အဲဒီညပေါ့
အငှားချခံရတဲ့ ရင်ဘတ်ကမေးတယ်
မင်းငါ့ကိုနေရာပေးသင့်တယ်တဲ့.....
ကျေနပ်စွာနဲ့
(ကျွန်တော်)ရင်ဘတ်ကိုလှပ်ပေးလိုက်တော့
အလွမ်းတွေပဲ ထွက်ကျလာပြန်ရော.....
ဒီလိုနဲ့
ပုံပြင်ဟာ သူ့ကိုယ်သူကဗျည်းတပ်တယ်
သူဟာ အနာဂတ်ရဲ့ သူရဲကောင်းတဲ့.......
အဲဒီအရပ်မှာနေထွက်တော့
ငါအိပ်တန်းတက်တယ်
အလွမ်းတွေပေကျံမထွက်အောင်
လောကကြီးရေ....
ငါ့ကိုကွက်လပ်ဖြည့်ခွင့်ပေးပါ....
ဖြိုးငယ်
4 comments:
အငှားချခံရပေမယ်လဲ ကျေနပ်စွာနဲ့ပေါ့နော်ရင်ဘတ်လေးက...:)
လောကကြီးရေ အိမ်လေးရဲ့ သယ်ရင်းလေးကို အလွမ်းတွေ ထပ်ပြီး ပေကျံမထွက်ရအောင် ကွက်လပ်လေးကို
်ဖြည့်ပေးပါနော်...:)
မင်းတို့ကတော့ တကယ့်ကို ကဗျာ Genius တွေပါပဲကွာ။
ကွက်လပ်ဖြည့်ခွင့် အမြန်ဆုံးရနိုင်ပါစေနော်
အဲဒီညပေါ့
အငှားချခံရတဲ့ ရင်ဘတ်ကမေးတယ်
မင်းငါ့ကိုနေရာပေးသင့်တယ်တဲ့.....
ကျေနပ်စွာနဲ့
(ကျွန်တော်)ရင်ဘတ်ကိုလှပ်ပေးလိုက်တော့
အလွမ်းတွေပဲ ထွက်ကျလာပြန်ရော.....
အကိုရေ ရင်ဘတ်တောင်မှ အသနားမပေးတော့ဘူးလား ကိုယ်ရင်ဘတ်ကိုတောင် ပြန်ငှားနေရတယ် ဟဲဟဲ စတာနော် ကောင်းတယ်ဆက်ရေးနော် အကိုရေ ကွက်လပ်လေးဖြည့်သွားမှာပါနော် အိုကေ
Post a Comment