အိပ်မက်အတွေးတွေနဲ့
တရိပ်ရိပ်ပြေးနေတဲ့လရောင်ကို
တစ်စိမ့်စိမ့်ငေးနေတဲ့ပင်လယ်ပြာ
သူ့ကိုယ်ပေါ်ထင်လာမဲ့အရိပ်ကို
တိတ်တဆိတ်စောင့်စားရင်း
ချွေးသိပ်ရပေါင်းများပြီ....
လစန္ဒာဆီအရောက်သွားဖို့
ပင်လယ်ဆိုတဲ့ကောင်က
နေရောင်ကိုစောင့်တယ်
သူရိန်မင်းအပူခင်းရင်
အငွေ့အယောင်ဖန်ဆင်းရင်း
လူတွေမသိအောင် မိုးပေါ်တက်
တိမ်ချပ်တွေလုပ်လိုက်တယ်.....
အရှိန်အရောင်တွေမထွက်လို့
ကြယ်တွေလိုမင်းအနားမကပ်နိုင်ပေမဲ့
အဖြူရောင်လက်တွေနဲ့
အဝေးတစ်ဖက်မှာ
မင်းအတွက်ရွေ့လျှားနေမယ်...
မင်းကိုမတွေ့ရတဲ့ညတွေဆို
ကြယ်တွေကိုမုန်းလို့
ငါလည်းပုန်းနေမယ်
မင်းမျက်နှာပြုံးတဲ့ညမှာ
ငါ့အိပ်မက်ကလေးလှပါရစေ....
ဖြိုးငယ်
Thursday, November 15, 2007
Subscribe to:
Post Comments (Atom)
1 comments:
အစ်ကိုရေ . . .ကဗျာလေးက အတွေးနုနုလေးနဲ့ . . .အသုံးအနှုန်းတွေကလည်း ကောင်းတယ် . . .ညီမက အဲလိုလေးတွေ သိပ်ကြိုက်တာ . . .ရေးနိုင်ဖို့ အစ်ကိုဆီကနေ အတုယူရဦးမယ်
Post a Comment