းတရင်း
ညစဉ် ညတိုင်း မှန်းဆ ကန်တော့
အဝေးကပေါ့ စိမ့်စိမ့်တွေး
အမေ မွေးခဲ့တဲ့ သား
၂၃ ဆိုတဲ့ အပိုင်းအခြားတစ်ခုကို
အပိုင်စားရ ပါပြီလေ.....


ဘ၀ရာသီတွေ ဘယ်လိုကြမ်းကြမ်း
အလှကဗျာတွေ စီစီဖျန်းပြီး
အရှေ့ဘက်က သမ်းလာတဲ့ရောင်ခြည်ရဲ့အောက်
ကျွန်တော်တစ်ယောက် အားတွေပြည့်ခဲ့
ဘ၀တစ်ကွေ့မှာ ခဏတွေ့ရပေမဲ့
ထာဝရမေ့မရတဲ့ သယ်ရင်းတို့ရေ...
ဒီနေ့ ဖြာတဲ့ရောင်ခြည်တန်းမှာ
၂၃ ဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခု
ကျွန်တော့်ရင်မှာ ချိတ်ဆွဲ ဂုဏ်ပြုခဲ့လေပြီ....



ဖြိုးငယ်

21 comments:

Anonymous said...

Happy Birthday ကိုဖြိုးငယ်...........
မွေးနေ့ ပွဲကိုအရင်ဆုံးတက်ရောက်သွားပါတယ်း)
၂၃ နှစ်ပြည့်မွေးနေ့ မှသည် ရှေ့ဆက်နေ့ ရက်များမှာ လှပသော အနာဂါတ်နေ့ ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေဗျာ ။
ကဗျာလေးအရမ်းကောင်းတယ်
ဒီနေ့ ဖြာတဲ့ရောင်ခြည်တန်းမှာ
၂၃ ဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခု မှာ ထာဝရ ပျော်ရွှင်ပါစေ ။

အမှန်မြင်ဖို့ on May 1, 2008 at 8:12 PM said...
This comment has been removed by the author.
ein on May 1, 2008 at 8:18 PM said...

ရင်ထဲကပဲ့တင်လာသောမွေးနေ့ဆုတောင်းလွှာ...
၈၅ .၅ . ၂ တွင်ကျရောက်သော၂၃ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွားတိုင်
ချစ်သောမိသားစု ၊
ချစ်သောသူငယ်ချင်းများ... နဲ့အတူ
ရည်မှန်းထားသော အနာဂတ်ပန်းတိုင်ဆီကို အောင်မြင်မှုပေါင်းများစွာနဲ့ ယခင်
ဖြတ်ကျော်ခဲ့သောနှစ်များစွာထက်
ဆွတ်ခူးရရှိနိုင်ပါစေ...၊
၂ ရက်နေ့ကစတင်ပီး ဖြာတဲ့ရောင်ခြည်တန်းတွေမှာ ဆက်လက်ပြီး ထွန်းလင်းတောက်ပပါစေဖြိုးငယ်ရေ...း)
ပျော်ရွှင် အဆင်ပြေပါစေရှင်...း)

အိမ်လေး

Soe Mya Nandar Thet Lwin (Borros Roxo) on May 1, 2008 at 9:51 PM said...

"" HAPPY 23rd BIRTHDAY""

Many Happy Returns Of the Days!! May u own the meaningful life and to have a happiness and success in your life..., :)))

With Best Wishes..,
Soe Mya Nandar Thet Lwin

ကြယ်စင်နတ်သမီး on May 1, 2008 at 10:36 PM said...

"Happy Birthday" မောင်လေးဖြိုးငယ်...
၂၃ နှစ်မြောက်မှသည် နောင်နှစ်ပေါင်းများစွာထိတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် အနာဂါတ်ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေ...

ညိမ်းညို on May 1, 2008 at 11:20 PM said...

ကဖြိုးငယ်ရေ ၂၃နှစ်မြောက်မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်သည်ထိ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကဗျာတွေလည်း ဒီထက်ဒီထက် အများကြီး ပိုရေးနိုင်ပါစေဗျာ :) :)

မင်းရဲ့သယ်ရင်းကြီး
ညိမ်းညို

Anonymous said...

ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ပါစေလို့
ဆုတောင်းပေးတယ်ဗျာ..
ကဗျာလေးကလည်းကောင်းတယ်..
အားပေးလျှက်ပါ..သယ်ရင်းရေ..

May Moe on May 2, 2008 at 6:37 AM said...

၂၃နှစ်မြောက်မွေးနေ့ရက်မြတ်မှသည် နောင်နစ်ပေါင်း ၁၂၀တိုင် ပျော်ရွှင်အောင်မြင်မူ့ တွေပိုင်ဆိုင်နိုင်ပါစေ

တင့်ထူးရွှေ on May 2, 2008 at 11:24 AM said...

