Monday, May 25, 2009

လူငယ်ကဗျာဆရာ




မတောက်တစ်ခေါက်
ကဗျာတွေ ကောက်မိပါတယ်
ပန်းအခြောက်တွေတော့ ဘယ်ဝေနိုင်မလဲ
ဒီနွေမှာ တစ်တောလုံးစိမ်းပါ့မလား ......

တယိမ်းတယိုင်
နတ်စိမ်းကိုင်သလို
အနုပညာကိုတော့ မလိမ်ချင်ဘူး
ငါ့ရင်ကို ဗလာဖြစ်တဲ့အထိ ခင်းကျင်းပစ်မယ် ....

ရှေးရာဇ၀င် အကြောင်းတစ်ချက်
ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့တာပဲ
ငါ့ရင်ဘတ်မှာလည်း ကဗျာအတက်ထွက်ကောင်းပါရဲ့
ငါက ကဗျာတွေနဲ့ လက်ဆက်ချင်တဲ့ကောင် .....

လေရမ်းတွေ စည်တီးသလို
တဟီးဟီး ငါ့ဆီအော်လာရင်တောင်
ခြေလှမ်းတိုင်းမှာ ကဗျာတွေကို နမ်းခဲ့မယ်
နောက်ဘ၀ လမ်းအထိပေါ့ .....

သေအံ့မူးမူး
လှိုင်းကြမ်းတို့ စူးခဲ့ရင်တောင်
ဆီဦးထောပတ် မပါပဲ
ကဗျာတွေနဲ့ လက်ပစ်ကူးမဲ့ကောင် ....

ငါ့ဇာတာကိုက
ကဗျာနာ ကျခဲ့သလားပဲ
ငါ့ခန္ဓာကိုဖောက်ကြည့်ရင်
ကဗျာတွေ ပိုးပိုးပေါက်ပေါက် ကျလာဦးမယ် ....

အို .. အသင်လောက
မြင်သာအောင် တမင်တကာ ပုံမပြချင်တော့ဘူး
ငါ့ရင်အစုံ ဗြန်းဗြန်းမကွဲသွားသေးသ၍
ကဗျာတွေရဲ့ အရှေ့မှာရပ်
မနက်ဖြန်တိုင်းကို အသက်ဆက်မယ် ....

ဖြိုးငယ်

9 comments:

Anonymous said...

ကောင်းတယ် အကိုရာ၊တကယ့်ကိုလန်းတယ်

ငါ့ဇာတာကိုက
ကဗျာနာ ကျခဲ့သလားပဲ
ငါ့ခန္ဓာကိုဖောက်ကြည့်ရင်
ကဗျာတွေ ပိုးပိုးပေါက်ပေါက် ကျလာဦးမယ် ....

အို .. အသင်လောက
မြင်သာအောင် တမင်တကာ ပုံမပြချင်တော့ဘူး
ငါ့ရင်အစုံ ဗြန်းဗြန်းမကွဲသွားသေးသ၍
ကဗျာတွေရဲ့ အရှေ့မှာရပ်
မနက်ဖြန်တိုင်းကို အသက်ဆက်မယ် ....
အဲဒါလေးတွေ ပိုကြိုက်တယ်
အားပေးလျက်ပါ

ဝေလေး on May 25, 2009 at 8:40 AM said...

ကဗျာ ..... ကဗျာ......
သွေးတွေထဲလှည့်ပတ်နေမယ့်ပုံမြင်ယောင်သွားတယ်...
ကဗျာနဲ့အသက်ဆက်မယ့် အစ်ကိုရေ..... :)

သက်ထွန်းညိမ်း on May 25, 2009 at 10:03 AM said...

လူငယ်ကဗျာဆရာတွေ များများလိုအပ်တယ်
ကမ္ဘာကြီးကို အလှဆင်ဖို့ရယ် ချစ်သူကို
အလှဆင်ဖို့ရယ် စသဖြင့်ပေါ့လေ
ဆရာတာရာမင်းဝေလို ဆရာမင်းလူ
ဆရာမင်းခိုက်စိုးစံ စသဖြင့်ပေါ့
ဆက်လုပ် ကျုပ်တော့ အားပေးတယ်ဗျ...
မတောက်တစ်ခေါက်
ကဗျာတွေ ကောက်မိပါတယ်
ပန်းအခြောက်တွေတော့ ဘယ်ဝေနိုင်မလဲ
ဒီနွေမှာ တစ်တောလုံးစိမ်းပါ့မလား ......
စိမ်းမစိမ်းတော့ မသိဘူး ဟို ၀တုတ်တုတ်နဲ့
လူကတော့ ဒီနှစ်ဘော်လဂါမြစ်ထဲ ရေကူးမယ်ပဲ
လုပ်နေတယ် နည်းနည်းထိန်းဦးနော်း)

(သက်ထွန်းညိမ်း)

Unknown on May 25, 2009 at 12:13 PM said...

ကဗျာနှလုံးသားရှိသူတိုင်း ကဗျာတွေ ဆက်လက်ဖွဲ့သီနိုင်ပါစေဗျာ ကောင်းသောနေ့ကိုဖြိုးငယ် :)

သက်ပိုင်သူ on May 25, 2009 at 6:47 PM said...

ညီရေ
ကဗျာလေးကောင်း၏

mgngal on May 27, 2009 at 3:31 PM said...

ပြတ်သားလှချည်လား ။ အဲလိုဖြစ်နေရမယ် ။ ဆက်တိုးထား နောက်နားကပါလာတယ် ။

မသက်ဇင် on May 27, 2009 at 4:45 PM said...

အို .. အသင်လောက
မြင်သာအောင် တမင်တကာ ပုံမပြချင်တော့ဘူး
ငါ့ရင်အစုံ ဗြန်းဗြန်းမကွဲသွားသေးသ၍
ကဗျာတွေရဲ့ အရှေ့မှာရပ်
မနက်ဖြန်တိုင်းကို အသက်ဆက်မယ် ....

အဲလောက်တောင်
ကဗျာတွေအပေါ်သစ္စာရှိတယ်လား
ဖြိုးငယ်ရယ်

ကဗျာဦး on May 28, 2009 at 9:49 AM said...

ကဗျာတွေလန်းတယ်

Unknown on June 26, 2009 at 9:43 PM said...

သေအံ့မူးမူး
လှိုင်းကြမ်းတို့ စူးခဲ့ရင်တောင်
ဆီဦးထောပတ် မပါပဲ
ကဗျာတွေနဲ့ လက်ပစ်ကူးမဲ့ကောင် ....

လူငယ်ကဗျာဆရာရေ
အရမ်းလန်းတဲ့ ကဗျာလေးပဲ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template