Tuesday, January 6, 2009
ချစ်လူမိုက်
အမှားသိလျှက်နဲ့ မပြင်နိုင်တဲ့သူသည်
လူမိုက်စစ်စစ် ဖြစ်သည် ။
ယောက်င်္ကျားများကို မိန်းမောစေအောင်
မ စ နိုင်သော ပုဂ္ဂိုလ်တို့ကို မိန်းမ ဟုခေါ်သည် ။
လူတွေက ကိုယ့်ကို လိမ်နေမှန်းသိလျှက်နဲ့
ဘာကြောင့်များ အဲဒီမျက်လှည့်တွေကို လက်ခုပ်တီး အားပေးနေကြတာလဲ ....
တကယ်တော့ ...
သူမဟာ David Copperfield (ဒေးဗစ်ကောပါဖီးလ်)၏ ဆရာဖြစ်ကြောင်း
ကျွန်တော် အစတည်းက သိခဲ့ပါတယ် ။
ဖြိုးငယ်
Subscribe to:
Post Comments (Atom)
13 comments:
ခပ်မိုက်မိုက်ကဗျာပါလား လန်ထွက်နေတယ်
ကိုယ့်ကိုယ်ကို နှိပ်ကွပ်ထားတဲ့လေသံတွေက တင်းတယ်
လူတွေက ကိုယ့်ကို လိမ်နေမှန်းသိလျှက်နဲ့
ဘာကြောင့်များ အဲဒီမျက်လှည့်တွေကို လက်ခုပ်တီး အားပေးနေကြတာလဲ ....
ပညာရှင်ကိုလေးစားလို့ပေါ့
သူမကိုလေးစားပါး)))
ဒီလိုခပ်ရင့်ရင့်ကဗျာတွေ ကြိုက်တယ်
ယောက်င်္ကျားများကို မိန်းမောစေအောင်
မ စ နိုင်သော ပုဂ္ဂိုလ်တို့ကို မိန်းမ ဟုခေါ်သည်
အဟေဟေ
မိုက်တယ်ဟေ့
ဒါဆိုယောကျာင်္းဆိုတာကရော ?????????
း)
မိုက်တယ်အကိုရေ..တကယ်ကိုကောင်းတယ်
အဆင်ပြေပါစေဗျာ
ယောက်င်္ကျားများကို မိန်းမောစေအောင်
မ စ နိုင်သော ပုဂ္ဂိုလ်တို့ကို မိန်းမ ဟုခေါ်သည် ။
မှတ်သားစရာပဲ...အဟဲ....
အားရိုးရိုး... အမှန်တွေပြောနေတယ်။ အခုမှပဲ မိန်းမဆိုတာ ဘာလဲလို့ သိတော့တယ် :P
ဘာလဲကိုယ့်လူ လှည့်ခံနေရပြီလား
ဟားဟား ဘိုဖြိုးရေ မျက်လှည့်တတ်တာ
နည်းတာမှတ်လို့ သွားသင်ထားဗျ ဟားဟား
ပြီးရင် ကျနော့်ကိုပြန်သင်ပေး ဟားဟား
မျက်လှည့်တောင် သင်ချင်စိတ်ပေါက်လာပီ
သူများတွေကို လိမ်ချင်လို့
ဟတ်ဟတ်
အဆင်ပြေပါစေ
ဟာ.... ရေရေလည်လည်ကိုကောင်းတယ်ဗျာ။
ကြိုက်လွန်းလို့ကို အထပ်ထပ်အခါခါကို ဖတ်သွား
တယ်ဗျာ
အကိုတော် မိန်းမတွေက တော်တော်လေးကို အစွမ်းထက်တယ်လား နာလည်းအသိဝူးနော်
ဟား ဟား ဟား....
ရေးချက်ကတော့ လန်ထွက်နေတယ်....
ဒေးဗစ်ကောပါဖီးလ် ရဲ့ဆရာဆို တော်မှာပဲ။ နည်းလေးဘာလေး သင်ထား။ မျက်လှည့်ကြည့်ရအောင်နော် အစ်ကို... :P
နောက်ပြောင်ကျီစယ်သွားပါသည်။ သည်းခံခြင်းသည် မြတ်၏ တဲ့။ ဟဲဟဲ.. စိတ်မဆိုးနဲ့
ခံလေ ခံ ။ သိသိကြီးနဲ့ ခံ ။ မလွတ်တမ်း အလိမ်ခံ ။
ပွဲပြီးသွားရင်တောင် ကိုယ့်ကိုကိုယ် ဆက်လိမ် ။ JK :D
ကောင်းလိုက်တဲ့ ကဗျာ ။ ၇င်နာတယ် ။
ဒီလိုပါပဲ လိမ်တာလေးကို ကြိုက်လို့...။ သွားကြည့်တာပဲ... ဟဲ..ဟဲ ပွဲပြီးမှ လိမ်တယ်လို့တော့ မပြောပါနဲ့။ အစထဲက လိမ်တာပဲဟာကို ...
အလိမ်ခံခဲ့ရတာကို တစိမ့်စိမ့်တွေးပြီး ကျေနပ်ကြည်နူးနေအုံးမှာ ကျွန်တော့နဲ့ ထပ်တူပဲ
Post a Comment