Thursday, August 21, 2008

တစ်ကိုယ်တော်လွမ်းပွဲ............



ဒီမှာ
အယ်လ်ကိုဟော တစ်ကြိုက်လောက်ချမလား
အလွမ်းတွေ နည်းနည်းကျသွားအောင်လေ

ဟာ....
ထုံးစံမရှိဘူး
ငါ့ကိုယ်ငါသိတယ်
ဘာမှမရှိရင်တောင်
သူ့ကိုငါ မထိချင်ဘူး .....

မင်းကြည့်လိုက်စမ်း
ဘ၀ကို ထက်ခြမ်းခွဲလိုက်
အလွမ်းကို တစ်ခြမ်းပိုက်ထားတာတောင်
ရူးမိုက်ခြင်းနောက် ထပ်လိုက်မလို့လား .....

ဆက်တိုက်ဝင်လာတဲ့ ခံစားချက်တွေ
ပြန်သွားလိုက် ရောက်လာလိုက်နဲ့
မှန်ပြား တစ်ချပ်ကိုထောင်
ပုံရိပ်ယောင်တွေ ပြန်ဖမ်း
ဟော ... ဟော
တိမ်တွေတောင် သန်းနေပြီ .....

လေပြေတွေ ရမ်းပြီမို့
အခြေအနေ ကြမ်းနေပြီ
နေချိုတွေ ဖျန်းရင်ဖြင့်
ရွှေကိုယ်တော် လွမ်းနေပေါ့
ဒီလိုနဲ့ ပဲ
မနက်ဖြန်ကို လှမ်း ......


ဖြိုးငယ်


ကဗျာလေးကို ခေါင်းစဉ်တပ်ပေးတဲ့ အရမ်းတော်တဲ့ သူငယ်ချင်းလေးကို ကျေးဇူးပါ ဗျာ ....
( ဒုက္ခပေးလို့ ကောင်းလို့ ...:P )

7 comments:

ဝေလေး on August 21, 2008 at 10:01 PM said...

ဂွတ်တယ်အစ်ကိုကြီး...
အလွမ်းတွေနည်းနည်းကျသွားအောင်..
လန်းတယ်... :P

ပန်းခရေ on August 21, 2008 at 10:01 PM said...

သိပ်မလွမ်းပါနဲ့ကောင်လေးရယ်...တစ်ကိုယ်တော်မလွမ်းနဲ့ တီတီလည်းအဖော်ကူလွမ်းပေးမယ်လေ...တီတီကသိပ်လွမ်းတတ်ဘူး ပြောပြေပေါ့ လွမ်းနည်းကို..း)
တစ်ကယ်ကောင်းတယ်..ဆက်ရေး
ဆက်လွမ်း....

ရွှေပြည်သူ (ShwePyiThu) on August 24, 2008 at 3:23 AM said...

“ဟာ....
ထုံးစံမရှိဘူး
ငါ့ကိုယ်ငါသိတယ်
ဘာမှမရှိရင်တောင်
သူ့ကိုငါ မထိချင်ဘူး .....”

အဲဒီအဖွဲ့လေးကို အရမ်းသဘောကျမိပါတယ်။ တကယ်တော်တယ် ဖြိုးငယ်ရေ... အားလုံးလည်း အလွမ်းတွေက ကင်းဝေးပါစေ...

ရွှေရောင်ကောင်းကင် on August 24, 2008 at 3:40 AM said...

ဆက်တိုက်ဝင်လာတဲ့ ခံစားချက်တွေ
ပြန်သွားလိုက် ရောက်လာလိုက်နဲ့
မှန်ပြား တစ်ချပ်ကိုထောင်
ပုံရိပ်ယောင်တွေ ပြန်ဖမ်း
ဟော ... ဟော
တိမ်တွေတောင် သန်းနေပြီ..
အဲဒီ စာသားလေးကို ကြိုက်တယ်ဗျ... ကဗျာတွေကတော့ ရေး သမျှ ကောင်းနေတော့တာပဲ ... ဆက်ချ ဗျို့..

Phyu on August 24, 2008 at 5:21 AM said...

အလွမ်းများငြိမ်းစေသတည်းး)

Harry on August 24, 2008 at 9:57 AM said...

အရမ်းမိုက်တယ် ညီလေး .. အကိုကလည်း နဘေကို အရမ်းကြိုက်တာဆိုတော့ ဒါမျိုးလေးတွေဆို ခိုက်တယ်။ ဒီပုံစံက ဆရာတင်မိုးတို့၊ ဆရာမောင်ခိုင်မာတို့ ရေးလေ့ရှိပါတယ်

Anonymous said...

ကြာသလားလို့ဗျာ... တစ်ကြိုက်မဟုတ်ဘူး... တစ်လီတာထိ အာမခံတယ်... အဟတ်ဟတ်... ဂွတ်တယ်ဗျာ... ကဗျာလေးက...

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template