Sunday, March 9, 2008

သူတို့ပြန်ပြီ..တို့ ဌာနီ



ရာသီတွေအလီလီ
လက်ချိုးကာတွက်ရည်ခဲ့
အခုတော့လည်း
သူတို့ပြန်ပြီ…တို့ဌာနီ
ငါတို့မှာတော့ လွမ်းကောင်းဆဲ……


မြန်မာမှာဆို ဂိမာန်
သင်္ကြန်ကိုမြင်ရ
သူတို့ကပျော်ကြပြီ
ငါတို့ကလွမ်းဆဲ……


မော်စကိုမှာနှင်းကျဆဲ
ဝေးရတဲ့ဌာနီရေ
ပြန်လာသူတွေကြိုနှင်ပေါ့
ငါတို့ကလွမ်းရစ်ဆဲ….


ဝေးတစ်မြေမှာ မင်းကိုလွမ်းပေါ့
မျှော်မှန်းကာတမ်းတမိ
မင်းကမသိဘူးမလား
သူတို့ကမင်းရင်ကိုခိုပြီ
နွေးထွေးစွာမင်းကြိုပေါ့
ဒီမှာတော့ လွမ်းကောင်းဆဲ……..


မဝေးပါဘူး…
အပြေးလာခဲ့မယ်
တစ်နေ့ကြရင်ပေါ့
ခပ်သော့သော့ အပြင်းနှင်လို့
မင်းရင်ဆီ သက်ဆင်းမယ်
မင်းသာမျှော်လင့်ပေါ့…..
လာနှင့်သူ မင်းလက်ကမ်း
ဌာနီရေ……
ငါတို့တော့ လွမ်းနေဆဲ….



ဖြိုးငယ်

7 comments:

Anonymous said...

လွမ်းနေတဲ့အထဲမှာ ကောင်မလေးလည်းပါပါတယ်ဗျာ.. ပာုတ်ပါ့.. သူတို့ကတော့ အမိမြေရဲ့ရင်ခွင်ကို ခိုကြပြီကိုး.. ကျန်ရစ်တဲ့သူတွေကတော့ လွမ်းကောင်းဆဲပေါ့.. ကဗျာလေး ထိတယ်ဗျာ.. :(

Unknown on March 9, 2008 at 8:58 AM said...

မဝေးပါဘူး…
အပြေးလာခဲ့မယ်
တစ်နေ့ကြရင်ပေါ့
ခပ်သော့သော့ အပြင်းနှင်လို့
မင်းရင်ဆီ သက်ဆင်းမယ်
မင်းသာမျှော်လင့်ပေါ့…..
လာနှင့်သူ မင်းလက်ကမ်း
ဌာနီရေ……
ငါတို့တော့ လွမ်းနေဆဲ….

တိုက်ဆိုင်တယ်ဗျာ.. ကျနော်ကလည်း အိမ်လွမ်းနေတာ... ကဗျာလေး တော်တော်ကောင်းတယ်

ein on March 9, 2008 at 10:35 AM said...

ပြန်လာရင် ကြိုနေမယ်တဲ့...
ပြောတယ် ဌာနီလေးကလေ...

Winkabar on March 9, 2008 at 4:18 PM said...

ပွဲတွေ ဘာတွေနီးလာရင်လူက အိမ်ကိုတအားလွမ်းတာနော်။ ဒီကဗျာဖတ်ပြီး တကယ်ပဲအပြေးပြန်ချင်စိတ်ပေါက်သွားတယ်။

Anonymous said...

မင်းရေးတာကတော့ ကဗျာပဲကွ... ငါ့ရင်မှာ မခံစားနိုင်လို့ ငိုချင်းအမှတ်နဲ့ သဲကြီးမဲကြီး ရှိုက်သွားတယ်ကွာ.. တကယ်ထိတယ်..

~J-Quen ~ on March 12, 2008 at 2:59 PM said...

ကဗျာလေးက အရမ်းကောင်းတယ်။ အိမ်ကိုလွမ်းတဲ့ ခံစားချက်အားလုံးကို ဒီကဗျာလေးက ကိုယ်စားပြုပေးလိုက်သလိုပဲ။

~P~ on March 13, 2008 at 8:54 PM said...

ဖတ်လို..ကောင်းတယ်
သကြန်ရောက်တော.မယ်...အိမ်ပြန်ချင်တယ်..:(

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template