Wednesday, May 7, 2008

သင်ရော လက်ပိုက် ကြည့်နေမလား …..












သြော်

ကံကြမ္မာ ရဟတ်ဆိုး
တို့နိုင်ငံ ကို ထိုးလို့မွှေ
ကျိုးလို့ ကြေ သစ်ပင်တွေနဲ့
နေအိမ်တွေ ပျက်စီးရပေါ့
( နာဂစ်ရယ် ) ….
မင်းအမျက်ကြီးလိုက်တာ….


ရပ်ပြီးသာ ကြည့်နေမလား
မင်းမှာရှိသမျှ အားနဲ့
တက်စွမ်းသမျှ ကူညီ
တူညီတဲ့ စိတ်ထား
အားလုံးဟာ တို့အမျိုးများပေမို့
အဆိုးများ ပြန်ကောင်းဖို့
ကြိုးစားလို့ ကူကြစို့ …..
အဲဒီသတင်းကြားရတာ
အရှိုက်ထိတာထက် ပြင်းတယ်
မြင်သမျှ ကြားသမျှ
ရင်ဝကို ကန်ချသလို
စိတ်ထဲမှာ ခံရတယ်
ဟုတ်မှ ဟုတ်ပါလေစ …..


အလှမ်းကွာနေတော့
ရင်ထဲမှာ မလန်းနိုင်ဘူး
ကျန်းမာကြပါစေ ဆုတောင်း
ကြားရသမျှ စိတ်မကောင်းဘူး
ဘ၀ပြောင်းသွားသူတွေလည်း
ကောင်းရာဘုံ လားပါစေ ……


ဟေ့ သူငယ်ချင်း
ဒီသတင်းကိုကြားဆဲ
နားထဲမှာ မချမ်းသာ
မင်းလည်း မြန်မာတစ်ယောက်ပေမဲ့
ဒုက္ခသည် တို့ဆွေမျိုးတွေအတွက်
တစ်ကျပ် တစ်ပြား မဆိုထားဘူး
ကိုယ်တက်အားသလောက်ပေါ့ …


ကဲ …..
သူငယ်ချင်း ….
မင်းရော လက်ပိုက်ကြည့်နေမလား ……


ဖြိုးငယ်



မှတ်ချက် အားလုံးသိပြီးသားပါ …. တက်အားသမျှ ကူညီကြပါဗျာ …..

အလှူခံ ဌာနတွေလည်း သိကြပြီးရောပေါ့ ……

ကျွန်တော်က နည်းနည်းတော့ ထပ် ကြေငြာပေးပါမယ်


ရုရှ မှာ ကျောင်းသားများ ဆက်သွယ်လှူဒါန်းနိုင်ရန်အတွက်

Bauman State University BMSTU

NatShinNaung: Room no( 607) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094)
Ph: +7- 909 -157 -11- 74

Naung Naung :Room no: (508) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094) .


MIET

MIET မှ ကျောင်းသားများ မြန်မာပြည် မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများ အတွက် အလှူငွေများကို အောင်စိုးလွင် (၄၄၂၃) တွင် ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

ရုရှားနိုင်ငံရောက် ကျောင်းသားများ အနေနဲ့ မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အတွက် အလှူငွေများကို မိမိကျောင်း မှ ကျောင်းသား ခေါင်းဆောင်များနဲ့ အတူ မော်စကိုမြို့ Mephi ကျောင်းမှ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်း ( YMBA )ymba.mephi@gmail.com Ph:897420905,894874413,81898420 ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ခင်ဗျာ ....
အကူအညီလိုကလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်

1 comments:

Unknown on May 8, 2008 at 11:43 AM said...

အဆိုးများ ပြန်ကောင်းဖို့
ကြိုးစားလို့ ကူကြစို့ …..

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template