Friday, May 9, 2008

အထူးကြေငြာချက်


အခုတလော ကိုယ့်ထမင်း ကိုယ်စားပြီး ... အကြောင်းမဲ့သက်သက် တိုက်ခိုက်ခံနေရတာက တစ်ကြောင်း ...
နာဂစ် နှိပ်စက်လို့ စိတ်ပျက်ဖွယ်ရာ မြင်ကွင်းများကို ကြား သိ မြင် တွေ့ ၍ စိတ်မကောင်းဖြစ်သောကြောင့်
တစ်ကြောင်း .... အခုတလော ရင်ဘတ်နှင့် ခံစားသူများ ပျောက်ပြီး ... စွပ်စွဲမှု အတ္တဆန်မှုများ များနေသော
ကြောင့် ရင်ဘတ်နှင့် ခံစားရန်ပင် ခက်ခဲနေသောကြောင့် တစ်ကြောင်း .... မည်သို့ မည်ပုံ ပြောမပြနိုင်သော
စိတ်ရှုပ်ထွေးမှုများ ရှိနေသောကြောင့် တစ်ကြောင်း .... ထိုသို့သော အကြောင်းအမျိုးမျိုးကြောင့်
စာရေး ခြင်း ... ကဗျာရေးခြင်း များကို (၃၀.၅.၂၀၀၈)အထိ ခတ္တ ရပ်နားထားပြီး .... မိုးလေ၀သ ငြိမ်သက်
ရင်ဘတ်ထဲက ခံစားချက်တွေ ပြန်ထွက်လောက်တဲ့ (၃၁.၅.၂၀၀၈) မှသာ ပြန်လည်ရေးသားမည် ဖြစ်ကြောင်း
အသိပေးအပ်ပါသည် ချစ်ခင်ရပါသော သူငယ်ချင်းအပေါင်းတို့ ....
လာရောက် လည်ပတ်သူများကိုလည်း အထူးကျေးဇူးတင်ပါတယ် ... အေးအေးဆေးဆေး နေချင်သော ဆန္ဒကြောင့် ဧည့်ဝတ်မကျေနိုင်ခြင်းကို နားလည်ပေးကြပါခင်ဗျာ .... ပြန်လည်ဆုံတွေ့ပါဦးမည် ။ ။ ။ ။ ။



လေးစားစွာဖြင့်
ဖြိုးငယ်

4 comments:

Soe Mya Nandar Thet Lwin (Borros Roxo) on May 10, 2008 at 4:35 AM said...

Let me give you tips..,

Just ignore it whoever came and attack you for no good reasons. They don't deserve to have your attention..., So Let it go.

Still keep on doing whatever you believe in. Please do not waste your valuable times to fight them back.

All the Best and keep smiling.

Best Regards.,
Soe Mya Nandar Thet Lwin

Unknown on May 11, 2008 at 11:00 AM said...

ဘယ်လိုဖြစ်တာလည်း သူငယ်ချင်းရာ..။ အေးအေးဆေးဆေးပေါ့...။ အားလုံးအဆင်ပြေပါစေကွာ....။

Unknown on May 17, 2008 at 2:21 PM said...

သြော်... သူလဲ လေမုန်တိုင်း မိသွားပြန်ပြီ။ ပြန်လာမဲ့ ရက်ကို စောင့်နေမယ်ကွာ....

မင်းကျန်စစ်။ on May 20, 2008 at 10:17 AM said...

ကောင်းတယ် သူငယ်ချင်းရေ။ နားလိုက်ပါ။ ရန်ကို ရန်ချင်း တုံ့နှင်းမိရင် မကောင်းဘူး ဖြစ်မယ်။ အေးဆေးပေါ့။ စာမေးပွဲလဲ ဖြေနိုင်ပါစေကွာ။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template