Saturday, May 2, 2009

မိုင်တိုင် ( ၂၄ )


၂၀၀၉ ခုနှစ် မေလ ၂ရက်
ငါ့အသက်ကို ကမ္ဘာပေါ်စိုက်ခဲ့တာ
မိုင်တိုင် ၂၄ ခုရှိခဲ့ပြီ...

ဖြတ်သန်းလာတဲ့ လမ်းတစ်လျောက်
အမြဲတမ်းတော့ ဘယ်ဖြောင့်ပါ့မလဲ
ဘ၀ဟာ အတွေ့အကောက်မှမပါရင်
ပျင်းဖို့သိပ်ကောင်းတယ်...

မာယာမြိုင်တော ဟောဒီလောကကြီးထဲ
အဖေ့ရဲ့ ခေါက်ရိုးကျိုး မှာတမ်းတွေနဲ့
ကျွန်တော် ရဲရဲကြီး တိုးခဲ့တာပါ အဖေ
နေက ကမ္ဘာကိုပတ်ရင်း
ကျွန်တော် အိမ်က ထွက်ခဲ့တာ
၆နှစ်တောင်တိုင်ခဲ့ပြီး...

ကျွန်တော်ရဲ့ မိုင်တိုင် ၂၄ က
အိမ်နဲ့အဝေးမှာ ဘာတွေဖြစ်ဦးမလဲ
မသိတော့ဘူး အမေ
ကျွန်တော့်ရဲ့ ဇာတာကိုက
အိမ်လွမ်းနာပါနေခဲ့တာလားထင်ရဲ့...

မိုင်တိုင် ၂၄
ကျွန်တော့် ဘေးမှာ ချစ်သူကို ရှိနေစေချင်တာပေါ့
အခြေအနေ အကြောင်းမပေးလို့
အတွေးနဲ့ပဲ မိတ်ဖွဲ့
နောက်တော့လည်း စိတ်နဲ့အစာတဲ့လောက်ရဲ့ ...

သြော် ...
ဘာလိုလို နဲ့ တစ်ဖြည်းဖြည်းဇရာအို
ကျွန်တော်ဆိုတဲ့ကောင်လေ
ဒီနေ့မှာ ၂၄ ဂဏန်းကို
ခပ်ပိုင်ပိုင်နမ်းခဲ့လေပြီ ....

ဖြိုးငယ်






ကောင်းကင်ရင်ခွင် ပွင့်ပြီတဲ့လား
ကိုယ်သာ “ အရောင် ” ဆို
သူမသိအောင် “ မှောင် ” ထားလိုက်မယ်
ဒါပေမဲ့
အလင်းမဲ့ညမှာ နှလုံးသားမှာ
မီးထွန်းစရာ မလိုပါဘူး
သခင့် ပုံရိပ်နဲ့ ထွန်းလင်းနေပါစေ ။
ကိုယ်ဟာ “ တိမ်ဖြူလွှာ ” လေး မဟုတ်လေတော့
လေယူရာ တိုက်ခတ်တိုင်းလည်း
သံယောဇဉ် ကြိုးမျှင်ပါးလေးက
လူးလွန့်လို့တောင် မသွားခဲ့ပါဘူးတဲ့ “ သခင် ” ရေ ...
ကိုယ့်ကိုကိုယ်သာ သီချင်းလေးတစ်ပိုဒ်ဆို
ကိုယ့်သခင်ဆိုညည်းဖို့
သံစဉ်နွေးနွေးလေးတွေ မွေးမြူလို့ထားခဲ့တယ် ။
မေးပါရစေ .. သခင်
နွေရာသီတိတိရဲ့ ပြင်းရှရှညတွေကို ကျော်လွားစေဖို့
သခင် ပေးသနားမှာတဲ့လား ...
တေးမိလေတိုင်း လျှောက်လှမ်းမိတဲ့
လမ်းကလေးကလည်း လွမ်းချင်ပါသတဲ့လေ ... ။
ဆည်းဆာအောက်က ချူံးပွဲချလွမ်းခဲ့သမျှကို
ကျ “ နေ၀န်း ” ကတောင်
အားပေးနေသယောင်ယောင်ပါပဲ .. ။
သူမသိတော့ ... “ သခင် ”ရေ
မျှော်တော်ယောင် ပတ်ပျိုးလေးမှာ
အစချီကတည်းက ရှိုက်သံလေးတွေနဲ့
သီကုံးခဲ့ရတယ် ။
သခင့်ထံမှာ ၀မ်းနည်းဖို့ မဆိုချင်ပါဘူး
မအိုသေးတဲ့ “ ထိုထို ” ညတွေတိုင်းမှာ
အချစ်တွေသာ “ ပျိုပျို ” လို့ ပင်သစ်နေပါတယ်
ကံကြမ္မာဖန်လာသမျှ မာန်ခ၀ါ မချဘူးဆိုတဲ့ သက်သေ
ကိုယ်ဘယ်လိုပြရမလဲ !
ဒီတော့ ပုန်းလျှိုးကွယ်လျှိုး “ အပြုံး ” လေးတွေကို စုဆောင်းလို့
ဒီနေ့လေးမှာ
ကိုယ်ပိုင်တဲ့ ကိုယ့်သခင်အတွက်
ရည်စူးမေတ္တာ ဆုတောင်းစာက
“ .............................. ” လို့ပါသခင် ။ ။


