Tuesday, March 4, 2008

အလွမ်းကောက်သမား ကျွန်တော်


ရဟတ်ကြီးလိုလည်နေတဲ့သံသရာ
တစ်ချပ်ပြီးတစ်ချပ်ကျလာတဲ့ဒဏ်ရာ
အဖန်တရာ များလာတော့လည်း
ရံဖန်ရံခါ ကံကြမ္မာကို ဦးမော့
တားရော့ ရေ.....
ဖဲကောင်းကောင်းတစ်ချပ်လောက် သော့ပါဦး.....


ဖျော့တော့တော့နှုတ်ခမ်း
ကျွန်တော် မနမ်းဖူးပေမဲ့
ရူးကန်းစွာ တပ်မက်
ဘာကြောင့်လဲ တပ်အပ်မသိခဲ့ပါ.......


မှတ်ချက်မရှိဘူး
ဝေဒနာကိုသာ သူမ သိခဲ့ရင်
သေချာပါတယ်….
ကျွန်တော်ကိုဖြေသာအောင်
သူမရင်ခွင်တစ်နေရာ
နေစရာပေးခဲ့မပေါ့…..


အခုတော့လည်း….
သေရွာကိုသာပို့ခဲ့သလား
အဖြေရှာလည်းမရတော့ဘူး
ပြေလျော့လျော့နှောင်ကြိုးကို
ကျွန်တော် ဖောင်ထိုးရင်း ခရီးဆက်
အပြီးမသတ်တဲ့ဘ၀ကို ခပ်ဖွဖွလမ်းလျှောက်
ပန်းမပေါက်တဲ့ရာသီမှာ
ကျွန်တော်က အလွမ်းကောက်သမားပါ….


ဖြိုးငယ်

7 comments:

တည်ညိမ်းကို ( သို့မဟုတ် ) on March 4, 2008 at 6:06 AM said...

“ ရူးကန်းစွာ ” ဆိုတဲ့ အသုံးလေး တော်တော်ကြိုက်တယ် ... စိတ်အထိန်းအကွပ်မဲ့စွာ ၊ အမြင်အာရုံကင်းပြီးအမှန်အမှားမဝေခွဲနိုင်စွာ တပ်မက်တယ် ... အရမ်းထိတဲ့ အဖွဲ့လေးပဲ ...ကောင်းတယ် ဖြိုးငယ်ရေ ... ဆက်ဆွဲ ...

Emily on March 4, 2008 at 9:12 AM said...

အန် များပြီ တူညားကြိုက်လို့ ပြောမလို့ဟာ သူက အရင်ပြောသွားတယ်။ ကောင်းတယ် ညီလေးရေ။ အကိုလဲ အဲဒီ ရူးကန်းတယ် ဆိုတဲ့ အသုံးလေး သဘောကျတယ်ကွ။ ကဗျာလေး မိုက်တယ်။

lwansay on March 4, 2008 at 9:32 AM said...

ဟေ့...သယ်ရင်း ။ ကဗျာဖတ်ပြီး လွမ်းတယ်ကွာ။
ကဗျာက ထိတယ်။ ကြိုက်တယ်။

Massage Service In London on March 4, 2008 at 5:08 PM said...

Good Poem again..,

You have brilliant ideas and you know how to put it in different way as we can see in different poem.........................................................,

Very Weldone!!!

Anonymous said...

တူညားတွေပြောတွားတော့ ဘာပြောရမှန်းတောင်တိတော့ဝူး... ကြိုက်တယ်.. ကိုယ့်ကို ပြန်မချစ်တဲ့သူကို လွမ်းနေတယ်လား.. ဒါမှမပာုတ် အငှားခံစားချက်လား.. ဘာပဲဖြစ်ဖြစ် ကြိုက်တယ်ဗျာ.. :)

ein on March 5, 2008 at 6:33 AM said...

သယ်ရင်းလေး ဖြိုးငယ် ...
သံသရာ ရဟတ်ကြီးပေါ့နော်...
အော်ဒဏ်ရာ ဒဏ်ရာ...
အလွမ်းကောက်သမားလေးလား...
ရှုးကန်းစွာတဲ့လား...အသုံးလေးက ကောင်းတယ်ဝေးးးး
အဖြေရှာလို့ရပါစေနော် သယ်ရင်းရေ...
ကဗျာလေးကောင်းတယ်

တင့်ထူးရွှေ on March 21, 2008 at 3:24 PM said...

သိပ်လဲ မကောက်နဲ့
ငါ့တို့ အတွက် ကောက်ဖို့လဲ ချန်ထားဦး
အပေါ်က အကို အမ တွေ ပြောသလိုပဲ
ရူးကန်း ပေါ့

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template