Friday, August 29, 2008

အလွမ်းဆက်တဲ့ ဗျတ္တ


ပန်းအကြွေ မဆက်ပါဘူး
အလွမ်းတွေ ဆက်တဲ့ဗျတ္တမို့
သခင်ငယ် လာရာ လမ်းဆီက
လက်ကမ်းကာ အကြိုဆက်ပါ့
အလွမ်းသက်သက်နဲ့ပါ ...... ။

ဘ၀ရယ် ဗလာနတ္ထိမို့
အချစ်သာ ရှိတဲ့လူပါ
သစ္စာနယ် မေတ္တာကြောမှာ
ပစ်ခွာမပယ် ချစ်ရမ္မက်ဇောတွေနဲ့
မနက်စောစော အချိန်မှန်
ဝရိန်ယံမှာ နေမပေါက်ခင်
သခင့်ဆီ အရောက်ပို့တဲ့လူပါ ..... ။

နွမ်းကြေတွန့်ခေါက်
အလွမ်းတွေ တစ်ချက်လောက်ကြည့်ပါသခင်
မြင်သာရင် ရင်လွမ်းပန်းကို
အစဉ်သာ ဖွဖွ နမ်းပါတော့
အကြင်နာ ကမ္ဘာတစ်ဖက်ကမ်းက
ထာဝစဉ် မပျက်တမ်းပေါ့
သခင်ရေ .........
ကျွန်တော်က အလွမ်းဆက်တဲ့ဗျတ္တပါ .... ။


ဖြိုးငယ်




5 comments:

Anonymous said...

ကောင်းလိုက်တဲ့အရေးသား.... ကဗျာလေးတော့ အတော်ကြိုက်သွားတယ်.. အားပေးနေမယ်ညီရေ.. အလွမ်းတွေနှင်းဆက်ပြီး မပျက်မကွက် ပို့နိုင်ပါစေ..

သက်ထွန်းညိမ်း on August 30, 2008 at 1:34 AM said...

အရမ်းကောင်းတဲ့ကဗျာလေးပဲ....
အားပေးတယ်ဟေ့ ဆက်ရေးသူငယ်ချင်း

မီးငယ် on August 30, 2008 at 2:14 AM said...

ကိုကြီးရေ...
ကဗျာဖတ်ပြီးတော့..လွမ်းတောင်လွမ်းသွားပြီး.. :(
အရမ်းလွမ်းပြီး အမြဲတမ်းဆက် မနေနဲ့နော်(မှတ်ချက်။ ။ဖုန်း) :P

သားငယ် on August 30, 2008 at 1:22 PM said...

လွမ်းတောင် လွမ်းချင်လာပြီဗျာ... ကျွန်တော်လဲ ဆက်မှနဲ့ တူတယ်... ဖုန်းနော်ဖုန်း...:P

ရွှေပြည်သူ (ShwePyiThu) on September 4, 2008 at 8:25 AM said...

"အလွမ်းဆက်တဲ့ ဗျတ္တ"တဲ့လား ဖြိုးငယ်ရေ။ ဖတ်ပြီးပြီးချင်း စိတ်ထဲမှာ နင့်ကနဲ ဖြစ်သွားတယ်။ ကဗျာရေး သိပ်ကိုကောင်းတာပါပဲ။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template