Friday, July 25, 2008

နေသာသလိုနေလိုက်..တော့..



အသစ်တွေ့လို့ မေ့တတ်ရင်
စောစောကပြောပေါ့ဆို
မုန်းတယ်လို့ဆိုတိုင်း ရှုံးတယ်လို့မှတ်ယူရအောင်
ဒါကလောင်းကစားဝိုင်းမှမဟုတ်တာ..

ဟောင်းသွားတိုင်း ပစ်ရရင်
အချစ်ကို ဘယ်လိုမြင်မလဲ
မင်းမလိုချင်မှတော့
ငါ့ရင်ခွင့်က ဘာလုပ်ဖို့လဲ
ဒီည ကြယ်တွေကင်းပါစေ ...

မင်းပြုစားတိုင်း ရူးစေချင်ရင်
အစကတည်းက ငါ့ရင်ခွင်တစ်သိုက်မှာ
ပဒိုင်းပင်စိုက်ထားပါတယ်..
မေတ္တာနယ်ပျောက်ပြီး သစ္စာဖောက်သွားကတည်းက
ငါက ဥပေက္ခာနယ်မှာရောက်ပြီးသားပဲ ....

လျှောက်ပြီးသားလမ်းကို သွေဖယ်
ငါ့ဘ၀ကို ကျီစယ်မယ်လို့ ရည်ရွယ်ခဲ့ရင်
ငါ့ရင်ခွင်နယ်က နှလုံးသားကို
ငါခဏ သိမ်းထားခဲ့မှာပေါ့ ...
အခုတော့လည်း ....
မျက်ရည်စ တွေက ငါ့ဘ၀အတွက်အဖော်ပါကွယ်


မှတ်ချက် ။ ။ ဖြိုးငယ် နှင့် အဇ္ဈတ္တပြခန်း အွန်လိုင်းပေါ်တွင် လက်တန်းရေးဖွဲ့သည်။

8 comments:

nyeinnyo on July 25, 2008 at 7:36 AM said...

အွန်လိုင်းဗားရှင်းကဗျာကို ဖတ်သွားပါတယ်ဗျာ။ လက်တန်းစပ်တယ်ဆိုပေမဲ့ အစိအဆုံးပြေပြစ်ချောမွေ့ပီး ဖတ်လို့ကောင်းလိုက်တာဗျာ ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)
နှစ်ယောက်လုံး အသဲကွဲနေလားလို့ မေးတော့ဝူးနော် :P
ကဗျာလိုပဲ ခံစားပီးရေးထားတယ်ဟုတ် :)

Anonymous said...

အွန်လိုင်းပေါ်ကကဗျာလေးပေါ့..
ဂွတ် ဂွတ်...
တစ်ကယ်ဂွတ်တာနော်..

peaceofway on July 28, 2008 at 4:04 PM said...

ညီလေးရေ .. လာမယ်၊ လာမယ်နဲ့ မလာဖြစ်ဘူးကွာ .. တနေ့ လောက်တော့ ရောက်အောင်လာခဲ့ဦးမယ်။ ကဗျာတွေနဲ့ ပါတ်သတ်လာရင် မင်းရဲ့ Creative Brain ကိုလေးစားမိတယ်ကွာ။ မင်းတို့ (47) blogger လေးတွေရဲ့ စုစည်းမှု နဲ့ မခံချင်စိတ်ကိုလည်း လေးစားတယ်။ Carry on . ညီရေ ..

အကိုကြီး ( from metro)

Apprenticeship on July 28, 2008 at 9:08 PM said...

အင်း အရေးအသားပဲ ကောင်းတာလား တကယ်ပဲ ခံစားနေတာလား ကဗျာကတော့ အတော်ထိတယ်ဗျိ့....

ထိပေ့သျှင် on July 29, 2008 at 2:56 AM said...

ကဗျာလေး ကိုတော့ကြိုက်သွားပြီ

mgngal on July 29, 2008 at 12:25 PM said...

ငါ့ရင်ခွင်တစ်သိုက်မှာ
ပဒိုင်းပင်စိုက်ထားပါတယ်..
ဟေးဟေး ကောင်းတယ်ဗျို့ 

ရွှေပြည်သူ (ShwePyiThu) on August 11, 2008 at 7:35 AM said...

လက်တန်းစပ်ထားတာတဲ့... တော်လိုက်ကြတာ။
“မင်းပြုစားတိုင်း ရူးစေချင်ရင်
အစကတည်းက ငါ့ရင်ခွင်တစ်သိုက်မှာ
ပဒိုင်းပင်စိုက်ထားပါတယ်...” အဲဒီ စကားလုံးတွေကိုတော့ အကြိုက်ဆုံးပါပဲ။ နှစ်ယောက်စလုံးကို လေးစားပါတယ်။ နောင်လည်း များများရေးနိုင်ကြပါစေ...

Unknown on August 18, 2008 at 11:24 PM said...

ပဒိုင်းပင်တွေစိုက်ထားမယ်တဲ့လားကိုဖြိုးငယ်ရေ ကဗှာေးလကကောင်းတယ်နော်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template