မနှင်ပဲ အချိန်မပြန်ခင် မင်းတို့ ပြန်ကြတယ်
နှုတ်မဆက်ဘူး ဆိုပေမဲ့
ရုတ်တရက်မို့ စုတ်သပ်မိတယ် သူငယ်ချင်း .....
ရှယ်ရယ်မြန်ကျယ်ဘာနဲ့ ဒါမာဂျယ်ဘာစကားရားက
ငါတို့ခွဲခွာရာ မှတ်တိုင်များ.....
ယောင်္ကျားသားတွေမို့ အငိုမျက်ရည်မရှိပေမဲ့
ရင်ထဲမှာ အစိုဓါတ်တွေရှိနေကြတယ် .....
တစ်စုက လေယာဉ်ပေါ်တက်
ဌာနေဘက်ကို ဦးတည်
တစ်စုက ကားပေါ်တက်
အဆောင်ဘက်ကိုလှမ်းချီ
တူညီမှုက နှစ်စုစလုံးရင်ထဲမှာ ဟာတာတာ ..
ဖြိုးငယ်
မှတ်ချက် ။ ။ ဒီခံစားမှုလေးက ဖြစ်နေတာကြာပါပြီ ... ပထမတော့ မရေးဘူးလို့နေတာ ... နောက်တော့ ဒီလ
အတွင်းကို တော်တော်လိုက်ပို့နေရတာနဲ့ ရင်ဘတ်က ထကြွတော့တာပဲ .... သည်းခံဖတ်ပေး
ကြပါဗျာ ...မကောင်းပေမဲ့ ခံစားချက်တွေမို့ပါ ... အကြောင်းအမျိုးမျိုးကြောင့် ပြန်သွားကြတဲ့
ယောက်ဖကြီး လွမ်းသုခ ၊ မျှားပြာ ၊ လွမ်းစေ ၊ ကိုတည်ညိမ်းကို ၊ ကျွန်တော့်နယ်သား နဲ့ ဘလောကာမဟုတ်သော
သူငယ်ချင်းများအတွက်ပါ ........

5 comments:
ထပ်တူထပ်မျှ ခံစားရပါတယ် ကိုဖြိုးငယ်ရေ။ညီ လည်းအဲဒီတုန်းက MSU မှာ။
နယ်နယ်တစ်ယောက်ကို လိုက်ပို့ဖူးလို့ အဲဒီခံစားမှုမျိုး ခံစားဖူးတယ်သယ်ရင်းရေ.. :(
အစ်ကိုရေ....
အစ်ကိုကြီး ကိုတင်ဦးခိုင် နဲ့ ဘကြီးဖြိုးကိုတောင် သတိရလာပြီ..
ဘကြီးဖြိုးဆေးရုံတင်ထားရတယ်တဲ့.. တိုက်ဖွိုက်လို့ပြောတယ်... :( :(
:( ခဏပဲပြန်ပြန်...အပြီးပဲ ပြန်ပြန် ခွဲရကာနီးရင် ၀မ်းနည်းရတာပါပဲ
ဖြိုးငယ်လိုပဲ..အမလည်းထပ်တူထပ်မျှခံ
စားရပါတယ်..တနှစ်တနှစ်ကျောင်းပြီးလို့
ပြန်သွားကြတဲ့ အွန်လိုင်းကမောင်လေးတွေ
ကိုသတိရမိသလို..မျှားပြာကိုလည်းသတိတ
ယနဲ့အမှတ်ရနေမှာပါ..
မျှားပြာအတွက်ဆုတောင်းပေး
လိုက်ပါတယ်.. ဘ၀တစ်လျှောက်လုံး
သာယာချမ်းမြေ့ပါစေ..
အောင်မြင်မှုပန်းတိုင်ကိုထာဝရ
ပျှော်ရွှင်စွာလျှောက်လှမ်းနိင်ပါစေ..
Post a Comment