Saturday, January 10, 2009

မေတ္တာသခင် အို.. မိခင်














လောကဓါတ်၌
မိန်းမတို့ထက်
ယောင်္ကျားမြတ်သည်
ဆိုပေမည်လည်း
ယောင်္ကျားတို့ထက်
အမေမြတ်သည်
ဆိုပါလေမူ
မည်သူငြင်းဆန်ဝံ့နိုင်လိမ့် ။

ရင်သွေးငယ်လေး
အိုပိုက်ထွေးလို့
၉လကျော်လွယ်
၁၀ လသယ်ပြီး
ချဉ် ငန် စပ် ခါး
အပူများလည်း
ရှောင်ရှား မြိုသိပ်
မိခင်စိတ်ကို
အိုဘယ့်ယောင်္ကျားစွမ်းနိုင်လိမ့် ။

ချိန်ခါတိုင်ရောက်
မွေးဖွားမြောက်သော်
ကန်ကျောက်ငိုကြွေး
ရင်ဝယ့်သွေးအား
ချစ်တေးဆိုညည်း
ဝမ်းမီးငြိမ်းစေ
မေတ္တာအနှစ်
သွေးစင်စစ်က
နို့ရည်ဖြစ်အံ့
ဘယ်တန်ခိုးရှင်တုနိုင်လိမ့် ။

ကမ္ဘာမီးလောင်
သားကောင်ချနင်း
ဤစာကြွင်းက
ယွင်းမှားပေလိမ့်
မိခင်စိတ်သည်
သူသာကြိတ်မှိတ်
ခံလိမ့်ပေအံ့
သားမောင်နုထွေး
ချစ်ရင်သွေးကို
နည်းနည်းလေးပင်
ဘေးမတင်အောင်
ဖေးပြင်စောင့်ရှောက်
ကောင်းရာရောက်စေ
ထိန်းကျောင်းပေအပ်
မြတ်သောမိခင်
အိုသခင်ကို
ဘယ်သူယှဉ်လို့ရနိုင်လိမ့် ။

ဖြိုးငယ်



19 comments:

အရုပ်ကလေး on January 10, 2009 at 1:25 AM said...

ကဗျာလေး ဖွဲ့ဆိုထားတာ ကောင်းမွန်တယ်..
ကာရံအငြိ အရှိုက်ထိလို့
ဆို့တက်သွားတယ်..။
အမေနဲ့ ဝေးနေတဲ့ သားတစ်ယောက်မို့
ကဗျာရဲ့ စကားလုံးတိုင်းက ရင်မှာ ထိတယ်..
ဆက်လက် ရေးသားနိုင်ပါစေ

မီးမီးငယ် on January 10, 2009 at 2:00 AM said...

စာသားတွေကအရမ်းကို ထိမိပါတယ်ရှင်

အမေချစ်တဲ့ သားတစ်ယောက် အရာရာမှာ အောင်မြင်နိုင်ပါစေ

မမသီရိ on January 10, 2009 at 2:56 AM said...

အမေ့ မေတ္တာတွေ ကို
သိတတ်တဲ့ သား သမီး တွေ က
ဘယ်တော့မှ ..ရင် မပူ ရဘူး..
....
ကဗျာလေး ထဲ ရေး ထား သလို..
အပြင် မှာ လဲ သိတတ် ပါစေ..ကွယ်..

WWKM on January 10, 2009 at 5:40 AM said...

အမေအကြောင်းရေးဖွဲ့ထားတဲ့ ကဗျာလေးလာရောက်
ဖတ်ရှု့ခံစားသွားပါတယ်။ကဗျာကောင်းလေးတစ်ပုဒ်ပါ။
အမေချစ်တဲ့သားတစ်ယောက် ကျန်းမာပျော်ရွှင်နိုင်ပါစေ။

နေရီနွယ် on January 10, 2009 at 8:22 AM said...

စာသားတွေက အရမ်းမိုက်တယ် e-book ထွက်ရင်လည်း အကြောင်းကြားအုံးနော် အကိုတော်

အိုင်လွယ်ပန် on January 10, 2009 at 11:36 AM said...

ကဗျာလေးကောင်းတယ်ကိုဖြိုးရာ..

