Wednesday, November 21, 2007

လိုအပ်ခြင်း


အပိုတွေမဆိုပါ
လိုနေတာမင်း
နှလုံးသားရဲ့ပြတင်းပေါက်မှာ
အလင်းရောက်ဖို့
မင်းတစ်ယောက်တော့လိုပါတယ်

ပျင်းခြောက်ခြောက်နံနက်ခင်းဟာ
ပျော်ရွှင်ခြင်းတွေပျောက်နေတယ်
နှင်းပြောက်တွေနဲ့
နင်းလျှောက်တဲ့လမ်းမှာလည်း
မင်းတစ်ယောက်လိုပါတယ်

အလင်းမဲ့ညခင်းမှာလည်း
လမင်းကသာခြင်းကင်း
ကြယ်စင်ရဲ့သီချင်းကိုရော
မင်းကြားနိုင်ပါ့မလား
ငါ့လွမ်းချင်းကိုဖြေဖျောက်ဖို့
မင်းတစ်ယောက်လိုပါတယ်..


ဖြိုးငယ်

1 comments:

Sophie on November 22, 2007 at 1:18 AM said...

အို . . ကောင်းလိုက်တဲ့ ကာရန် . . . .ကောင်းတယ် အစ်ကိုရေ . . .ရတနာ့ကိုလည်း သင်ပေးပါဦးနော်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template