Tuesday, December 16, 2008

ငါတို့ဆီမှာ ခေါင်းတစ်လုံးစီ ထပ်ထွက်တဲ့နေ့


ဤကဗျာဖြင့် အမှတ်စဉ် ( ၄၇ )မှ အရာရှိများအား ဂုဏ်ပြုပါသည် ။ ။ ။
အမြီးရှည်ခေါင်းထွက်ဖို့
လောကဓါတ် ၀န်းကျင်မှာ
ပုထုဇဉ် လူသားတို့
မရပ်မနား အားထုတ်ကြရင်း
သူငယ်ချင်းတို့ရေ …
ဒီနေ့ ငါတို့ဆီမှာ ခေါင်းတစ်လုံးစီ ထပ်ထွက်ကြပြီ …

မပျက်တမ်း အသုံးချနေရတဲ့ ဦးနှောက်
တစ်တောက်တောက် ကျခဲ့ရတဲ့ ချွေးတွေ
အဝေးမှာ နေရတဲ့ ဒုက္ခ
ရင်းနှီးမှု အနန္တ
ပေးဆပ်မှုတွေနဲ့မှ
ရရှိလာတဲ့ အကျိုးဆက်
ငါတို့တွေ တန်ဖိုးထားတက်ရမယ် ….

ဒီဇင်ဘာရဲ့ ၁၇ ရက်
ငါတို့ရဲ့ ရင်ဘတ်ထဲမှာ အမှတ်တရ
အချိန်ကာလတစ်ခုကို နောက်ပြန်တွေး
လွန်ခဲ့တဲ့ လေးနှစ်တုန်းကလည်း
ငါတို့ရဲ့ အသွေးအသားထဲမှာ
သမိုင်းတွေ စ ရေးပေးခဲ့သေးတယ် ….

အပြောလွယ်သလောက် အနေခက်တဲ့
လောကရဲ့ တိုက်ချက် တိုက်ကွက်တွေကြား
အနေအစား တက်အောင် လှုပ်ရှား
မှားသွားတာတွေ ရှိသလို
မှန်ထားတာတွေလည်း ရှိတယ်
ငါတို့ အသိတရား ထဲမှာ
ထာဝရ သိထားရမှာက
ပုခုံးပေါ်က ၀န်
ကျေပွန်အောင် ပြင်ဆင်ဖို့ပဲ …

ငါတို့အမြင်ထဲမှာ
၄၇ ရဲ့ဂုဏ်အင်တွေ တစ်ပုံတစ်ပင်
အကုန်အစင် ပြောရရင်
ပုံပြင်မဟုတ်တဲ့ အတိတ်သမိုင်းမှာ
တစ်စိတ်တစ်ပိုင်းပဲပြောပြော …
ဟော .. ကြည့်လိုက် …
ငါတို့တွေ ကွန်းခိုခဲ့တဲ့
စစ်တက္ကသိုလ် ကျွန်းညိုကြီးမှာ
စည်းလုံးမှုတွေ ပိုခဲ့ကြတယ် ……

အနာဂါတ်လမ်း ချိုစေဖို့
တို့ညီအကိုတွေ ပေါင်းစုစွမ်းနဲ့
နိုင်ငံတစ်ဝမ်း အေးချမ်းစေမယ်
၄၇ ရဲ့ပန်းတွေ လှိုင်လှိုင်ပွင့်လို့
နိုင်ငံတင့် ငြိမ်းချမ်းဖို့
မသွေတမ်းပေါ့
သူငယ်ချင်းတို့ရေ ….
ငါတို့ ကမ်းလက်တွေ
ထာဝရ လှမ်းဆက်ထားကြပါစို့ …..

ဖြိုးငယ်

8 comments:

Unknown on December 16, 2008 at 7:17 PM said...

နှမတော် အရင်ဆုံးလာဖက်တယ်နော် တော်တော်ပျော်ဖို့ ကောင်းမှာပဲနော်

နေရီနွယ် on December 16, 2008 at 7:25 PM said...

ဆုတောင်းပေးပါတယ် အကိုတော် အဟဲ အမှားတွေ ကြီးပဲနော်

Anonymous said...

ကြိုးစားမှုတွေ ကို အသိမှတ်ပြုတဲ့ ပွဲလေးမို့ ဂုဏ်ယူပါတယ် အစ်ကိုး)

ein on December 17, 2008 at 1:44 AM said...

ပုခုံးပေါ်က ၀န်ကို ကျေပွန်တဲ့ နိုင်ငံ့ သားကောင်း သားမြတ်တွေဖြစ်ပါစေ...
ကွန်ဂရက်ကျုလေးရှင်းပါ...

လွမ်းသုရင် on December 17, 2008 at 7:00 AM said...

ကွန်ဂရက် ကျူလေးရှင်းပါ မောင်လေးရေ...
တိုင်းပြည်အတွက် အားကိုးအားထားရတဲ့ သားကောင်းများ ဖြစ်ကြပါစေ...

မောင်လေးတို့နဲ့အတူ ဟိုးးးးးးး နှင်းမှုန်တွေကြားက စစ်ရေးပြ့ကွင်းကြီးကို အစ်မလည်း လွမ်းမိပါရဲ့... အဲ့ဒီနေ့က နှင်းတွေအစား မိုးတွေရွာနေတယ်...အဲ့ဒီနေ့မှာပဲ ခေါင်းတစ်လုံးစီ ထပ်ထွက်ခဲ့ကြတယ်ပေါ့ :)

GreenGirl on December 17, 2008 at 7:05 AM said...

ဘ၀တစ်သက်တာမှာ မှတ်တိုင်တစ်ခုဖြစ်လို့ ဂုဏ်ယူမိသလို ထပ်တူထပ်မျှ ခံစားရပါတယ်...

ဘယ်နေရာ ဘယ်ဒေသကို ရောက်နေနေ မိခင်ကို မမေ့တဲ့ သားကောင်းများအတွက် မိခင်ကျောင်းတော်ကြီးက မီတိတွေ ဖြစ်နေရှာမှာပါ။

အားလုံးပျော်နေတဲ့ ဒီနေ့မှာ အစ်မမောင်လေးကတော့ ပစ်မိန့်ကိုပဲ စောင့်နေသလား၊ ယမ်းငွေ့ပြာတွေ ကိုပဲ ပန်းမွေ့ရာလို့ သဘောထားနေရသလား မသိနိုင်ပါဘူးး(

Anonymous said...

တာဝန်ကို သိပြီးကျေပွန်နိုင်ပါစေ... ညီရဲ့ကဗျာလေးထဲကလို ထာဝရ ရုံးကန်ကြိုးစားနိုင်ပါစေကွာ...

mgngal on December 19, 2008 at 7:25 AM said...

အလေးပြူသွားပါတယ် ဘရို ။:)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template