ဆောင်းယွန်းလ on January 10, 2009 at 5:16 PM said...

အမေ့ကိုနှိုင်းတုဖွယ်ရာမရှိအောင်ရေးစပ်ထားတဲ့
ကဗျာကောင်းတစ်ပုဒ်ပါဘဲ.ညီလေးဖြိုးငယ်ရေ...
အမေ့ဘဝကိုကိုယ်ဝင်ဆောင်တဲ့အရွယ်ကစပြီး
မြင်အောင်ရေးဖွဲ့ထားလို့မြင်အောင်ကြည့်ပြီး
ထိရှအောင်ခံစားသွားရပါတယ်...

ခေါင်ခေါင် on January 10, 2009 at 8:01 PM said...

ကဗျာလေး အရမ်းကောင်းတယ်.ဗျာ..
စကားလုံးတွေ ခမ်းနားလွန်းပါတယ်

ဝှိုက်ဝှိုက် on January 10, 2009 at 10:13 PM said...

ကဗျာကောင်းလေးတစ်ပုဒ်ပါ လာရောက်ခံစားသွားပါတယ် ... အမေကိုချစ်တဲ့သားမို့ အရာရာ အဆင်ပြေပျော်ရွှင်ပါစေရှင်

GreenGirl on January 10, 2009 at 11:14 PM said...

လောကဓါတ်၌
မိန်းမတို့ထက်
ယောင်္ကျားမြတ်သည်
ဆိုပေမည်လည်း
ယောင်္ကျားတို့ထက်
အမေမြတ်သည်
ဆိုပါလေမူ
မည်သူငြင်းဆန်ဝံ့နိုင်လိမ့် ။


ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အရာတစ်ခုပါပဲ။

ငါ့မောင်လေး မရေးတတ်ဖူး မရေးတတ်ဖူးနဲ့ ရေးလိုက်တော့လည်း အနှစ်တွေကြီးပါပဲလားး)

ဒီဇင်ဘာနှင်း on January 11, 2009 at 12:16 AM said...

ကဗျာလေးဖတ်ပြီး ခံစားသွားပါတယ် ကဗျာအရေးကောင်းတဲ့ကိုဖြိုးငယ် အမေကိုချစ်တဲ့ကိုဖြိုးငယ်တစ်ယောက် ထာဝဏဉ်ပျော်ရွှင်ချမ်းမြေ့ပါစေ

မြတ်သွယ် on January 11, 2009 at 1:17 AM said...

မိခင်မေတ္တာပေါ်လွင်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါ

Anonymous said...

ပုံလေးနဲ့ ကဗျာလေးက လိုက်ဖက်ပြီး အမေရဲ့ မေတ္တာပြကွက်လေးက ပိုပီပြင်လှပါတယ်ကွာ..

Unknown on January 11, 2009 at 7:42 AM said...

ကဗျာလေးလာဖတ်သွားကြောင်း ကောင်းသောနေ့ပါကိုဖြိုး
ငယ် :)

သန့်စင် on January 11, 2009 at 3:22 PM said...

ဒီကဗျာကို ကိုရင်ငြိမ်း ဘလော့က Ebook မှာ အရင်ဖတ်လိုက်ရတာ Ebook မှာက comment ပေးလို့မရလို့ ဒီမှာ လာပြောတာဗျာ အရမ်းကောင်းတယ် ။

သက်ထွန်းညိမ်း on January 12, 2009 at 3:01 AM said...

အော် အမေအမေ

ခေါင်ခေါင် on January 12, 2009 at 10:14 PM said...

ရင်နဲ့အမျှ ခံစားသွားပါတယ် အစ်ကိုရေ....
အမေအကြောင်းတွေ လိုက်ဖတ်ရင်း..
မျက်ရည်တွေလဲ. ကျလို့ ကျ.....
လွမ်းလိုက်တာ . ဗျာ

mgngal on January 13, 2009 at 12:39 PM said...

အကြိုက်ဆုံးကဗျာတစ်ပုဒ်ပါ အစ်ကို ။ ဖတ်ရတာ နင့်နင့်နဲနဲ
ရှိလိုက်တာဗျာ။

Ogre on February 11, 2009 at 12:20 AM said...

ကဗျာလေးက တော်တော်ကောင်းတယ် ..

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template