ဇဗ္ဗူဒီပါ လင်္ကျာတောင်ကျွန်းမှာ
တောက်ပထွန်းလင်းတဲ့ ကြယ်တစ်ပွင့်
သူမဟာ ကျွန်တော်ရဲ့ နတ်သမီးဖြစ်တယ်....
တောင်နံရံကို ရိုက်ခတ်
ပင်လယ်ကို ဖြတ်လာတဲ့လေညင်းက
သူမ စေလိုက်တဲ့ သီချင်းလား......
ကြယ်တွေမကစားလို့အမှောင်ကျ
တေလေတစ်ကောင်ရဲ့ ညမှာလည်း
သူမက လမင်းဖြစ်တယ်......
ဝေးကွာခြင်း ပြတင်းကိုဖြတ်
သူမကိုနေ့တိုင်းဆက်တဲ့ပန်းမှာ
လွမ်းကဗျာတွေပဲ ပွင့်တယ်….
တစ်နေ့တစ်လှမ်း မလှမ်းနိုင်တဲ့ဘ၀မို့
ပုဂံ ရယ်….
မင်းရပ်နေတာ အားနာမိပါရဲ့…..
နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်ပေါ့
သူမကိုကျွန်တော်ချစ်တယ်..
သူမကို ကျွန်တော်လွမ်းတယ်
ဒီဘ၀မှာ
သူမသာကျွန်တော့်ရဲ့နာနတ်သီး
ရင်မှာ တစ်လုံးပဲသီးတဲ့
နတ်သမီးလေးပါ......
ဖြိုးငယ်
5 comments:
နတ်သမီးလေးက လေညင်းလေးနဲ့ သယ်ရင်းလေးတွက် သီချင်းလေးပို့လိုက်တယ်တဲ့နော့်...
လမင်းလေးတွက် ဆက်တဲ့ ပန်းလေးတွေမှာ လွမ်းကဗျာတွေပဲ ပွင့်တယ်တဲ့လားဝေးးးဂွတ်ထပဲ ...ဟီးးးရင်မှာတလုံးပဲသီးတဲ့ နာနတ်သီးလေးလားကွ...:D
အားပါးပါး တော်ပါ့ပေ့ နာနတ်သီး သခင်ရာယ်
အရင်ရေးတဲ့ ပုံစံတွေနဲ့ မတူဘူးနော်
ကောင်းတယ်ဗျ
တော်ပါသေးရဲ့ နာနတ်သီးကယ်သွားလို့...
ဟိ ဟိ... ကဗျာလေးက အရမ်းကောင်းတယ်...
ရင်ထဲမှာတော့ တလုံးပဲသီးလား မသီးလားတော့ သိဝူး..
အပင်မှာတော့ တစ်ပင်ကို တစ်လုံးပဲ သီးတယ်...
တပင်လဲမူ တပင်ထူ မကတဲ့ တစ်မျက်ကွင်းကို တပင်ပေါက်တဲ့ နာနတ်သီး ကြီးတော့ မဖြစ်စေနဲ့နော့ ဟတ်ဟတ်
ရှေ့မှာ ခံစားပြီး နောက်ဆုံးကျမှ ပြုံးရတယ်။ နာနတ်သီးတဲ့...
Post a Comment