Sunday, April 6, 2008

ငါရောက်သွားတဲ့ အသဲကွဲသူများမြို့တော်


အရိပ်ဟပ်တဲ့အချစ်
အစစ်မှတ်လို့ခုန်ဖမ်း
ယုံတမ်းပုံပြင်တွေပဲရ
အဲဒီညတွေခြောက်ခြား
ငါရောက်သွားတဲ့နေရာက အသဲကွဲသူများမြို့တော်....


အဲဒီနေရာမှာသံယောဇဉ်ကိုကြိုးတုပ်
အသဲကွဲယစ်ထုပ်ကြီးတွေပဲရှိတယ်
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ဖို့လည်း
သူတို့ရဲ့အသည်းတွေက အကျိုးနဲ့အစုတ်
ကျိုးပြတ်နေတဲ့အရုပ်တွေလို ခွေယိုင်
အခြေမခိုင် ယိုင်လဲ
မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကြ
မိုးမင်းကတောင် သနားရတယ်.....


သာယာလှပ အပြာရောင်ညတွေမသိဘူး
ပန်းနုရောင်ကိုသူတို့မုန်းတယ်
အပြုံးဆိုတာ မတွေ့ရဘူး
မုန်းလိုက်တဲ့သူတွေကိုတမ်းတ
အသဲကွဲသီချင်းတွေပဲ သူတို့ရတယ်....


စိတ္တဇည နဲ့
အိပ်မက်လှလှ မရှိတဲ့ဘ၀မို့
အဆိပ်တက် နေ့ရက်တွေဖြတ်သန်း
မှတ်တမ်းရာဇ၀င် တစ်ဝက်နဲ့
အသဲကွဲမြို့က ထွက်ဖို့
သက်ဆိုင်သူရဲ့ အနမ်းတစ်ချက်လိုပါတယ်……


အဲဒီမြို့က ပြန်အထွက်
ကျန်ရစ်သူတွေကိုနှုတ်ဆက်
သူတို့လွတ်မဲ့ရက်ကို
ဟိုကမ်းတဘက်က ကြည့်နေမယ်……




ဖြိုးငယ်


3 comments:

ein on April 6, 2008 at 3:33 AM said...

ရောက်သွားတဲ့နေရာကနေ ပြန်ထွက်လာလိုက်လေကွာ သယ်ရင်းကလဲ...ဟိုကမ်းတဘက်ဆိုတာ ခုရောက်နေတဲ့ကမ်းကိုပြောတာလားအတိဘူးနော် ....း)

ရိုးမြင့်အောင် on April 6, 2008 at 2:08 PM said...

အသဲကွဲသူများ မြို့တော့ကိုရောက်နေတာလားကွ.. အဲဒီမှာ တို့သယ်ချင်းကဗျာဆရာတွေရော တွေ့လား.. မြန်မြန်ပြန်လာပါလို့ ပြောပေးပါကွာ..း)

Soe Mya Nandar Thet Lwin (Borros Roxo) on April 10, 2008 at 1:06 PM said...

Lovely Lyric and right words u put it in..,

Simply Splendid!!!

Weldone.,

Soe Mya Nandar Thet Lwin

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template