Saturday, March 8, 2008

ထုံဆေးပြယ်တဲ့ ရင်ခွင်


ရင်ခုန်သံအစ
သူမက သွေးပြန်ကြောထဲ
ထုံဆေးတွေပစ်သွင်း
ဘာမှမသိအောင် ဖန်ဆင်းခဲ့ဖူးတယ်......


ထုံဆေးက အရှိန်တက်
မြင်လျှက်နဲ့ နာမှန်းမသိခဲ့ဘူး
ငါ့နှလုံးသားကို ဆွဲထုတ်
ခပ်နုပ်နုပ်မာယာဓါးတွေနဲ့ပေါ့......


ထုံနေတဲ့စိတ်က
ဘာလုပ်လုပ်ခံနိုင်တယ်
သူမ ပြုသမျှ
ငါပျော်ရွှင်စွာ ယုယခဲ့မိတယ်.....


အခုတော့ သိလိုက်ရပါပြီ.....
ထုံဆေးတွေပြယ်မှ
ငါ့အာရုံတွေ နိုးထ
ဒဏ်ရာက စပြီ....


နာကျင်ပါတယ်မှတ်
ရင်ဘတ်ကိုလှပ်ကြည့်မှ
နှလုံးသားက မရှိတော့ဘူး
သူမခွဲထုတ်ယူသွားပြီ......


အဲဒီရင်ခွင်ပေါ့...
အခုတော့ ထုံဆေးတွေမရှိတော့လို့
နာကျင်တက်နေပါပြီ....
ဝေဒနာတွေ မထပ်အောင်
အိပ်ဆေးတစ်ချက်လို့ ထိုးပါ....



ဖြိုးငယ်

4 comments:

soemyanandarthetlwin on March 8, 2008 at 7:08 AM said...

I hope u didn't get hurt..,

Great expression of your feeling in this poem.

Very touching indeep!!!

:)

ein on March 8, 2008 at 7:58 PM said...

ထုံဆေးသွင်းတော့ကောင်းပါ့မလားသယ်ရင်းလေးရယ်..အိပ်ဆေးလောက်ပဲကောင်းတယ်နော်...:D
ခုကော ပြယ်သွားပလားဝေးးးးထုံဆေး ...ထုံဆေး...:)

ဒီဇင်ဘာနှင်း on March 9, 2008 at 3:57 AM said...

ထုံဆေးက ပြယ်သွားလေ ပိုနာလေပဲနော်

Anonymous said...

အခုထိ နာနေတုန်းပဲလားဗျ..

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template