ဇူလိုင်လ (၁၆) ရက်နေ့ မော်စကိုမြို့ MSU (Moscow State University) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) က အကြမ်းဖျဉ်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော် တို့ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ်။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် (Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီအစ်ကို ၊ မောင်နှမများအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင်နှမ များလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….


မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

3 comments:
မောင်လေးရေ ဘလော့ဂါပုံတွေ တင်ထားတယ်လို့ သတင်းကြားတာနဲ့ လာကြည့်တာ... ဘယ်နဲ့ အစ်မ မှန်ဘီလူးယူလာခဲ့ဖို့မေ့သွားတယ်ကွယ်... ဟိ ဟိ...
ညီလေးရေ.. ကောင်းမွန်လှတယ်ကွာ.. စုံညီစွာဆုံကြတော့ ညီတို့အတွက် ပျော်စရာပေါ့.. အကိုပါရောဝမ်းသာလိုက်တယ်ကွေ့..
ဘာ Website လဲအစ်ကိုကြီး...
ပြောပြပါဦးဗျို့...
Post a Comment