Wednesday, December 31, 2008

မင်္ဂလာနှစ်သစ်၂၀၀၉







အားလုံးပျော်ရွင်ကောင်းသော နှစ်သစ်ဖြစ်ပါစေဗျာ ... ဒီနှစ်သစ်မှာ ကျွန်တော့် အကြိုက်ဆုံး New Year သီချင်းလေးကိုနဲ့ပဲ
ကြိုဆိုလိုက်ပါတယ် ။ နောက်ပြီး အမေ့အလွမ်း ကဗျာလေးတစ်ပုဒ်နဲ့ နှစ်သစ်ကို ကြိုဆိုပြီး မိဘနှစ်ပါးကို ရှိခိုးလိုက်ပါတယ် ။
အားလုံးသော သူငယ်ချင်း ညီအကိုမောင်နှမ အားလုံးလည်း နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်
ပါတယ် ။ အားလုံး ပျော်ရွင်ကြပါစေ ။ ကျွန်တော်ကဗျာလေးကို ခံစားရင်း နှစ်သစ်ကို ကြိုဆိုလိုက်ကြရအောင်ဗျာ ... ။

နှစ်ကူးပြီအမေ ...

ဒါပေမဲ့ သားရင်ထဲ အသစ်မဖြစ်ဘူး ..
အရူးတစ်ယောက်လို
မူးနောက်စွာနဲ့
အဝေးရောက်သား
နှစ်သစ်ရောက်လည်း
အလွမ်းတို့ မပျောက်ပါဘူးအမေ ...

နှင်းသောက်လို့ ပန်းတွေဝေ
နှင်းပျောက်လို့ ပန်းတွေကြွေ
နှင်းခလို့ လမ်းတွေဖွေး
နှင်းကျလို့ လမ်းတွေအေး
နှင်းရေးတဲ့ တေးသံသာ
နှင်းမပါတဲ့ ကျွန်တော့်စာမျက်နှာမှာလည်း
အလွမ်းကဗျာတွေချည်းပါပဲအမေ ....

အလှမ်းအကွာအဝေးမှာ
မှန်းကာတွေး သတိတွေရ
အလွမ်းနေ့ညတွေ ကျော်လွန်ဖြတ်
တစ်မနက်ပြီး တစ်မနက်မှာ
အမေ့ကိုပဲ အလွမ်းတွေထပ်နေမိတယ် ....

ကျွန်တော်လွန်မိသလား
သေချာပြန်စဉ်းစားလည်း
မရေမရာ အငြင်းပွားရသလို
တစ်ယောက်တည်း အပျင်းဖျား
နေ့တွေညတွေ ရင်းထားလိုက်ရတာ
ကမ္ဘာတောင်နေကို တစ်ပတ်ထပ်ပတ်တာတောင်
ကျွန်တော့်အလွမ်းတွေ မရပ်သေးပါလားအမေ .....

ကျွန်တော်နေ နေတဲ့ကမ္ဘာတစ်ခြမ်း
မော်စကိုရဲ့လမ်းတွေမှာ
နှင်းမှုန်တွေပက်ဖြန်း
ရောင်စုံမီးပန်းတွေနဲ့
နှစ်သစ်ကို လှမ်းကြို
အရာရာ အလှပိုနေပေမဲ့
ကျွန်တော်လိုချင်တဲ့ အိပ်မက်
အဲဒီထက် အဆပေါင်းများစွာ နက်တယ်
အမေ့ရဲ့ရင်ခွင်ထက်မှာ
ခဏတာမှေးစက်ရင်း
နှစ်သစ်ကိုသာကြိုရမယ်ဆို ...
အို.....
လောက အလှတရား
အသင် အကျွန်ုပ်အား ယှဉ်ပြိုင်နိုင်ဝံ့အံ့ ... ။


ဖြိုးငယ်

မှတ်ချက်
။ ။ ဒီကဗျာကို ညီလေး အလင်းရောင်က အကူအညီတောင်းလို့ ရေးပေးရင်း ကျွန်တော် ဆီမှာပါ တင်လိုက်တာပါ

7 comments:

ညီအကိုများ on December 31, 2008 at 7:00 PM said...

ှနှစ်သစ်မှာ ပျော်ရွှင်ပါစေ..

မိုးကြယ်

Anonymous said...

ညီလေးရေ.. နှစ်သစ်မှာပျော်ရွှင်ပါစေကွာ... အဲဒီ စာသားတော့အကြိုက်ဆုံးပဲ.. နှစ်သစ်မှာ အမေကိုပဲတိုင်တည် သတိရတာ ကောင်းတာပေါ့ကွာ.. ဒါပေမယ့် မနေ့ညက မင်းပြောတော့ ကောင်မလေးပါ...

thihanyein on January 1, 2009 at 7:29 AM said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ

Anonymous said...

ကဗျာကောင်းလေးတပုဒ်ပါပဲဗျာ
နှစ်သစ်မှာပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။

ဝေလေး on January 9, 2009 at 5:28 AM said...

နှစ်သစ်မှာပျော်ပါစေအစ်ကို...
ကဗျာလေးကြိုက်တယ်။

ဝေလေး on January 9, 2009 at 5:28 AM said...
This comment has been removed by the author.
ဝေလေး on January 9, 2009 at 5:28 AM said...
This comment has been removed by the author.
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template