ချစ်ခဲ့တုန်းကသည်းသည်းလှုပ်
မုန်းတော့လည်းအသဲတွေပြုတ်အောင်
မင်းထားလိုက်တဲ့အနုတ်လက္ခဏာ
အချစ်ဘက်မှာအမုန်းခြေရာထပ်ခဲ့
အပြုံးတစ်ချက်တောင်မမြင်ရဘူး
နှုတ်ဆက်ခဲ့တဲ့နေ့ကို ငါမုန်းတယ်.....
အသဲတွေပေါက်အောင်ချစ်ခဲ့သူ
အခုတော့ သည်းနေတဲ့မိုးကိုပဲအပြစ်ဆိုရမလား
အချစ်လိုနေတာမင်းမသိဘူး
အမုန်းဆူးတွေနဲ့
ပြုံးဖူးတဲ့ မင်းမျက်နှာကို
ငါ့ဘာသာစိတ်နာတယ်.....
အတိတ်ကိုပြန်မျှော်ရင်
ပျော်ဖူးတဲ့နေ့တွေက
အချစ်ရူးတစ်ယောက်ရဲ့အိပ်မက်ပါ
ဆုပ်လည်းဆူးမဲ့အတူတူ
ရူးလည်းရူးပါစေတော့
ငါစားလိုက်တော့မယ်..
ဖြစ်ခဲ့တာတွေမေ့
မင်းအပြစ်တွေအာပတ်ဖြေနိုင်တဲ့နေ့မှာ
ငါရင်ကကြိုနေမှာပါ
အခုတော့လည်းလေ
ပေးခဲ့တဲ့ကတိတွေမေ့
နောက်တွေ့တဲ့ရင်ခွင်မှာ
မင်းပျော်ရွင်နေပြီပေါ့....
ဒုတိယဆိုတာ
ပထမကိုမကျော်နိုင်ဘူး
ကြားဖူးတာပါ
ဒါပေမဲ့လည်း
ဒုတိယက ပထမကိုအနိုင်ယူ
ဦးဆုံးလူရဲ့ရင်ခွင်ညှာ
ကမ္ဘာမြေမှာပျောက်ကုန်ပြီ.....
ဝေဒနာတွေကို
မကြေငြာတော့ပါဘူး
ဖြေစရာမကျန်တဲ့
သေရွာပြန်ငါ့နှလုံးသားကို
ချစ်ပဒိုင်းတွေစားခိုင်းပြီးမှတော့
မိုးခါးရေတစ်ခွက်လောက်
ငါဆက်သောက်ချင်တယ်.....
ဖြိုးငယ်
Wednesday, November 14, 2007
Subscribe to:
Post Comments (Atom)
1 comments:
ပဒိုင်းသီးနဲ့ မိုးခါးရေ ... အာပါး
Post a Comment