Thursday, December 4, 2008

ဒီဇင်ဘာ အလွမ်း - ၂



အငဲက တစ်လှည့်
မေစပယ်ညိုက တစ်ခါ
အာဇာနည်က တစ်မျိုး
လင်းနစ်က တစ်ဖုံ
ပညာစုံ တန်ခိုးပြကြတာ
နှင်းမပါတဲ့ ဒီဇင်ဘာမှာတောင်
ငါ့ရင်မှာ ဟာတာတာ ဖြစ်နေရဲ့ ....

ဒီဇင်ဘာရေ ...
လူတွေက မေးကြတယ်
မင်းရောက်တဲ့ အခါ
ဘာကြောင့်များလွမ်းကြလဲတဲ့
ငါ့ဘယ်လိုဖြေရမလဲကွာ .....



ဖြိုးငယ်

11 comments:

ခေါင်ခေါင် on December 4, 2008 at 4:18 PM said...

ဟုတ်တယ် မေးလိုက်ပါ...
ဘာလို့ဒီလောက်လွမ်းစရာကောင်းနေရတာလဲ လို့..

ကဗျာ ဖတ်ပြီး.. ဟာတာတာ ဖြစ်သွားတယ်

Anonymous said...

ဒီဇင်ဘာဆိုတာ လွမ်းငွေ့ တွေ ဝေတဲ့ ဆောင်းနှင်းတွေကြောင့် လွမ်းတာဖြစ်မှာပေါ့ဗျး)

Anonymous said...

အနွေးထည်ကောင်းကောင်းမရှိသရွေ့ ဒီဇင်ဘာကို
မချစ်ချင်သေးဘူး ဟဲဟဲ ဟေ့လူကဗျာဆရာဘိုဖြိုး...
အဆိုတော်တွေတော့ ချမ်းသာပေးလိုက်ပါဗျာ....

နှင်းပွင့်ဖြူ on December 5, 2008 at 12:05 AM said...

နှင်းဝေတဲ့ဆောင်းမှာ သိပ်လွမ်းတယ်
:P

Anonymous said...

အလွမ်းဓါတ်ရှိနေရင်တော့ ဒီဇင်ဘာကိုမပြောနဲ့ နေ့တိုင်းကိုလွမ်းနေတာဗျို့ :D
ပျော်ရွှင်ပါစေဗျာ

GreenGirl on December 5, 2008 at 4:03 AM said...

လွမ်းလှချည်လား ငါ့မောင်ရယ် :)

ကိုရင်ညိန်း on December 5, 2008 at 7:33 AM said...

သောက်ကျိုးနည်း ကိုယ့်ဆရာ
ဘယ်တုန်းက ထိုင်သွေးနေပါလိမ့် ။
လက်တွေတစ်အား တက်နေပါပေါ့လား ။
အဟေးဟေး

Anonymous said...

ဒီဇင်ဘာမှာ ဘာတွေများလွမ်းစရာရှိလို့လဲဗျာ
ဒီလောက်အေးစိမ့်နေတာ အိမ်ထဲကအိမ်ပြင်
တခေါက်ထွက်ဖို့တောင် တော်တော်စဉ်းစား
နေရတာဗျ အေးလွန်းလို့လေ။
ဒါပေမဲ့ကဗျာလေးကိုတော့ ခံစားသွားပါတယ်ဗျာ

Nature X on December 5, 2008 at 5:01 PM said...

ရှင်းပါတယ်ဗျာ ... နှင်းတွေကျလို့ပေါ့ ..... နှစ်သစ်ကူးခါနီး

Anonymous said...

ညီလေးရေကောင်းတယ်ကွာ အရမ်းကောင်းတယ်..ဂွတ်တယ်...

Anonymous said...

အလွမ်းသစ်ပင် ဒီဇင်ဘာကို လှုပ်ခါမချလေနဲ့လေ ညီရ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template