Monday, December 8, 2008
ဒီဇင်ဘာအလွမ်း - ၎
တစ်ခန်းရပ် ပြဇာတ်တစ်ခုလား
အလွမ်းရဲ့ ပြကွက်တစ်ခုလား
အချမ်းရဲ့ မျက်လှည့်တစ်ခုလား
လွမ်းနာတွေ စုနေတဲ့လူမမာ တစ်ယောက်လို့
ဘယ်ဆရာ ဘယ်ဆေးမှ ကယ်စရာ ဝေးလို့
သူတို့တွေ လက်မှိုင်ငေး နေကြပြီ ...
တစ်ကယ်ပါ ဗျာ .. ကျွန်တော်လေ
အဝေးက ချစ်သူအတွက်ပဲ ရင်လေးမိပါတယ် .....
ဖြိုးငယ်
Subscribe to:
Post Comments (Atom)
10 comments:
အချစ်ကြီးလှချည်လားဗျာ....
ဒီလောက်လွမ်းနေတာတောင်ချစ်သူအတွက်
ရင်လေးတုန်း.....
ကောင်းတယ်ဗျာ...
ကဗျာက လန်းတယ်ဗျာ...
လူမမာတစ်ယောက်
အဝေးကချစ်သူကို
စိတ်ချနိုင်မှာပါ...။
ကောင်းတယ် အကိုရေ..အားပေးလျက်ပါ
အဆင်ပြေပါစေဗျာ
လွမ်းနေတုန်းပဲ.... ဒီတစ်လလုံး လွမ်းနေဦးမှာ..
ဆက်ရေးမယ့်ကဗျာတွေအတွက်တောင် ရင်လေးလာပြီဗျာ အဟေးဟေး
အဲ့လောက်လွမ်းနေလည်း အနားခေါ်ထားလိုက်လေ အစ်ကိုရား) ကောင်းဘူးလား
ဟေဟေ...ဘိုဖြိုး အဖော်လိုက်ပေးရမလား...
ဒါကြောင့်ပြောပါတယ်...ကမ္ဘာကြိးပျက်စီးသွားရင်တော့
ဒို့ဘိုဖြိုးအလွမ်းတွေက ဘောင်ဘင်ခတ်ကျန်နေခဲ့ဦးမယ်
ဆိုတာ...ဟဲဟဲ အဲဒီထဲမှာ ဘိုတင့်မျက်ရည်တွေလည်း
ပါတယ်...ဘိုညိမ်းကဗျာတွေလည်းပါတယ်...ဘိုလွမ်း
ရဲ့ ကျောင်းပြေးတာတွေလည်းပါတယ်...ကျနော်လွတ်
တယ်...ဟားဟား...
ကဗျာတွေဖတ်ပြီး အများကြီးလွမ်းသွားတယ် ကိုဖြိုးငယ်
အားလုံးပဲ အဆင်ပြေပါစေ ကောင်းသောနေ့ပါ :)
လွန်လာပြီ အစ်ကိုရာ ။ ညီလွမ်းဖိုလည်း ချန်ပါဦး ။ :(
:P
ဒီကဗျာလေးတော့ ကြိုက်တယ်ဗျ
Post a Comment