Sunday, January 25, 2009

အပြာရောင်နေ့ရက်များနဲ့ အစိမ်းရောင်မိန်းကလေး


ဒီနေ့ ၂၆ ၊ ဇန်န၀ါရီလ ၊ ၂၀၀၉ ၇က်နေ့မှာ ကျရောက်တဲ့ မလွမ်းသုရင် လို့ ခေါ်တဲ့ မGreenGirl ရဲ့ မွေးနေ့
အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်ပါ ...
အခြေအနေပေးတဲ့အချိန်အထိ အမလည်း ၀ါသနာပါတဲ့
စာတွေ မပြတ်ရေးနိုင်ပါစေဗျာ ...
နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေဗျာ ...
အမအတွက် အမှတ်တရ မွေးနေ့လက်ဆောင်ကဗျာလေးတစ်ပုဒ်ပါ .....


အပြာရောင်နေ့ရက်များ နဲ့ အစိမ်းရောင်မိန်းကလေး

ဒီနှစ်
၂၆ က ဆိုက်ဆိုက်မြိုက်မြိုက်
၂၆ ကို တိုက်တယ် ...
ကမ္ဘာတစ်ဝိုက် ပန်းတွေ အဆုပ်ပွင့်သွားတယ် ...

ဘယ်သူမှ မသိလိုက်ကြဘူး
လူတစ်သိုက်အတွက် အချက်မကျပေမဲ့
သူမအတွက် အမှတ်တရ ဖြစ်စေတယ် ....

ဒီနေ့
ဘာမှသာ မဟုတ်တယ်
ကမ္ဘာကသူမကို သယ်လာတာ
နေကိုတောင် ၂၆ ပတ် ပြည့်ခဲ့ပြီပဲ ....

သူမက အဓိပ္ပါယ်၂ မျိုးရှိတဲ့အရောင်နဲ့သက်ဆိုင်တဲ့
နာမည်တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားတယ် ...
နောက်ပြီး ငြိမ်းချမ်းရေး အရောင်တစ်ခုနဲ့ ဆက်နွယ်တဲ့
အမှတ်တရတွေလည်း ရှိတယ် ....

မွေးရပ်မြေကို စွန့်ထွက်
ဘ၀အညွန့်တက်ဖို့
လောကဓံ လှိုင်းချက်တွေကြား
မရပ်မနား ကူးခတ်
အင်တာနက်ပေါ်မှာလည်း စာတွေရေးဖတ်
သူငယ်ချင်းတွေနဲ့ ပျော်နေတက်ပြီ.....

မနက်နဲ့ ည ဆိုတာ အလိုလိုပြောင်းတယ်
ကမ္ဘာကြီးကလည်း နည်းနည်းစောင်းတယ်
အချိန်ဆိုတဲ့ ယန္တရားကြီးကလည်း မှန်မှန်မောင်းတယ်
ဒီနေ့ သူမဆီမှာလည်း ဂဏန်းတစ်ခုက ဟောင်းသွားခဲ့ပြီ ....

မနက်ဖြန်တိုင်းအတွက် အားသစ်လောင်း
ဘ၀ကို မှန်မှန်ထိန်းကျောင်းရင်း
မိဘရဲ့မေတ္တာတွေနဲ့ ပေါင်း
ခြေလှမ်းတိုင်း သာယာမှုတွေ ခညောင်းပါစေ ....

နေခြည်ဖျန်းတဲ့ အနာဂတ်
ရွှေရည်သန်းတဲ့ လက်တွေနဲ့
ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်ရင်း
အပြာရောင်နေ့စွဲတွေကြားမှာ
အစိမ်းရောင် မင်းသမီးတစ်ပါး
( နောင်နှစ်ပေါင်းအဆက်ဆက် အထိ )
လောကကြီးအတွက် အားဖြစ်ပါစေ ....


ဖြိုးငယ်

7 comments:

GreenGirl on January 25, 2009 at 10:39 AM said...

အမှတ်တရ ထာဝရပါမောင်လေး... တို့တတွေ ထာဝရမောင်နှမတွေပါး)

ဆောင်းယွန်းလ on January 25, 2009 at 11:02 AM said...

မွေးနေ့ရှင်ကြိုက်မကြိုက်တော့မသိ..
အကိုတော့ဒီကဗျာကိုအတိအကျခိုက်တယ်ညီရေ့

khin oo may on January 25, 2009 at 5:33 PM said...

့happy birthday ပါ greengrilေ၇..

သုံးခါရှိပြီနော်. ဆုတောင်းပေးနေတယ။်

ကိုရင်ညိန်း on January 25, 2009 at 5:36 PM said...

ကျုပ်ကတော့ ဒုတိယ အကြိမ်းမြောက် ဆုတောင်းပေးခြင်းပဲ (မkom ထက် နည်းနေသေးတယ် မရဘူး နောက်တစ်ခေါက်ထပ်တောင်းဦးမှ :P ) ။ ကျုပ်မွေးနေ့ကျရင်တော့ ကဗျာလောက်နဲ့ မရဘူးမောင်
အဟေးဟေး :D

Anonymous said...

Happy Birthday အစိမ်းရောင် အစ်မရေ့ မွေးနေ့မှာပျော်ပါစေ ။

Anonymous said...

နေခြည်ဖျန်းတဲ့ အနာဂတ်
ရွှေရည်သန်းတဲ့ လက်တွေနဲ့
ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်ရင်း..
စာသားလေးကို ကြိုက်တယ်ဗျာ။
ကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ်။

ဝှိုက်ဝှိုက် on January 25, 2009 at 10:08 PM said...

မွေးနေ့အမှတ်တရကဗျာလေးကောင်းတယ်
မGreenGirl မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template