သံသရာ အရှည်မှာ
ဒဏ်ရာ အပေအတေ
အဖန်တရာ ကြွေခဲ့လည်း
မနေ့က ရှိုက်သွင်းခဲ့တဲ့အထိ
သင်္ခါရ ကို မသိရသေးဘူး …
ဒီလိုနဲ့
ဒုက္ခ သစ္စာတွေ စားသုံး
သမုဒယ နွံထဲရုန်းရင်း
မေလရဲ့ ၃၁
ငါ့ရင်မှာ မှတ်ကျောက်တင်ရစ်ပြီ …..
နွေအဆုံး မိုးအစ
မေလ ရဲ့ နိဂုံး
အပြုံးတစ်ချက် ဖြန့်ကျက်
အသွေးအသက်နဲ့တည်ဆောက်
လူသား တစ်ယောက် ဖန်ဆင်း
ကမ္ဘာမြေကို နင်းစေခဲ့တယ် ….
အပြည်ပြည်မဆိုင်ပါဘူး
သူတစ်ယောက်ထဲ ပိုင်တဲ့ရက်စွဲပါ
အခက်အခဲတွေ နင်းဖြတ်ကျော်
သူမ ပျော်တဲ့ အဲဒီရက်
တစ်သက်အတွက် အမှတ်တရ
နှစ်တိုင်းရပါစေ ……
ဘ၀တွေ ဘယ်လိုကောက်ကောက်
ဆူးတွေဘယ်လိုဖြောင့်ဖြောင့်
တို့ရောက်တဲ့ မေ ၃၁ မှာ
နုသစ်တဲ့ အချစ်တွေနဲ့
လောကကြီးကိုမေ့
တို့နှစ်ယောက်ပဲတွေ့ကြမယ်နော် ….
( နှစ်စဉ် နှစ်တိုင်းပေါ့ )
ဖြိုးငယ်
3 comments:
ကျုပ်လည်း ခင်ဗျား ကဗျာလေးကို ခံစားမှု့မှတ်ကျောက်တင်သွားပါတယ်ဗျာ
ဝေးးး... တော်သေးတာပေါ့... ကဝေမလုပ်ထားလို့ ... အစ်မလို ဘီလူးမလို့ မပေးထားလို့... ဟိ ဟိ... နို့မို့ဆို မလွယ်ဘူးဟေ... ကဗျာစာသားတွေက ကောင်းတယ်မောင်လေးရေ...
အိုအောင်မင်းအောင်ပေါင်းရပါစေ ဘိုဖြိုးရေ
နုသစ်တဲ့အချစ်တွေနဲ့ပေါ့
Post a Comment