ကောင်းကင်ရဲ့ သခင်မရေ....
ဒီညမှာ ကြယ်တွေ လတွေမရှိလို့
ငါ့ကဗျာတွေ အတိနဲ့
မီးညှိထားရတယ်.......
မင်းမသိဘူးလား
အနောက်ယွန်းယွန်းမှာလည်း
သတိရခြင်းတွေ ထွန်းထားတယ်....
လာမလှောင်ကြနဲ့
အပြာရောင်ညတွေကိုငါမသိဘူး
ဖြစ်စေချင်တဲ့ အခန်း
ဒီဇာတ်လမ်းထဲမှာလည်း မပါသေးဘူး......
မှာတမ်းတစ်ချို့မှာ
သူမရဲ့မျက်ရည်တို့ တွဲလဲခို
အသည်းအမဲ ငိုရတဲ့ရင်ခွင်ကလည်း ကြေမွ
ခြေချစရာတောင် နေရာမကျန်တော့ဘူး......
အချိန်မှန်ခုတ်မောင်းတဲ့ အလွမ်း
ဝေဒနာမှတ်တမ်းမှာ ကဗ္ဗည်းထိုး
ငါ့ညလေး တစ်ရေးမနိုးခင်
အိပ်မက်ဆိုးများ ဝေးပါရစေ.....
မျှော်မှန်းတဲ့အနာဂတ်
ငါ့ရင်ဘတ်နဲ့ မဆံ့ တော့ဘူး
နိုးတစ်ဝက် အိပ်တစ်ဝက်
ဒီရေ မတက်တဲ့ညမှာ
ရီသံတွေ ခဏရချင်တယ်…..
မှိတ်တစ်ချက် လင်းတစ်ချက်
အနောက်ဘက်က နေထွက်ရင်
ငါ့ကိုတစ်ချက်လောက်နိုးပါ…
ပျိုးထားတဲ့ အလွမ်းတွေ မီးရှို့
ကမ္ဘာတစ်ဖက်ကိုပို့ချင်လို့…….
ဖြိုးငယ်
3 comments:
ဟဲဟဲ အနောက်ဖက်က နေထွက်မှ နိုးရမှာပေါ့လေ...:D
ကောင်း၏ ကောင်း၏ ...:)
ခုလောလောဆယ်နေတော့ နိုးသေးဘူးလားဝေးးးးး
အနောက်ဘက်မှ နေထွက်ရင်တော့
သေချာတယ် မင်းတော့ အဟဲ :P
လာနိုးပါမယ်လို့
ညိမ့်ညိမ့်လေး အလိုက်သင့် မျောသွားသည်။
Post a Comment