Wednesday, December 17, 2008

နေကြာရိုင်းတို့ပွင့်တဲ့နေ့



ဘာရယ်မဟုတ်ပါဘူးဗျာ .. ကြေငြာလေးတစ်ခုလောက်ထည့်ချင်လို့ပါ ... ဒီနေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ဟာ .. ကျွန်တော်တို့တွေဘ၀မှာ မမေ့နိုင်နေ့လေးတွေထဲက တစ်နေ့ဆိုရင်လည်း မမှားနိုင်ပါဘူး ..
အဲဒီလို အမှတ်တရ နေ့လေးမှာ ကျွန်တော်တို့ ညီအကိုတွေ စုဝေးတိုင်ပင်ထားတဲ့အတိုင်း အမှတ်တရ တစ်ခု
ကို ထပ်မံ အကောင်အထည်ဖော်ခဲ့နိုင်ပါပြီ ... ကျွန်တော်တို့ရဲ့ ရင်ထဲက အနုပညာ သက်သက် လေးတွေကို
မျှဝေခံစားစေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ နေကြာရိုင်း တို့ ဒီနေ့ ၀င့်ဝင့်စွားစွား
ပွင့်လန်းလာခဲ့ပါပြီ .. စာပေ အနုပညာကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းအားလုံးကိုလည်း ဖိတ်ခေါ်ပါတယ် ..
ကျွန်တော်တို့နေကြာရိုင်း ဆီသို့ လာရောက်ဖတ်ရှု့ ဝေဖန်သုံးသပ် ခံစားကြပါဦးလို့ ဖတ်ခေါ်ရင်း ....



မြူနှင်းဆောင်းမှာကြွေလေသည်....

ငါ့နှလုံးသားဆေးထိတယ်
ဘာတွေဖြစ်မှန်းမသိခဲ့ဘူး
ရင်ခွင်ထဲက ဆည်းလည်း
အသည်းအမည်း မဟုတ်တဲ့ လေညင်းထိုး
သူမရဲ့ တန်ခိုးတွေကြောင့်
တိုးတိုးလေးမြည်သွားတယ်....
--------------------- ။ --------------------

“ အဲလူကြီးကလည်း ဘာမှန်းမသိဘူး......စောစောကတော့မပြောဘူး..ဟွန်း …..”
“ ဟာ အခုမှတွေ့လို့ စေတနာနဲ့ လာပြောတာကို ရန်တွေ့တယ်.. စေတနာကို
စော်ကားတယ်..တော်ပြီကွာ….Feel ဖြစ်တယ်..သွားမယ်…”
“ အာ…အဲလိုပြောတာ မဟုတ်ပါဘူး….”
---------------------- ။ ----------------------

( ၁ )

