ဆောင်းအကုန် နွေအကူးပေမို့
လေရူးကသုန်သုန်
ကြွေရွက်တွေ မဝေဖူးနိုင်ပါ့
တစ်ဖပ်ဖပ် မြေကျရပေါ့
သင်္ခါရ သဘောပြကာရယ်
ပင့်သက်တွေ ခြွေခြွေချတယ်
မြေခကာ သက်ဆင်းကြပေါ့
ရင်ထက်မှာ အပူဓါတ်
ဖြန့်ကျက်ကာ နေရာယူတယ်
ဒီလူမှာ ရူးရပေါ့
လွမ်းတော့ နွေဦး......
ကျက်စားခဲ့တဲ့ သဘာဝကိုတမ်းတ
အခုဖက်ထားရတဲ့နေရာက
နွေအခါ ရွက်မကြွေဘူး
ပွင့်ရွက်တွေလှိုင်လှိုင်ဝေကြ
ပြောင်းပြန်ရတဲ့ သီအိုရီ
ငါ့ရင်ဆီ တည့်တည့်တိုး
ခပ်တိုးတိုး သတိရပေါ့
ဥသြတို့ မသိကြဘူးလေ......
လေညင်းရဲ့ သခင်မ
ခြေချတဲ့ ဒီညတွေကို
ဘယ်အားတွေနဲ့ ရင်ဆိုင်ရမလဲ
ရင်ဝကို လာခတဲ့
သူမရဲ့ အနမ်းဖွဖွကို
တိမ်းရှောင်ရန် ခက်လှပေါ့
ဆောင်းက ကျန်တဲ့မျက်ရည်နဲ့
နွေကဆိုတဲ့ သီချင်းကြား
စိတ်တွေက အချင်းများပေါ့
ရင်ခွင်ကြားက ဆွဲနှုတ်
အဲဒီအလွမ်းမီးထုပ်ကို
တနုံ့နုံ့ မခံစားရအောင်
လေညင်းရေ....
မင်းနှုတ်ခမ်းနဲ့ဖြည်းဖြည်းမှုတ်ပါကွယ်.......
ဖြိုးငယ်
4 comments:
နွေဦးလေညင်း လွမ်းသီချင်း ...:)
တယ်ရင်းကဗျာစပ်ထားပုံလေးကောင်းတယ်...:)
လေညင်းလေးရေ ဖြည်းဖြည်းလေးတဲ့နော် ဟီးးးးး
ကာရံတွေ နဘေတွေနဲ့  မရမ်းလှတယ်ဗျို့  လေညင်းရေ့ မင်းနှုတ်ခမ်းနဲ့ ဖြေ၂လေး အာဘွားပေးပါ ကလေးရယ်း)
သယ်ရင်း...
မင်းဆီလာရတာ ကြောက်တောင်ကြောက်လာပြီ.. ငါက အလွမ်းဓါတ်ခံနဲ့ ကောင်ဆိုတော့... မင်းကဗျာလေးတွေ ဖတ်လိုက်တိုင်း အလွမ်းဓါတ်တွေ တိုးတိုးလာလို့.. :(
နွေဦး လေညင်းနဲ့အတူ သင်္ကြန်တောင် ရောက်တော့မယ်နော်...
ဘလော့တွေနဲ့အဆက်ပြတ်နေတာကြာပြီဖြိုးငယ်ရေ။
အခုတော့ကဗျာတွေတစ်ဝကြီးလာဖတ်သွာတယ်။
ဒီကဗျာကိုတော့အကြိုက်ဆုံးပဲ။
Post a Comment