Sunday, March 23, 2008

မတ် လေရူးနဲ့ ထူးခြားတဲ့ကမ္ဘာ


အပြည်ပြည်ဆိုင်ရာ မဟုတ်
လူနှစ်ဦးသာပိုင်တဲ့ အဲဒီရက်စွဲတစ်ခုကို
ဘာတွေနဲ့မှ သက်သေမပြုခဲ့ဘူး
ရင်ဘတ်နှစ်ခုနဲ့ပဲ
ဖက်တွယ်ယုယခဲ့တယ်...


အဲဒီရာသီပေါ့

ပန်းတွေကိုတေးသီလို့

ရွှေနေပြည်မှာပွင့်တဲ့ပန်းကို

အညတရ လေးနမ်းခွင့်ရခဲ့တယ်


ဒီလိုနဲ့ မထင်မှတ်မှတ်

ရင်ထက်က တံတားမှာ

သူမက လာနားတယ်..



ကြင်နာစွာပွေ့ဖက်

အဝေးတစ်ဖက်ကိုမပြစ်ရက်လို့

ရစ်ပတ်နေတဲ့ကြိုးကိုဆွဲ

ရင်ဘတ်ထဲ ၀င်ခိုင်းမိတယ်…..



ဘယ်သူမှမသိလိုက်ပါဘူး

နှစ်ဦးသာရှိတဲ့ကမ္ဘာကိုတည်ဆောက်

သူမ ရောက်လာတဲ့ရင်ခွင်ကို

နူးညံ့ခြင်းတွေနဲ့ တည့်ခင်းလိုက်တယ်…..



နောက်ဆုံးတော့လည်း

ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု

အသဲနှစ်ခုကို အုတ်မြစ်ချ

နုနုရွရွလေးတည်ဆောက်ခဲ့ကြတယ်……



အဲဒီတုန်းကပေါ့

မတ်လရဲ့လေရူးတွေက

ငါ့ကိုပျော်မြူးစွာကောင်းချီးပေးခဲ့တယ်……



ဖြိုးငယ်

7 comments:

ein on March 23, 2008 at 5:46 PM said...

မတ် လေရုးနဲ့ ထူးခြားတဲ့ ကမ္ဘာငယ်လေးထဲမှာ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု ကို တည်ဆောက်နိုင်ပါစေနော်...:)
ကဗျာလေး ကြိုက်တယ်ဝေးးး

ပန်းခရေ on March 23, 2008 at 8:21 PM said...

ထူးခြားတဲ့ကမ္ဘာတဲ့
နှစ်ယောက်တည်းသိတဲ့ကမ္ဘာတဲ့
ကောင်းလိုက်တာကဗျာလေးကိုကြိုက်တယ်ဝေ့
အသက်ဝင်လိုက်တာ
ကဗျာလေးတွေကောင်းနေတယ်
တစ်ခုခုတော့တစ်ခုခုပဲ
ပြောပြ
ဟီး

ယုန်ကလေး on March 23, 2008 at 10:35 PM said...

ဘယ်သူမှမသိလိုက်ပါဘူး

နှစ်ဦးသာရှိတဲ့ကမ္ဘာကိုတည်ဆောက်

သူမ ရောက်လာတဲ့ရင်ခွင်ကို

နူးညံ့ခြင်းတွေနဲ့ တည့်ခင်းလိုက်တယ်…..



နောက်ဆုံးတော့လည်း

ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု

အသဲနှစ်ခုကို အုတ်မြစ်ချ

နုနုရွရွလေးတည်ဆောက်ခဲ့ကြတယ်……


အကိုရေ ဘယ်သူမှသိဖိုမလိုပါဘူး နှစ်ယောက်တည်းသိတရင် တစ်ကမ္ဘာဖြစ်သွားတာပဲ ဟဲဟဲ အသဲက အုတ်မြစ်ချတယ်ဆိုတာ ဘယ်လိုကြီးလဲဟင် သိဘူးနော် ကောင်းတယ် ကဗျာလေးက ကောင်းသလို အကိုရွေးတဲ့လူလည်း အကိုဆနနဲ ပြည့်ဝမှာပါနော်

ကြယ်စင်နတ်သမီး on March 24, 2008 at 3:15 AM said...

ကဗျာကို ဖတ်ရတာ မတ်လနဲ့ သတ်ဆိုင်နေတယ်နဲ့ တူတယ်နော်... မတ်လဇာတ်လမ်းလေးတွေ ရှိခဲ့တာလား... ရှိတော့မှာလား... ဒါကတော့ နှစ်ယောက်တည်းပဲ သိမှာပေါ့နော်... ဟုတ်တယ်ဟုတ်...

ဒီဇင်ဘာနှင်း on March 24, 2008 at 8:02 AM said...

ကဗျာလေးကိုကြိုက်တယ် အရမ်းကောင်းပါတယ် ထူးခြားတဲ့ ကမ္ဘာလေးထမြှာပျော်နိုင်ပါစေ

မင်းကျန်စစ်။ on March 25, 2008 at 7:00 PM said...

နွေဦးမှာ ပျော်စရာ ကြည်နူးစရာလေးတွေ ပိုင်ဆိုင်နေပါစေကွာ။ အသဲနှစ်ခုကို အုတ်မြစ်ချဖို့ နွေရူး လေရူးကို မြေတူးခိုင်းလိုက်ကွး)

Unknown on March 26, 2008 at 1:21 PM said...

~~အဲဒီတုန်းကပေါ့ မတ်လရဲ့လေရူးတွေက ငါ့ကိုပျော်မြူးစွာကောင်းချည်းပေးခဲ့တယ်…… ~~

တိုက်ဆိုင်တယ်ကွာ...ငါပိုင်ဆိုင်ခဲ့ဖူးတဲ့ ပြင်ဦးလွင်ရေညနေခင်းတစ်ချို့ကို အရမ်းသတိရမိတယ် :(

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template