Friday, May 30, 2008

SATURDAY DUTY ( သို့ ) စနေတာဝန်


မနက်ကစောစော
အလင်းနဲ့ အမှောင်နဲ့ရောစပ်
နိုးစက်ကမြည်
ကပျာကသီ ထ
ကွန်ပြူတာဆီသွား
ပါဝါကိုလက်ထိုး
အသံလေး တိုးတယ်
သူများတွေနိုးမှာ စိုးသောကြောင့် ......


မနက်က မလင်းသေး
သီချင်းလေး ညည်းဆို
မျက်နှာကို သစ်
ကော်ဖီမစ်ကို ဖျော်
သူမကို မျှော်ရတယ်
လှမ်းခေါ်မကြားနိုင်သောကြောင့် ……


ရောက်လာတဲ့ ခဏ
သူ့မျက်နှာမြင်ရဖို့
ကွန်နက်ရှင်း ( Connection ) က ကောင်းပါစေ
တောင်းဆုတွေ ရင်မှာချွေတယ်
လေလှိုင်းက မရောက်
အတုံးပျောက်မှာ စိုးသောကြောင့် ……..


နှလုံးဖောက် ရင်ခုန်သံ
နားစည်ကိုလာမှန်နေတော့
အိပ်ရန်ပင် မေ့နေတယ်
ဘိုင် ( Bye ) ဆိုတဲ့အသံကြားမှ
ပါးစပ်က သန်းတယ်
အလွမ်းရင်မဆိုင်ရဲသောကြောင့် ……..


အနမ်းတွေ ချွေ
ပန်းတွေ ကြွေတယ်
ဖြေဆည်လို့မရ
သူမ က ပြန်
ကျန်နေတဲ့ ငါက
ကွန်ပြူတာ ရှက်ဒေါင်း (Shut down ) ချတယ်
ပြန်လည် ကျိန်းစက် ချင်သောကြောင့် .......


ဖြိုးငယ်



မှတ်ချက် ။ ။ ဒါကတော့ ကျွန်တော့်ရဲ့ စနေ့နေ့လုပ်ငန်းလေးပါ ..... တကယ့် အဖြစ်အပျက်လေးပေါ့ ... ချစ်သူကတော့မသိဘူးလေ ....ဟီးဟီး....

5 comments:

ကြယ်စင်နတ်သမီး on May 30, 2008 at 2:46 PM said...

သြော်... ဒုက္ခ ဒုက္ခ သုခလို့ မှတ်ထင်စရာပါပဲ... ဟိ ဟိ... ဂျူတီချိန်ဟာ ဂျူတီပါ ဝတ်တရားမပျတ်နဲ့ကွာ... အဲဒီသီချင်းလေးက မှန်တယ်မောင်လေးရေ... ဝေဒနာခံစားမှု့တူမို့လို့ အဲဒီဒုက္ခတွေက မောင်လေးစိတ်ထဲမှာ သုခလို့ ထင်မယ်ဆိုတာ မမသိနေတယ်နော်...

ချစ်သော ကို on June 1, 2008 at 11:20 AM said...

ဒါ့ကြောင့်ပြောကြတာနေမှာ တိုင်းပြည်ရေးနှင့် ၀မ်းရေးထက် လွမ်းရေးခက်၏ ဆိုတာပေါ့ဗျာ အဟေးဟေး

Mhu Darye on June 7, 2008 at 10:57 AM said...

ကြိုက်တယ်ရှင့်။ ရေးပုံလေး။

Anonymous said...

ဂွတ်...ဟိ ဟိ..ကောင်းတယ်...ဂျူတီပေါ့....မပျက်စေနဲ့နော်

chu on July 14, 2008 at 7:47 AM said...

mite tal :P , I like it ..

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template