ငါ့တစ်ကိုယ်လုံး ခုတင်ပေါ်ကိုတင်လို့
ခေါင်းရင်းက မှန်ပြတင်းကနေ
အလွမ်းတွေကို ဖြန့်ကျက်ထားလိုက်တယ်
ဒါ အရူးတစ်ယောက်ရဲ့ အလုပ်လား……
ဘေးကသူ့ဓါတ်ပုံ
ငေးကြည့်နေတုန်း မျှော်လင့်ခြင်းတွေ
အဆုပ်လိုက် အခဲလိုက်
ရင်ဘတ်ထဲ လာကပ်တယ်
ဒါ အရူးတစ်ယောက်ရဲ့ အလုပ်လား…….
မနေ့က ပြဇတ်တစ်ပုဒ်
ဒီနေ့ထိ လွမ်းလို့ကောင်းတုန်း
ချုန်းပွဲချငိုတော့မယ် မိုးကလည်း
အလွမ်းရင်ကို အကဲဆင့်ပိုစေခဲ့တယ်
ဒါ အရူးတစ်ယောက်ရဲ့ အလုပ်လား……..
ရှေ့စိတ်ကို နောက်စိတ်နဲ့
ထိန်းခဲ့ပါတယ် ဒါပေမယ့်…..
နောက်စိတ်ကိုယ်ကလည်း ရှေ့စိတ်ဖြစ်ချင်နေကြတယ်
တကယ်တော့ လူတွေလည်း
သူ့ဟာသူ ရူးနေကြတာပါပဲလေ
ငါလည်းအရူးပဲပေါ့……..
မှတ်ချက် ။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်လက်ရာပါ ... ကျွန်တော့်ခံစားချက်နဲ့
လည်း အတော်လေးတိုက်ဆိုင်လို့ တင်လိုက်တာပါ ... အရူးတွေရဲ့ ခံစားချက်ကို နားလည်
နိုင်ကြပါစေဗျာ ......




