Sunday, December 7, 2008
ဒီဇင်ဘာအလွမ်း - ၃
ဖောက်လွဲဖောက်ပြန် ရာသီက
ဒီဌာနီမှာ နှင်းမကျဘူး ....
နှင်းမခ မပေမဲ့
လမ်းမထက်မှာ အချမ်းဓါတ်လေးနဲ့မို့
အလွမ်းဖက်မိပါတယ်
ဒီဇင်ဘာရဲ့ အငွေ့အသက်ရေ ...
ကျွန်တော့်ဘက်က လွန်ပါသလော ....
ဖြိုးငယ်
Subscribe to:
Post Comments (Atom)
9 comments:
လွန်ဘူး လွန်ဘူး ။ :D အတွဲလိုက် ပစ်နေပါလား ။ ပစ်သလောက်လဲ ထိချက်ကောင်းတယ် ဘရို ။
ကျုပ်ကတော့ လွန်ပီထင်တာပဲ ။ ဘယ့်နှယ့် ကိုရီယားကာ ကျလို့ ။ ဒီဇင်ဘာ အစား ဆောင်းဦးရွက်ကြွေ ချစ်သက်သေ သာ လုပ်လိုက်ပါတော့ ။ အဟေးဟေး :P :P :P
လွန်ပါဘူးတဲ့ ဒီဇင်ဘာကြောင့် အပြစ်မဖွဲ့လိုပါဘူးလို့ အမှာတော်ပါးလိုက်တယ် ။
နှင်းတွေကို ပါဆယ်ထုပ်ပြီး ပို့လိုက်မယ် ဖြိုးငယ် ညီရေ ... အလွမ်းနဲ့ ဖောက်တဲ့လမ်းမှာ လျှောက်ရတာဟာ ဒီဇင်ဘာညတွေဆိုရင် ... ။
လွန်နေပြီ ဒီဇင်ဘာ....
လွမ်းရတာ တော်တော် များနေပြီ
လွန်တယ် လွန်တယ် လွန်လွန်းနေပြီ :P
မောင်လေးရေ အတွဲလိုက်က အဆုံးထိတော့ ရောက်အောင်ပစ်နော်...
ကိုအိပ်မက်ရှင်>> နှင်းတွေကို ဘယ်ကနေယူပြီး ပါဆယ်ပို့မှာလဲ။ စင်္ကာပူမှာ နှုငိးမပြောနဲ့ ဆောင်းတောင် မရှိဘူး။ အဟင့် အဟင့် ပို့လို့ရရင် GreenGirl ဆီကိုပါ ပို့လိုက်ပါနော် :)
အင်းးးးးးးးးး လွမ်းမိတယ် နှင်းရယ် ဆောင်းရယ်
ရေခဲရယ် မြူမှုန်ရယ် လေအေးအေးလေးရယ်***
ဘိုဖြိုး ဘာကျန်သေးလဲ ဒါ ခင်ဗျားအတွက်ရေးတာ
ကျန်တာ ခင်ဗျားပဲကြည့်ကြပ်ဖြည့်လိုက်***
လွမ်းပါ လွမ်းပါ လွန်ဘူး လွန်ဘူး...
ဒါလေးလဲခိုက်တယ်ဗျ။အရေးလေးကောင်းတယ်
Post a Comment