Thursday, May 7, 2009

သံသရာဆုတောင်း


မုန်းမှာလား သခင်
မေ့ဖို့ပြင်ရင်
ငါ့မျက်နှာကို တစ်ချက်မြင်ပါ
အရင်လို ဒို့နှစ်ယောက်
အတူလျှောက်ဖူးတဲ့လမ်းမှာ
ကျေးငှက်တို့တောင် ရောက်လောက်ပြီပေါ့ ....
ငါတစ်ယောက်တည်းနဲ့
သူတို့ရဲ့နှုတ်ဆက်စကားကို
မဖြေကြားရဲဘူး သခင်ရေ .....

ေ၀၀ါးနေတဲ့ အမြင်နဲ့
သံသယရင်ခွင်ကို ခပ်ကြမ်းကြမ်းနမ်းခဲ့ရင်
အကြင်နာပန်းတွေနွမ်းတယ်
မနက်ဖြန်ရဲ့လမ်းတစ်လျှောက်
ငါ့ကို တစ္ဆေတွေခြောက်လိုက်တာ
အရှေ့ရော အနောက်ရော နေမထွက်ဘူး ....
( ဒါတောင် )
မနေတက် မထိုင်တက် ရင်ခွင်က
အလွမ်းတွေကို နှင်ခဲ့ချင်သေးတယ်လေ .....

တစ်ပတ်နွမ်းတဲ့ မျက်ကန်းရင်ခုန်သံက
ကမ္ဘာတုန်အောင် မစွမ်းနိုင်ခဲ့ဘူး
တစ်ဖက်ကမ်းခတ် မှော်အတက်နဲ့
ငါ့ရင်ဘတ်တစ်ခြမ်းကို
ရူးရူးနှမ်းနှမ်းစွဲလမ်းစေခဲ့ပြီးမှ
လောင် ကျွမ်း ပြာ ကျ
မင်းကတော့ မျက်ရည်တောင် မခခဲ့ဘူး
သက်သေ ဘယ်လိုပြရမလဲ
တကယ်ချစ်ခဲ့တာပါ သခင်ရယ်
အပြစ်လို့မြင်လျှင်မြင်တော့
လိုချင်တဲ့ ဆုတစ်ခု
အကျွန်ုပ်ရင်ထဲ တိတ်တိတ်လေးမောင်းထုထားတယ် ....

သံသရာတစ်ခွင်
ပြန်လည်ကာဆုံချင်ပါသေးတယ်
သံသရာ တစ်ကွေ့
ပြန်လည်ကာဆုံတွေ့ရမယ် သေချာရင်
သံသရာလမ်းတစ်လျှောက်
မင်းခြေရာကောက်ပြီး လိုက်ခဲ့မယ်
မင်းနေရာရောက်မှ
ရေကြည်ရာရှာသောက်ပြီး
မင်းနဲ့အတူ နှစ်ယောက်
ကမ္ဘာပေါ်လမ်းတစ်ပတ်လျှောက်ချင်တယ် ....

ဖြိုးငယ်


10 comments:

Unknown on May 7, 2009 at 10:16 PM said...

မောင်လေးရေ..ကဗျာလေးကိုတော်တော်ကြိုက်တယ်..
ခံစားချက်ခြင်းတူနေသလို..ဆုတောင်းလည်းတူနေတယ်..

mgngal on May 8, 2009 at 3:38 AM said...

အော် ဒီသခင်ကိုလည်း ကဗျာတွေ ခဏ ခဏ ဆက်နေရပါလား ။ ဆုတောင်းကောင်းပါစေဗျာ ။ :)

ဝေလေး on May 8, 2009 at 9:11 AM said...

~~တစ်ပတ်နွမ်းတဲ့ မျက်ကန်းရင်ခုန်သံက
ကမ္ဘာတုန်အောင် မစွမ်းနိုင်ခဲ့ဘူး
တစ်ဖက်ကမ်းခတ် မှော်အတက်နဲ့
ငါ့ရင်ဘတ်တစ်ခြမ်းကို
ရူးရူးနှမ်းနှမ်းစွဲလမ်းစေခဲ့ပြီးမှ
လောင် ကျွမ်း ပြာ ကျ
မင်းကတော့ မျက်ရည်တောင် မခခဲ့ဘူး~~

Good :)

နာ့အစ်ကို လမ်းတော့မလျှောက်ပါနဲ့ ခြေထောက်တွေညောင်းနေဦးမယ်.... ကားလေးနဲ့ပတ်ပေါ့.. နော့..... :P

ကြယ်ပြာ on May 9, 2009 at 12:53 PM said...

ပထမဆုံးလာဖတ်ဖြစ်တာပါ …

“ေ၀၀ါးနေတဲ့ အမြင်နဲ့
သံသယရင်ခွင်ကို ခပ်ကြမ်းကြမ်းနမ်းခဲ့ရင်
အကြင်နာပန်းတွေနွမ်းတယ်
မနက်ဖြန်ရဲ့လမ်းတစ်လျှောက်
ငါ့ကို တစ္ဆေတွေခြောက်လိုက်တာ
အရှေ့ရော အနောက်ရော နေမထွက်ဘူး ....
( ဒါတောင် )
မနေတက် မထိုင်တက် ရင်ခွင်က
အလွမ်းတွေကို နှင်ခဲ့ချင်သေးတယ်လေ .....”

ဒီစာပိုဒ်လေးကို အနှစ်သက်ဆုံးပါပဲ …

သက်ထွန်းညိမ်း on May 10, 2009 at 12:03 AM said...

တစ်ပတ်နွမ်းတဲ့ မျက်ကန်းရင်ခုန်သံက
ကမ္ဘာတုန်အောင် မစွမ်းနိုင်ခဲ့ဘူး
ကမ္ဘာတုန်တဲ့အချိန် ကြိုပြေား)

သက်ထွန်းညိမ်း

မီးငယ် on May 10, 2009 at 3:07 PM said...

နောက်ဆုံးတစ်ပိုဒ်ကို ကြိုက်တယ်အကို...
ကံကြမ္မာက အခွင့်သာရင် နောက်တစ်ကြိမ်ပြန်တွေ့ချင်သေးတယ်...း(

ကဗျာဦး on May 11, 2009 at 5:19 PM said...

ကိုဖြိုး
ကဗျာလေးလန်းတယ်

zue on May 12, 2009 at 12:53 AM said...

"မေ့ဖို့ပြင်ရင်
ငါ့မျက်နှာကို တစ်ချက်မြင်ပါ"
ဆိုတဲ့ စာသားလေး အရမ်းသဘောကျတယ်..

Anonymous said...

သခင်လိုရင် ကျူပ်အသက်ကိုတောင် စတေးဝံ့တယ်ပေါ့ ဟုတ်စ ဖြိုးငယ် ကောင်းလိုက်တဲ့ ကဗျာလေး

က+ဗျာ+လှည်း on May 14, 2009 at 7:59 AM said...

မေ့ဖို့ပြင်ရင်... ငါ့မျက်နှာကိုတစ်ချက်မြင်ပါ... အဟိ... မေ့မရဘူး... ကြောက်လွန်းလို့...။ :D :P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template