Tuesday, July 29, 2008

အမုန်း



ခံရတာ များလာတော့လဲ
တိုက်ခိုက်မှုတွေကို မုန်းတတ်လာတယ် ....

စားရတာ များလာတော့လဲ
ကြက်ဥကို မုန်းတတ်လာတယ် ...

နားလည်ပေးရတာ များလာတော့လဲ
သည်းခံတက်တဲ့ စိတ်ကိုမုန်းလာတယ် ...

ကဗျာရေးဖို့ စဉ်းစားရတာများလာတော့
ခံစားချက်နည်းတဲ့ နှလုံးသားကို မုန်းတတ်လာတယ် ...

ခဏ ခဏ လွမ်းရတာများလာတော့လဲ
သတိရနေမိတဲ့ စိတ်ကို မုန်းတတ်လာတယ် ....

ဘာဆိုဘာမှ မသိတော့လည်း
တုံးလွန်းတဲ့ ငါ့ကိုယ်ငါ မုန်းတတ်လာတယ် ....


P.S >>> ကဗျာအသစ်တင်ချင်ပေမဲ့ ရေးလို့ မထွက်ဘူးဗျာ ... စိတ်ညစ်တာနဲ့ ဒီကဗျာလေး ရေးဖြစ်သွားတာ။
ရေးပြီးသား ဆိုတော့လည်း မကောင်းပေမဲ့ မပစ်ရက်လို့ တင်လိုက်တယ်ဗျာ .....



14 comments:

ရိုးမြင့်အောင် on July 30, 2008 at 7:07 AM said...

စားရတာများလာတော့လည်း ကြက်ဥကိုမုန်းလာတယ်... ခံစားချက်ချင်းတူလိုက်တာဗျာ... အဟိ.. :P

mgngal on July 30, 2008 at 8:44 AM said...
This comment has been removed by the author.
ဆောင်းယွန်းလ on July 30, 2008 at 3:29 PM said...

ခဏ ခဏ လွမ်းရတာများလာတော့လဲ
သတိရနေမိတဲ့ စိတ်ကို မုန်းတက်လာတယ်
ကဗျာလေးကထိတယ်ညီလေးရေ...အပေါ်ကအပိုဒ်လေးကိုအကြိုက်ဆုံးဘဲ....

တားမြစ် ထားသော... on July 31, 2008 at 1:02 AM said...

ကဗျာလေးက စိတ်မှာဖြစ်နေတာကို ကောင်းကောင်း ရေးပြသွားနိုင်တယ်။ ကောင်း၏။
********************
စိတ်မရှိပါနဲ့ခင်ဗျာ ကဗျာလေးမှာ
“မုန်းတက်လာတယ် ....” ဆိုတဲ့ နေရာလေးမှာ “တက်”အစား “တတ်”က ပိုကောင်းမလား။ နှစ်သက်၍သုံးထားသည် ဆိုရင်လည်း ကောင်းပါတယ်။

Anonymous said...

ကဗျာနဲ့မဆင်ပဲ ငါ့ညီ ဟစ်ဟော့ဆိုနေတာလား အကို့နားထဲမှာ ဖြိုးငယ်ကြီး စိတ်စိတ်ပေါက်ပေါက်နဲ့ အော်နေသလိုပဲကွာ.. အလကားစတာပါကွာ.. တကယ်ပါ..ဟဲဟဲ ကဗျာသာမထွက်ဘူးပြောတယ် ထွက်တော့လည်း အကောင်းထွက်ပါတယ်ကွ..

ရွှေရောင်ကောင်းကင် on July 31, 2008 at 4:40 AM said...

သောက်ရတာများလာတော့လည်း ဘီယာ သောက်တဲ့ လစ်မစ်ပိုများလာတယ်လို့ မရေး ဘူးလားဗျာ....ဟီး..ဟီး... ဒီလိုပါပဲ ဗျာ တခါ တလေတော့လည်း ခံစားချက်တွေပေါက်ကွဲ ကြတယ်..

ရွှေပြည်သူ (ShwePyiThu) on July 31, 2008 at 8:15 AM said...

ကဗျာရေးလို့ မထွက်ပေလို့ပဲနော်း)
“နားလည်ပေးရတာ များလာတော့လဲ
သည်းခံတက်တဲ့ စိတ်ကိုမုန်းလာတယ်...” အဲဒါတော့ ခံစားချက်နဲ့ တကယ်ကို တိုက်ဆိုင်တယ် ဖြိုးငယ်ရေ။

မင်းကျန်စစ်။ on July 31, 2008 at 11:28 PM said...

ကြက်ဥကို မမုန်းနဲ့နော်။ ဒင်းမရှိရင် ပိုဆိုးမယ်။ :D

အညာသား on August 1, 2008 at 2:19 AM said...

စားရဖန်များလာတော့ ဟန်ဘာကာ ကိုတောင် မုန်းလာတယ်။ :P

MisteR on August 1, 2008 at 8:59 AM said...

ကွက်တိဒတ်ထိပဲဗျာ တစ်ခါတစ်လေခံစားရပါမှားလွန်းတော့လဲ
သူ့ကိုတောင်မေ့ပစ်ချင်တယ်..
ဒါပေမယ့်တတ်နိုင်ဝူးလေ

မီးငယ် on August 3, 2008 at 3:46 AM said...

တစ်နေ့တစ်နေ့ ဒါပဲချက်နေတဲ့
Canteen ကိုလည်းမုန်းလာတယ်...
တစ်ပါတ်တစ်ခါတွေ့နေရတဲ့
Supervisorကိုလည်းမုန်းလာတယ်..........
နေ့တိုင်းပေးနေတဲ့
Assignment ကိုလည်းမုန်းလာတယ်... :D :D

သန့်စင် on August 3, 2008 at 5:30 AM said...

ကြက်ဥ မုန်းပြီဆိုရင် အာလူးချည်းပဲ စားလေဗျာ
အာလူးက ပိုဈေးသက်သာတယ် အခု လခ ထုတ်ခါစဆိုတော့ လန်းနေအုံးမှာပေါ့နော် :P

Anonymous said...

အဟက်..
အကုန်လုံးကမိုက်နေတယ်။
စာကြောင်းလေးဖြတ်ထုတ်ပြီးကြိုက်တယ်ပြောမလို့ပဲ
အကုန်လုံးကိုကြိုက်တော့လည်းဖြတ်ထုတ်လို့တောင်မရတော့ဘူး။
အားလုံးဂွတ်တယ်။
မကောင်းဘူးထင်ပေလို့ပဲနော်..
ကောင်းတယ်များထင်ရင်ဘယ်လိုနေမယ်မသိ.. :P

Anonymous said...

ကြက်ဥကို မုန်းတော့ အစ်ကို ဘာသွားစားမလဲဗျး) စတာ စတာ မိုက်တယ် တစ်ခါခါ ရင်ဘတ်ထဲက တင်းနေတာတွေ ဖြေချလိုက်မှပေါ့ ။အဆင်ပြေပါစေဗျာ ။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template