Friday, November 2, 2007

ရင်တွင်းစကား


တစ်ခဏတာအတွင်းချစ်မိသွားပေမဲ့
တစ်ဘ၀စာအတွက်ပါချစ်သူ
အလှသစ္စာတရားတွေကို
ဘ၀သစ်မှာထားရဖို့
ဖွင့်လှစ်ခဲ့တဲ့ရင်ခွင်နန်းတော်မှာ
မင်းပျော်ပါစေချစ်သူ...


ဘ၀ဆိုတာ
အလှမပါပါဘူးချစ်သူ
အရသာဆိုတာ
အချစ်ပါပဲကွာ
ပစ်ခွါမခွဲပဲ
သစ္စာရဟတ်ထဲ
တို့လက်တွဲလို့
အမြဲလည်ပတ်ကြမယ်လေ....


ဘ၀သံသရာအရှည်
အချစ်အဖန်တစ်ရာတွေနဲ့
ရတုအဆက်ဆက်မှာ
အခုထက်တိုးပြီး ချစ်နေမယ်...


ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template