တစ်ချက်ချက် နဲ့
တစ်ပတ်ပြီးတစ်ပတ် လည်တဲ့နာရီ
၁၂ က အစချီလို့
၁၂ ဆီတစ်ခါပြန်ခေါက်
၃၆၀ ဆိုတဲ့အပတ်ရောက်ရင်
ရင်မှာပေါက်တဲ့ အပင်မှာ
ပန်းတစ်ပွင့်ကို မြင်ရတယ် ....
၁၅ ရက်မှ တစ်ခါပွင့်တဲ့ပန်း
ရင်မှာ ထာဝရလန်းစေဖို့
ရက်တွေကို နင်းဖြတ်ကျော်
မျှော်ရတာလည်း မောပြီ ....
အဲဒီပန်းပွင့်တဲ့ရက်
အဲဒီမနက်တွေရောက်ရင်
စောင့်နေတဲ့ ငါ့အလွမ်းတွေက
အဲဒီပန်းကို ဖွဖွနမ်းကြတယ်
လွမ်းရသမျှ ပြေပါတယ် .....
တမ်းတရုံနဲ့ ကျေနပ်ရတဲ့ဘ၀မို့
မှန်းဆမျှော် နေတက်ခဲ့
အလွမ်းရက်သေ အသက်ဆက်ဖို့
အဲဒီပန်းရဲ့ အနမ်းခက်နဲ့
ငါ့ရင်ကိုမှန်မှန် ဖျန်းပက်ပါ ....
လှမ်းဆက်ရမဲ့အနာဂတ်
အသာအယာ ဖြတ်ကျော်ဖို့
ပန်းလေးရယ် ....
၂ ပတ် ၁ ကြိမ် ပွင့်ပေးပါ ။ ။ ။ ။ ။
ဖြိုးငယ်
မှတ်ချက် ။ ။ ကျွန်တော့် ကောင်မလေးက အွန်လိုင်းကို ၂ ပတ်မှ ၁ ခါ လာတာပါ .. ဒါတောင် ကျွန်တော် ခေါ်လို့ပါ .. လာရင်လည်း ဘာမှ မလုပ်တက်ဘူးလေ .... တကယ်တော့ ကျွန်တော်လည်း မခေါ်ချင်ပါဘူး ... ဒါပေမဲ့ လွမ်းလို့ပါ ... အဲဒီအကြောင်းကို ရေးထားတဲ့ကဗျာလေးပါ ....
Friday, May 30, 2008
Subscribe to:
Post Comments (Atom)
2 comments:
သူငယ်ချင်းရေ ခံစားချက်ချင်း တူနေပြီ...:D
ကိုဖြိုးငယ်ရေ...ဝေးနေကြတဲ့ ဘ၀၊ အမြန်ဆုံး ၀ဋ်ကျွှတ်ပါစေ။
Post a Comment