ဒီကဗျာလေးကတော့ တစ်ယောက်သောသူရဲ့မွေးနေ့လက်ဆောင်ဖြစ်ပါတယ် .. ။ ကဗျာလေးကိုလည်း ကြိုက်လို့ တစ်ခါတည်းတင်လိုက်တာပါ .. ။ မွေးနေ့လက်ဆောင်အဖြစ်ပေးချင်လွန်းလို့ ကိုယ်တိုင်မစွမ်း
သော်ညား ဖြစ်မြောက်အောင် ကျွန်တော်နှစ်သက်တဲ့ကဗျာလေးတစ်ပုဒ် ဖြစ်မြောက်အောင် ဖန်တီး
ပေးပို့ပေးတဲ့သူကိုရော .. ရေးသားပေးတဲ့သူကိုပါ အထူးကျေးဇူးတင်ပါတယ်။ ခေါင်းစဉ်လေးကိုတော့
အဆင်ပြေသလိုသာ ပေးလိုက်ကြပါဗျာ ။




11 comments:

Unknown on May 2, 2009 at 8:24 AM said...

မိုင်တိုင်ပေါင်းများစွာ ချစ်တဲ့ကဗျာတွေနဲ့အတူ လက်တွဲ လျှောက်လှမ်းနိုင်ပါစေ သူငယ်ချင်းရေ :)

ဝေလေး on May 2, 2009 at 8:49 AM said...

မိုင်တိုင်ပေါင်းများစွာ ချစ်တဲ့မိသားစု ချစ်တဲ့ကဗျာတွေနဲ့ ဆက်ပြီးလျှောက်လှမ်းနိုင်ပါစေ အစ်ကို....
ကဗျာနှစ်ပုဒ်လုံးကြိုက်တယ်။
အောက်ကကဗျာလေးက လှတယ်.... :)

သက်ထွန်းညိမ်း on May 2, 2009 at 10:53 AM said...

happy birthday ဗျာ
ရွှင်လန်းချမ်းမြေ့ပါစေ

Maung Myo on May 2, 2009 at 6:31 PM said...

Happy Birthday အစ်ကိုဖြိုးငယ်း) အိမ်လွမ်းနာတွေ ပြေတော့မှာမို့ မိုင်းတိုင်တွေကို အားတင်းပြီး ဆက်လျှောက်နိုင်ပါစေဗျာ ။


မောင်မျိုး

ဆောင်းယွန်းလ on May 2, 2009 at 8:53 PM said...

မိုင်တိုင်၂၄မှာတောင် ရင့်ကျက်မှုတွေကိုတွေ့နေရပါတယ်
ညီလေးရေ..မိုင်တိုင်ပေါင်းများစွာကို အောင်မြင်စွာဖြတ်သန်းနိုင်ပါစေ

Unknown on May 2, 2009 at 10:05 PM said...

Happy Birthday Ko gyi phyo kyaw
အစ်ကို ဘလောခ်မှာ ပို့စ်မတင်ခင်ကတည်းက ညီမလေးသိတယ်နော် ညီမလေး မှတ်မိနေပါတယ်
မမေ့ပါဘူး
ခင်တဲ့
ညီမလေး
talay

မီးငယ် on May 2, 2009 at 10:27 PM said...

အကိုမွေးနေ့မှာပျော်ရွှင်ပါစေ... ၂၄ နှစ်မှသည်နောင်နှစ်ပါင်းများစွာတိုင် ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့များစွာကို ပိုင်ဆိုင်နိုင်ပါစေ....

Soe Mya Nandar Thet Lwin (Borros Roxo) on May 3, 2009 at 1:38 AM said...

Happy Birthday!!!!

May you be happy, success and long life with the one you love.

All the best..

Nandar

mgngal on May 3, 2009 at 4:07 AM said...

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ကိုဖြိုးငယ် ။ နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သူနဲ့  အတူ လက်တွဲ ဖြတ်သန်းနိုင်ပါစေ ။

mgngal on May 3, 2009 at 4:07 AM said...

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ကိုဖြိုးငယ် ။ နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သူနဲ့  အတူ လက်တွဲ ဖြတ်သန်းနိုင်ပါစေ ။

Unknown on May 16, 2009 at 7:14 PM said...

နောင်နှစ်ပေါင်းများစွာ ကဗျာတွေဆက်လက်ရေးဖွဲ့ရင်း ပျော်ရွှင်နိုင်ပါစေ...


မောင်လေးရေ မွေးနေ့ဆိုတောင်း နောက်ကျလို့ ခွင့်လွှတ်ပါနော်။ အစ်မတာဝန်မကျေသလို ဖြစ်သွားပြီး(

လွမ်းသုရင်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template