လူကိုယ်တိုင်လာ လာချင်ပေမယ့် ဒီကနေပဲ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်း ၊ (၂၃)နှစ်ပြည့်မွေးနေ့ မှသည် နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့များစွာ ပိုင်ဆိုင်နိုင်ပါစေ ၊ ဘ၀ကို အခက်အခဲ အနဲဆုံးနဲ့ ဖြတ်သန်းနိုင်ပါစေ ၊ ကဗျာတွေလဲ ဒီထက်မက ပိုရေးနိုင်ပါစေ။ အမြဲတမ်း ကဗျာတွေ လဲဖတ်ဖြစ်ခဲ့တဲ့ အချိန်တွေကို သတိရမိတယ် ချစ်စနိုးနဲ့ခေါ်ခဲ့ဖူးတဲ့ နာမည်ကို အခုခေါ်ချင်တယ် ၊ ခေါ်လိုက်ရမလား(...ကြီး):P ၊ ရင်ဖွင့်သံတွေကို ဒိုင်ခံနားထောင် ပေးခဲ့တဲ့ အဲဒီနေ့စွဲ တွေကို မှတ်မိနေတယ်:)
ကဗျာတစ်ပုဒ်လက်ဆောင်ပေးချင်ပေမယ့် စကားလုံးတွေက ငါ့ကို ငြင်းငြင်းနေလို့ ရင်ထဲရှိတာ ချရေးခဲ့လိုက်တယ် ၊ အဆင်ပြေ ပျော်ရွှင်ပါစေ သူငယ်ချင်း Happy Birthday To You !!!!!!!!!!! :) :D

မျှားပြာ on May 2, 2008 at 2:10 PM said...

ခေါ်သာခေါ်လိုက်နယ် အမှတ်တရပေါ့ ...
ငါ့ကောင်ကြီးရေ နောင်နှစ်များစွာတိုင် ငြိမ်းချမ်း အောင်မြင်
ပျော်ရွှင် အဆင်ပြေပါစေကွာ ...

lwansay on May 2, 2008 at 3:30 PM said...

သယ်ရင်း မဖိတ်ဘူး မွေးနေ့ကို ..။ တယ်ဆိုးပါလား ။
ပျော်ရွှင် ပါစေကွာ မွေးနေ့ကစညပြီး နောင်နှစ်ပေါင်း
များစွာအထိ ကဗျာတွေ ခံစားမွေးထုတ်ပေးနိုင်ပါစေကွာ ။

ဒီဇင်ဘာနှင်း on May 2, 2008 at 4:10 PM said...

မောင်လေးဖြိုးငယ်ရေ ၂၃ နှစ်ပြည့်မွေးနေမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်တဲ့မိဘ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းကျပြီး အောင်မြင်တဲ့ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေနော်

NatShinNaung on May 3, 2008 at 12:26 AM said...

သယ်ရင်းရေ။ ဒီ ၂၃ နှစ်မြောက်မွေးနေ့လေးက စပြီး ကာရံတွေကို ပိုင်ဆိုင်သော ကာရံပိုင် ကိုဖြိုးငယ်ကြီးဖြစ်ပါစေဗျာ။ ဘ၀ခရောင်းလမ်းကို ပန်းလိုလန်းပြီး လျောက်လှမ်းနိုင်ပါစေ သယ်ရင်းရေ။

Unknown on May 3, 2008 at 1:06 AM said...

အရင်ဆုံးဆုမတောင်းပေးခင်တောင်းပန်တယ်ဟေ့..။ ဘယ်မှ မရောက်ဖြစ်လို့..အခုမှတွေ့တယ်...။ ဘ၀တစ် လျှောက်လုံးမှာ ငြိမ်းချမ်း အောင်မြင်နိုင်ပါစေ သူငယ်ချင်းရေ...။

ရွှန်းမီ on May 3, 2008 at 8:30 AM said...

နဲနဲ နောက်ကျသွားတယ်...
happy birthday! ပါနော်..
ပျော်ရွှင်ပါစေ.. :-)

Han Thit Nyeim on May 4, 2008 at 6:38 AM said...

နှစ်ဆယ့်သုံးကနေ အပျက်မရှုံးဘဲ ခရီးဆက်နိုင်ပါစေ...

စိုးထက် - Soe Htet ! on May 4, 2008 at 7:07 AM said...

Happy Belated Birthday !
Cheers !

Apprenticeship on May 4, 2008 at 9:58 PM said...

Have a belated Birthday. Many blessings to your future... Peace and Joy to be with ya :)

Unknown on May 7, 2008 at 9:37 AM said...

"Happy Birthday" ဗျို့ ။
၂၃နှစ်မှာ အဖေအမေကို သတိရတဲ့ ဖြိုးငယ်ရေ
၂၃ မှသည် ၃၂၊ ၃၂ မှသည် အသက်၂၃၀ ရှည်စေသော်...
ဟီ...ဟိ ပျော်တယ်ဆိုရင်ပြောပါတယ်.........

Anonymous said...

ညီအငယ်ဆုံးလေး ၂၃ တဲ့လားကွာ.. မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပါစေဗျာ... တို့တော့ ငွေရတုထဲမှာ အသက်က..

၀ဿန်ဦး on May 9, 2008 at 12:52 PM said...

ဖြိုးငယ်ရေ…
နှစ်ဆယ်သုံးမှစလို့ နောင်တစ်သက်လုံးမှာ
နှစ်ဖြာချစ်လှ မိနှင့်ဘအား
စောင့်ရှောက်လုပ်ကျွေး ပြုစုပေးပြီး
ရည်ရွယ်ရာပန်းတိုင်ကို
အမှီအတွယ်မပါ လှမ်းနိုင်သောသူ ဖြစ်ပါစေလို့
ဆုတောင်းလိုက်တယ်ကွာ….

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template