အထူးကြေငြာချက် ထုတ်ပြန်ပြီး နားထားသော်လည်း ကုသိုလ်ရေးမို့ ကြားဖြတ်
အထူး အစီအစဉ် အနေဖြင့် သာဓု ခေါ်ဆိုနိုင်စေခြင်းအလို ငှာ ၀မ်းမြောက်စွာဖြင့် ရေးသားလိုက်ရပါသည် ။ ။ ။ ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓကလျာနယုဝအသင်း
(YMBA-MEPHI)မှလက်ခံရရှိသော အလှူငွေ
US$2500 အား
(ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံရှိ ဒုက္ခသည်များထံသို့
(တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများ ကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှ တစ်ဆင့်ဆက် သွယ်ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည် ။
၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ကျပ် (၁၀)သိန်း အား ထပ်မံထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န် ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ထံသို့ လှူဒါန်းပြီး၊ စေတနာရှင် လူငယ်ဆရာဝန်များ နှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစား ခဲ့ရသော ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာနှင့် သိဖက်ရွာ သုံးရွာတို့အား ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ၊ ဆန်၊ ပဲ၊ အ၀တ် အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင်ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန် အသိပေး တင်ပြအပ်ပါသည်။
အလှူဒါနပြုလုပ်ရာ ဘုန်းတော်ကြီးကျောင်းအား မြင်တွေ့ရစဉ်
အ၀တ်အထည်များ လှူဒါန်းနေစဉ်
တာလဘတ် အမိုးစများအား လှူဒါန်းစဉ်
ဆေးဝါးကုသမှုများ ပြုလုပ်ပေးစဉ်
လှူဖွယ်ပစ္စည်းများအား မြင်တွေ့ရစဉ်
လှူဒါန်းမှု ခရီးစဉ်မြင်ကွင်း
စေတနာရှင် လူငယ်ဆရာဝန်များမှ ဆေးဝါးကုသမှုများ ပေးနေစဉ်
လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် မြင်တွေ့ရစဉ်
လှူဖွယ်ပစ္စည်း ၀ယ်ယူမှုစာရင်း
နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့ဝင် ကန်ဦးဇေတ၀န် ကျောင်းထိုင်ဆရာတော်၏ အလှူမှတ်တမ်း
p.s-(ဒုတိယအသုတ်) အနေဖြင့် ထပ်မံလှူဒါန်းနိုင်ရန်အတွက် အစီအစဉ်များကိုလည်း ထပ်မံဆောင်ရွက်ပြီး ဖြစ် ပါသည်။
P.S >>> အထက်ပါ အကြောင်းအရာများကိုကျွန်တော့်သူငယ်ချင် အိပ်မက်နက်ကြီး ဆီမှ ခွင့်ပြုချက်ယူ ၍ ပြန်လည် တင် ပြပါသည် ။ ။ ။ လှူဒါန်းရာတွင် ကူညီပေးခဲ့သော မိသားစု ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည် ။ ။ ။ နတ် လူ သာဓု ခေါ်စေသော် .....