Friday, January 30, 2009

မီးပျော်ပိုး



မတွေ့ရင် ဘာမှမဖြစ်ပေမဲ့
တွေ့ရင် မနေနိုင်ခဲ့ပြန်ဘူး
ဒီအရူးကိုမှ အမဲသားကျွေးခဲ့တာကို ....

အခါခါသေဖူးတာတောင်
ပျဉ်ဖိုးနားမလည်သေးတဲ့ကောင်ကို
ဘာလို့များ ကမ္ဘာလူမိုက်စာရင်း မသွင်းသေးတာလဲ ...

ငါက မီးမှာပျော်တဲ့ ပိုးဖလံ တစ်ကောင်ပါ
ထုံဆေးမှ မပြယ်သေးပဲ
ဒီရင်ကို အစိမ်းလိုက်ခွဲလဲ အသဲက မာနေတုန်း ....

ကလေးကုလားဆန်တဲ့ စကားတွေကိုပဲ
အလေးထားနေမိတယ်
အတွေးတွေမှားလို့ အဆွေးတွေပွားနေရသူပါ ....

ကုလားဖန်တွေ ဘယ်လိုထိုးထိုး
ရိုးမသွားတဲ့ ကံကြမ္မာ ဖဲအသေတွေကိုင်
တစ်ပွဲတစ်လေများ နိုင်မလားလို့ ပေါ့ ...

နောက်ဆုံး
ဒီငတုံးကို
လိမ်ညာတက်မှ ချစ်ကြပါ ....


ဖြိုးငယ်



12 comments:

အိုင်လွယ်ပန် on January 30, 2009 at 8:28 PM said...

မီးပျော်ပိုး ....
ကောင်းတယ်ကိုဖြိုးငယ်ရေ ....
တကယ်တမ်းပျော်မိရင် တစ်ဘဝလုံးပြာကျကာမှကျ
မီးကြိုက်တယ် .............

ရိုးမြင့်အောင် on January 30, 2009 at 10:34 PM said...

အမဲသားမကြိုက်ဘူးလားဗျ... အဟတ်ဟတ်...
ဝက်သားကျွေးမယ်...

ဆောင်းယွန်းလ on January 31, 2009 at 6:37 PM said...

ကဗျာလေးကောင်းတယ် ညီလေး
တစ်ပွဲတစ်လေတော့ နိုင်လာဦးမှာပါ ညီလေးရာ
ခင်မင်လျက်

GreenGirl on February 1, 2009 at 3:42 AM said...

မီးထဲမှာတော့ တစ်သက်လုံးမပျော်ပါနဲ့ မောင်လေးရယ် ပူပါတယ်

mgngal on February 1, 2009 at 6:56 AM said...

အလဲ့ မိုက်လှချည်လား စာသားတွေက ။ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနဲရရှာ ဆိုလား ကြားဖူးတယ်ဗျ ။ ကိုဖြိုးလည်း အဲလို ဖြစ်နေပြီလား ။ မတိုးပဲ မနေနိုင်ဘူး မို့ လား ။ တိုးသာတိုး ကိုယ်ကျိုးနဲကာမှ နဲရော ။:D
ဒါနဲ့  အစိမ်းလိုက်ခွဲလဲ မှာ လဲ က လည်း ဖြစ်မယ် ထင်တယ်ဗျ ။ ဆြာလုပ်တာ ဟုတ်ဘူး ။ ထင်တာလေး ပြောပြတာ ။ ကဗျာလေး ကြိုက်တယ် ။ စကားပုံလေးတွေ
ညှပ်သုံးထားတာ ဆီလျော်တယ် ။

Apprenticeship on February 1, 2009 at 10:22 AM said...

ဒါဆိုလဲ မတွေ့အောင်နေပါ့ ဟိ :P

Anonymous said...

လိမ်ညာတက်တဲ့ ကောင်မလေးတွေတွေ့ရင် အကြောင်းကြားလိုက်မယ်း) ခံစားချက်တွေ ပြင်းနေပါတယ်ဆို အလိုက်မသိ စသွားတယ်ဗျ ။

Unknown on February 3, 2009 at 2:37 PM said...

ဘယ်လိုတွေများ ခံစားပြီးရေးလိုက်တာလဲကွယ်...။ စာသားတွေက လန်ထွက်နေတယ်..

" ကုလားဖန်တွေ ဘယ်လိုထိုးထိုး
ရိုးမသွားတဲ့ ကံကြမ္မာ ဖဲအသေတွေကိုင်
တစ်ပွဲတစ်လေများ နိုင်မလားလို့ ပေါ့ ..."

အဲ့ဒီ့နေရာကိုတော့ အကြိုက်ဆုံးပဲ.. အချစ်တစ်ခုထဲတင် မက အရာအားလုံးနဲ့ အကြုံးဝင်နေလို့..။

Unknown on February 6, 2009 at 3:26 PM said...

ကိုဖြိုးရေ သိသိကြီးနဲ့လိမ်ခံနေရတာလည်း ခံစားမှုတစ်မျိုးပဲနော နောက်ဆုံးကြရင်တော့ ရိုက်မဆစ်ရဘူး ထွက်လာလိမ့်မယ် ကိုဖြိုးရေ :D
ထင်တာပြောတာ တကယ်မယုံနဲ့နော :)
ကောင်းသောနေ့ဗျာ...

Anonymous said...

“မတွေ့ရင် ဘာမှမဖြစ်ပေမဲ့
တွေ့ရင် မနေနိုင်ခဲ့ပြန်ဘူး”
ဒါလေးကတော့ ကျနော်နဲ့ တိုက်ဆိုင်နေတယ်ဗျာ။ ကျနော်လဲ မီးပျော်ပိုး ဖြစ်နေပြီ လား မတွေးတတ်တော့ဘူး။ ကဗျာ တစ်ပုဒ်လုံး နှစ်သက်စွာ ခံစားသွားတယ်။

မင်းကျန်စစ်။ on February 11, 2009 at 8:53 AM said...

ကလေးကလားနဲ့ အတွေးမမှားနဲ့ အမေတို့ ငယ်ငယ်ကတည်းက သုံးတာ သက်သာ ဆပ်ပြာမှုန့် :D
ကဗျာက ဂွတ်ထပဲ ဘို--ွတ် :P

ဝေလေး on March 16, 2009 at 5:48 AM said...

" ကုလားဖန်တွေ ဘယ်လိုထိုးထိုး
ရိုးမသွားတဲ့ ကံကြမ္မာ ဖဲအသေတွေကိုင်
တစ်ပွဲတစ်လေများ နိုင်မလားလို့ ပေါ့ ... "

တစ်ပွဲလောက်အနိုင်ရရင်တော့ မိုက်မယ်နော်... တစ်ပွဲမှမနိုင်သေးတာခက်တယ်။ ဂွတ်ထ...

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template