Friday, November 23, 2007

ဇာတ်ဆရာသို့တောင်းဆိုချက်


ကံကြမ္မာအလှည့်ပြောင်း
ဟတ်ချလောင်း ဆိုမျက်လှည့်ပြလိုက်သလား
ဘ၀ဇာတ်ဆရာရဲ့ပွဲမှာ
ငါဟာ ဇွဲဆုတွေ အကြိမ်ကြိမ် ပိုက်လို့ပေါ့....

နွဲလိုက်တဲ့ ပွဲတိုင်းမှာ
အလဲလဲ အကွဲကွဲ မရှုံးပေမဲ့
ရုန်းခဲ့ရတာ မနည်းပါဘူး...

နေခြည်ဖျန်းတဲ့ ဘ၀လမ်းကို
တစ်ချိန်မှာ လှမ်းနိုင်ဖို့
ထမ်းရတဲ့ဝန်နဲ့
ငါဆင်တဲ့အကွက်တွေက
ရင်ထက်ကပန်းတစ်ပွင့်ကိုတောင်
စတေးရစ်ခဲ့ရတယ်....

ဇာတ်ဆရာအလိုကျ
ငါတို့ က ရမှာပါ
ဒါပေမဲ့
ခံစားချက်တွေခုန်ကြွလာတဲ့အခါ
နှလုံးအုံရဲ့ရင်ခုန်သံကို
ကဗျာဟန်လေးရဲ့အဖြစ်
ရေးစပ်ခွင့်ပြုဗျာ....

ဖြိုးငယ်

1 comments:

တင့်ထူးရွှေ on November 24, 2007 at 10:05 AM said...

ရေးစပ်ခွင့်ပြုတယ် ၊ ကဗျာချစ်တဲ့ ဖြိုးငယ်ရေ :D

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template