ဝဿန်ကာလမို့ မိုးတို့က တဖွဲဖွဲ ရွာနေသေးသည် ။ မသည်းပဲ ဖွဲနေရတဲ့ မိုးက တာဝန်အရ
လည်နေရသော နာရီလက်တံကြီးနှယ် ပျင်းအိနွဲ့ပျောင်း သာယာဖွယ်မကောင်းလှ ။ မိုးနှောင်းတော့ပေမို့ အားလျော့တဲ့
အဖိုးအိုသဖွယ် တန်ခိုးတို့ပြယ်စပြုနေလေပြီ….။ မိုးတို့က ကြည့်နေရင်းနှင့်ပင် အစွမ်းတို့ ကုန်သွားလေပြီ…။
“ ဟေ့ကောင် အာကာ…ဘာတွေ ကသိုဏ်းရှု့နေတာလဲကွ….”
အသံလာရာဆီ ကြည့်လိုက်တော့ ကျွန်တော့်သူငယ်ချင်းမိုးယံ….။
“ အေး…ပျင်းနေတာကွ..ဘာလုပ်ရမှန်းမသိဘူး…..”
“သိနေတယ်လေ…..ဒိုးကြမယ်”
“ဘယ်ကိုလဲ”
“ မြို့ထဲ စက်ဘီးစီးထွက်မယ်လေကွာ….လန်းသွားအောင်ပေါ့…..”
“အင်း …. ကောင်းသားပဲ……..”
ဒါမျိုးဆိုလျင် မိုးယံနှင့်ကျွန်တော် ၂ ခါ အဖော်မညှိရ….။ မိုးယံက ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း….ညီအကိုလိုပင်…။
နှစ်ယောက်သား စက်ဘီးကိုယ်စီနှင့် …… ။
“စောစောက မိုးရွာတယ်…အခုကျတော့ နေက ပြန်ထွက်လာတယ်…..စိတ်ပျက်ဖို့ကောင်းလိုက်တာ…”
မိုးယံက မကျေမနပ် ညီးတွားသည်..။
“ မင်းကလည်းကွာ..အဲဒါကောင်းတာပေါ့….မိုးရွာပြီးစ နေထွက်တော့ စောစောက မိုးရွာလို့
တင်နေတဲ့ မိုးစက်အငွေ့အသက်လေးတွေက နေရောင်အောက်မှာ လက်လက် လက်လက် နဲ့ ဘယ်လောက်လှလဲ..”
“ ဟုတ်ပါပြီကွာ….မင်းက ကဗျာ ဆရာ ဆိုတော့ ခံစားတက်မှာပေါ့ ”
“ဟာ… မဆိုင်ဘူးကွ … ဘယ်သူပဲဖြစ်ဖြစ် လောက ကြီးရဲ့ အလှတရားကို မြင်အောင်
ကြည့်တက်ရင် မြင်တာပဲလေကွာ …. ကဗျာဆရာမှာ အသဲနှလုံး တစ်ခု အပိုမပါ ပါဘူးကွာ ….”
“ဟုတ်ပါတယ် အာကာရယ် …. ကဗျာဆရာနဲ့ စကားပြိုင်ပြောမိတာကိုက
ကျွန်တော်မျိုးမှားတာပါ ”
မိုးယံက ရယ်ရယ်မောမော နှင့် ပြောသည် ။
“ အေး … စောစောစီးစီး တည်းက သိသင့်တယ် … နေဦး မှားနေတာ တစ်ခု ရှိသေးတယ် ..
ငါက ကဗျာဆရာမဟုတ်ဘူးကွ … ကဗျာသမား …. ကဗျာကို ၀ါသနာပါလို့ မြတ်နိုးလို့ ရေးတယ် .. ဖတ်တယ်..
အဲဒါ ကဗျာဝါသနာအိုး .. အဲ .. ဒါမှမဟုတ်ရင် ကဗျာသမား လို့ပဲ ခေါ်လို့ရတယ် … ကဗျာဆရာ မဖြစ်သေးဘူး …
ရှင်းပြီလား …”
ကျွန်တော်က ဆရာကြီးလေသံနှင့် ရှင်းပြသော်လည်း စိတ်ပျက်နေသော မျက်နှာထားဖြင့် မိုးယံက
“ ဟာ… တော်ပါပြီ ဆရာသမားရယ် .. ရှုပ်နေတာပဲ .. ဘာတွေမှန်းကို မသိတော့ဘူး ….”
“ ဟား … ဟား .. ဟား…”
စကားတစ်ပြောပြောနှင့် သူငယ်ချင်း ၂ ယောက် ဘီးဦးတည့်ရာ လွတ်လပ်စွာ ပျံသန်းလာသော ငှက်ကလေးများ သဖွယ်
ပေါ့ပါး ပျော်ရွှင်ဖွယ် ။ .. ဒါက အလုပ်မရှိလျှင် ကျွန်တော်တို့ သူငယ်ချင်း ၂ယောက် လုပ်နေကျ စိတ်အပန်းဖြေမှုတစ်ခုပင်..
“ အကို ”
ရုတ်တရက် မျက်နှာချင်းဆိုင်မှ လာသော သူရိန်၏ အသံ …
“ လွင်အောင် ကိုတွေ့မိသေးလား အကိုတို့ ”
“အင်း …. မတွေ့မိဘူး … ဘာကိစ္စတွေ အရေးကြီးနေတာလဲ ရန်နိုင် ”
“ မဟုတ်ပါဘူးဗျာ … ဒီမှာလေ … ကျွန်တော့်ကို အပူကပ်ပြီး လိုက်ရှာခိုင်းနေတာ …
တွေ့ရင်လည်း ပြောပါဦးဗျာ …”
သူရိန်က ပြောပြောဆိုဆိုနှင့် မေးငေါ့ ပြလိုက်သော နေရာကိုကြည့်လိုက်တော့ သူ့ကယ်ရီယာ နောက်မှာ ဂျစ်ကန်ကန်
စတိုင်လေးနဲ့ ဖန်စီကျသည်ဟု ထင်ရသော ကောင်မလေး တစ်ယောက် … ပေကပ်ကပ် ပုံစံလေးနှင့် ပြန်ကြည့်သည် ။

ဒီမှာ ဆက်လျှက်အားပေးပါဦးဗျာ .....

ဖြိုးငယ်

4 comments:

အလင်းရောင် on December 17, 2008 at 2:40 PM said...

ကိုဖြိုးငယ်ရေ တိုလီမုတ်စတွေကလည်း ကောင်းပါတယ်ဗျာ။ အစ်ကိုကဗျာတွေကို ညီလေးကတော့ အစဉ်အမြဲအားပေးလျှက်ပါဗျာ။
ဒီနေ့အတွက်လည်း အစ်ကိုကို ဂုဏ်ယူတယ်နော်။ တွေ့မှပဲ ခေါ်ကြည့်ဦးမယ်နော် ဘယ်လိုနေလဲဆိုတာကို .....ဟားဟား။

Anonymous said...

ဒီနေ့အတွက် ထပ်ဆင့် ဂုဏ်ယူပါတယ် အစ်ကိုရေ့း) နေကြာရိုင်ကိုနောက်မှ အေး၂ဆေး၂ သွားခူးစားရမယ် ။

ဝေလေး on January 9, 2009 at 5:56 AM said...

ဖတ်ပြီးသွားပြီ.... ကောင်းတယ်အစ်ကိုရေ....
ကဗျာဆရာမဟုတ် ကဗျာသမား..... မိုက်တယ်.... စကားလုံးတွေ.... :D

မီးငယ် on January 12, 2009 at 1:17 AM said...

Congratulation My Dear Bro!
I remembered that day but at that time i was in Myanmar. :(

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template